Skip to main content
Ads Block




Unicode Version 

ဖားစည်မြေက တက်နေဝင်းရုပ်ရှင်ရုံ တင်ဒါအရှုပ်အထွေးနဲ့ကရင်အစိုးရရဲ့ပွင့်လင်းမြင်သာမှုကိစ္စ
ကရင်ပြည်နယ် ဘားအံမြို့ပေါ်က တက်နေဝင်း ရုပ်ရှင်ရုံကို အစိုးရအဖွဲ့က တင်ဒါခေါ်လိုက်တဲ့ကိစ္စမှာ လက်ရှိလုပ်ကိုင်နေသူတွေနဲ့မူလပိုင်ရှင်လို့ဆိုသူတွေကြားမှာ အရှုပ်အထွေးအချို့ဖြစ်ပေါ်လာပါတယ်။ ပြည်နယ်အစိုးရရဲ့တင်ဒါခေါ်ယူမှု ပုံစံဟာ လက်ရှိလုပ်ကိုင်နေသူတွေကို အခက်တွေ့စေပြီး အောက်တိုဘာလကုန်တာနဲ့ရုပ်ရှင်ရုံဝင်းထဲကနေ အပြီးထွက်သွားရမယ်လို့ယတိပြတ်ကြေညာထားမှုတွေနဲ့အတူ လူထုကြားမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့ တင်ဒါစနစ်အဖြစ် နာမည်ထွက်လာပါတယ်။ အထူးသဖြင့် လက်သိပ်ထိုးပြီး တင်ဒါပေးချင်တာကြောင့် ပေးချင်သူတွေ ရသွားအောင် တင်ဒါဘောင်ထဲကနေ ကစားသွားတယ်လို့ပြည်သူတွေက သံသယရှိနေတာပါ။ အသေးစိတ်ကို နားဆင်ကြည့်နိုင်ပါပြီ။

ရိုက်ကူးတည်းဖြတ်တင်ဆက် - ကျော်မျိုးမင်း

 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။