Skip to main content
Ads Block

မြန်မာနိုင်ငံနယ်စပ်မှ တရားမဝင်ရွှေဝယ်ယူမှုအများဆုံးနိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ဟု ဆို 

မြန်မာနိုင်ငံနယ်စပ်မှ တရားမဝင်ရွှေဝယ်ယူမှုအများဆုံးနိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံနယ်စပ်မှ တရားမဝင်ရွှေဝယ်ယူမှုများရှိနေကြောင်းသတင်းများထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး အကုန်သိသတင်းဌာန၏မေးမြန်းမှုအပေါ် ယခုကဲ့သို့ဖြေကြားခြင်းဖြစ်သည်။

“အများဆုံးကတော့ အိန္ဒိယနိုင်ငံဘက်ကဝယ်တာပါ။ ကျန်တဲ့နေရာကတော့မဟုတ်ပါဘူး။ ထိန်းချုပ်မှုအပိုင်းကျတော့ ရန်ကုန်ကကိုယ့်အသင်းသားကိုပဲ ဝယ်ရောင်းလုပ်ငန်းမှာ ထိန်းလို့ရမယ်။ နယ်ကုန်သည်ကျတော့ထိန်းလို့မရနိုင်ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

လက်ရှိတွင် ဂျပန်နိုင်ငံမှ တရားဝင်ရွှေဝယ်ယူမှုများရှိနေပြီး ဂျပန်နိုင်ငံသို့ လက်ဝတ်ရတနာ ၃ ကြိမ်၊ ရွှေစင်၊ရွှေခဲ ၂ ကြိမ် ပို့ဆောင်ခဲ့ကာ ယင်းကဲ့သို့ဝယ်ယူရန် ပြည်ပနိုင်ငံများမှကမ်းလှမ်းမှုများရှိသော်လည်း ရောင်းချနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

နိုင်ငံတော်သမ္မတရုံးမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကိုဖွဲ့စည်းကာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအညွှန်းကိန်းများအပေါ်အခြေခံပြီး လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ၊ အထူးလုပ်ငန်းအဖွဲ့များဖွဲ့စည်းရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးမဟာဗျူဟာရေးဆွဲနိုင်ရေး ဆောင်ရွက်နေကြောင်း ဒုသမ္မတ ၁ ဦးမြင့်ဆွေက ပြောကြားထားသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

မန္မာႏုိင္ငံနယ္စပ္မွ တရားမ၀င္ေရႊ၀ယ္ယူမႈအမ်ားဆုံးႏုိင္ငံမွာ အိႏၵိယႏုိင္ငံျဖစ္ဟု ဆို

ျမန္မာႏုိင္ငံနယ္စပ္မွ တရားမ၀င္ေရႊ၀ယ္ယူမႈအမ်ားဆုံးႏုိင္ငံမွာ အိႏၵိယႏုိင္ငံျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးေရႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ဳိးျမင့္ကေျပာသည္။

လက္ရွိတြင္ ျမန္မာႏုိင္ငံနယ္စပ္မွ တရားမ၀င္ေရႊ၀ယ္ယူမႈမ်ားရွိေနေၾကာင္းသတင္းမ်ားထြက္ေပၚေနျခင္းႏွင့္ ပတ္သက္ၿပီး အကုန္သိသတင္းဌာန၏ေမးျမန္းမႈအေပၚ ယခုကဲ့သုိ႔ေျဖၾကားျခင္းျဖစ္သည္။

“အမ်ားဆုံးကေတာ့ အိႏၵိယႏုိင္ငံဘက္က၀ယ္တာပါ။ က်န္တဲ့ေနရာကေတာ့မဟုတ္ပါဘူး။ ထိန္းခ်ဳပ္မႈအပုိင္းက်ေတာ့ ရန္ကုန္ကကုိယ့္အသင္းသားကုိပဲ ၀ယ္ေရာင္းလုပ္ငန္းမွာ ထိန္းလုိ႔ရမယ္။ နယ္ကုန္သည္က်ေတာ့ထိန္းလုိ႔မရႏုိင္ဘူး” ဟု ရန္ကုန္တိုင္းေဒသႀကီးေရႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ဳိးျမင့္က ေျပာသည္။

လက္ရွိတြင္ ဂ်ပန္ႏုိင္ငံမွ တရား၀င္ေရႊ၀ယ္ယူမႈမ်ားရွိေနၿပီး ဂ်ပန္ႏုိင္ငံသုိ႔ လက္၀တ္ရတနာ ၃ ႀကိမ္၊ ေရႊစင္၊ေရႊခဲ ၂ ႀကိမ္ ပုိ႔ေဆာင္ခဲ့ကာ ယင္းကဲ့သုိ႔၀ယ္ယူရန္ ျပည္ပႏုိင္ငံမ်ားမွကမ္းလွမ္းမႈမ်ားရွိေသာ္လည္း ေရာင္းခ်ႏုိင္ျခင္း မရွိေသးေၾကာင္းသိရသည္။

ႏုိင္ငံေတာ္သမၼတရုံးမွ တရားမ၀င္ကုန္သြယ္မႈတုိက္ဖ်က္ေရးဦးေဆာင္ေကာ္မတီကုိဖြဲ႔စည္းကာ တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရးအညႊန္းကိန္းမ်ားအေပၚအေျခခံၿပီး လုပ္ငန္းေကာ္မတီမ်ား၊ ဆပ္ေကာ္မတီမ်ား၊ အထူးလုပ္ငန္းအဖြဲ႕မ်ားဖြဲ႕စည္းေရးႏွင့္ တရားမဝင္ကုန္သြယ္မွုတိုက္ဖ်က္ေရးမဟာဗ်ဴဟာေရးဆြဲနိုင္ေရး ေဆာင္ရြက္ေနေၾကာင္း ဒုသမၼတ ၁ ဦးျမင့္ေဆြက ေျပာၾကားထားသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။