Skip to main content
ပင်လယ်ငါးအဝင်များမှုကြောင့် မွေးမြူရေးငါးများဈေးနှုန်းကျဆင်း
Ads Block

ပင်လယ်ငါးအဝင်များမှုကြောင့် မွေးမြူရေးငါးများဈေးနှုန်းကျဆင်း

ပင်လယ်ငါးဖမ်းရာသီရောက်ရှိလာပြီးနောက် ပင်လယ်ငါးများအဝင်များနေ၍ မွေးမြူရေးငါးများ ဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။

လက်ရှိ ပြည်တွင်းငါးဈေးကွက်အခြေအနေနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနေစိုး ပြောပြချက်အရ သိရခြင်းဖြစ်သည်။

“အခုကပင်လယ်ငါးဖမ်းရာသီပြန်ဖွင့်လိုက်ပြီဖြစ်တဲ့အတွက် ပင်လယ်ငါးကိုဦးစားပေးပြီးစားကြတယ်။ ဈေးထဲမှာရော၊ ဈေးကွက်ထဲမှာရော မေးလိုက်ရင်ပင်လယ်ငါးအဝယ်များတယ်။ စားတာများတယ်ဆိုတာမျိုးလေးတွေတွေ့ရတယ်။ အဲ့ဒါကြောင့် စံပြငါးဈေးတွေအနေနဲ့ အရင် ၃ လ ပိတ်ထားတာထက်စာရင် အခုကမွေးမြူရေးငါတွေက ၂၀၀ ၊ ၃၀၀ လောက်ကျသွားတယ်။ နောက်အဝယ်ကလည်း ပင်လယ်ငါးပဲဦးစားပေးတယ်။ မွေးမြူရေးငါးကိုသိပ်ဦးစားမပေးတော့တဲ့ ပုံစံမျိုးပေါ့”ဟု ဦးနေစိုးကပြောသည်။

အဆိုပါ ပင်လယ်ငါးမဖမ်းရရာသီကိုဇွန်၊ ဇူလိုင်၊ သြဂုတ်လများအဖြစ်သတ်မှတ်ခဲ့ကာစက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီးပြန်လည်ငါးဖမ်းဆီခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလများမှာ အင်းအိုင်ငါးဖမ်းရာသီဖြစ်သည့်အတွက် အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် ငါးဈေးကွက်အတွင်း ပင်လယ်ငါး၊ ရေချိုငါး၊ မွေးမြူရေးငါးစသည့်ငါး ၃ မျိုးလုံးစုံစုံညီညီဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

ပင္လယ္ငါးအ၀င္မ်ားမႈေၾကာင့္ ေမြးျမဴေရးငါးမ်ားေစ်းႏႈန္းက်ဆင္း

ပင္လယ္ငါးဖမ္းရာသီေရာက္ရွိလာၿပီးေနာက္ ပင္လယ္ငါးမ်ားအ၀င္မ်ားေန၍ ေမြးျမဴေရးငါးမ်ား ေစ်းႏႈန္းက်ဆင္းေနေၾကာင္း သိရသည္။

လက္ရွိ ျပည္တြင္းငါးေစ်းကြက္အေျခအေနႏွင့္ပတ္သက္ၿပီး ျမန္မာႏုိင္ငံငါးေမြးျမဴေရးလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးေနစုိး ေျပာျပခ်က္အရ သိရျခင္းျဖစ္သည္။

“အခုကပင္လယ္ငါးဖမ္းရာသီျပန္ဖြင့္လုိက္ၿပီျဖစ္တဲ့အတြက္ ပင္လယ္ငါးကုိဦးစားေပးၿပီးစားၾကတယ္။ ေစ်းထဲမွာေရာ၊ ေစ်းကြက္ထဲမွာေရာ ေမးလုိက္ရင္ပင္လယ္ငါးအ၀ယ္မ်ားတယ္။ စားတာမ်ားတယ္ဆုိတာမ်ဳိးေလးေတြေတြ႔ရတယ္။ အဲ့ဒါေၾကာင့္ စံျပငါးေစ်းေတြအေနနဲ႔ အရင္ ၃ လ ပိတ္ထားတာထက္စာရင္ အခုကေမြးျမဴေရးငါေတြက ၂၀၀ ၊ ၃၀၀ ေလာက္က်သြားတယ္။ ေနာက္အ၀ယ္ကလည္း ပင္လယ္ငါးပဲဦးစားေပးတယ္။ ေမြးျမဴေရးငါးကုိသိပ္ဦးစားမေပးေတာ့တဲ့ ပုံစံမ်ဳိးေပါ့”ဟု ဦးေနစုိးကေျပာသည္။

အဆုိပါ ပင္လယ္ငါးမဖမ္းရရာသီကုိဇြန္၊ ဇူလုိင္၊ ၾသဂုတ္လမ်ားအျဖစ္သတ္မွတ္ခဲ့ကာစက္တင္ဘာလ ၁ ရက္ေန႔မွစတင္ၿပီးျပန္လည္ငါးဖမ္းဆီခြင့္ေပးခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ သီတင္းကြ်တ္၊ တန္ေဆာင္မုန္းကာလမ်ားမွာ အင္းအုိင္ငါးဖမ္းရာသီျဖစ္သည့္အတြက္ ေအာက္တုိဘာလႏွင့္ႏုိ၀င္ဘာလမ်ားတြင္ ငါးေစ်းကြက္အတြင္း ပင္လယ္ငါး၊ ေရခ်ဳိငါး၊ ေမြးျမဴေရးငါးစသည့္ငါး ၃ မ်ဳိးလုံးစုံစုံညီညီ၀င္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။