Skip to main content
ငါးမွေးကန်အတွင်း မည်သည့်အဆောက်ဦမှမဆောက်ရဟု ငါးမွေးလိုင်စင်တွင်ထည့်သွင်းပေးရန် လိုအပ်နေ
Ads Block

ငါးမွေးကန်အတွင်း မည်သည့်အဆောက်ဦမှမဆောက်ရဟု ငါးမွေးလိုင်စင်တွင်ထည့်သွင်းပေးရန် လိုအပ်နေ

ကြက်၊ ငါးတွဲမွေးမှုများပပျောက်ရန် ငါးမွေးလိုင်စင်ထုတ်ပေးရာ၌ ငါးမွေးကန်အတွင်း မည်သည့်အဆောက်ဦးမှ မဆောက်ရဟု ထည့်သွင်းပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ အောက်တိုဘာလ ၂၂ ရက်ကကျင်းပသော အပတ်စဉ်ပုံမှန်အစည်းအဝေးတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

“ငါးမွေးလိုင်စင်ထဲမှာမည်သည့်အဆောက်အဦးမှ ငါးကန်ပေါ်မှာမဆောက်ရဆိုတဲ့ ဒါကိုထည့်ပေးရမယ်လို့ ထင်ပါတယ်။ ကြက်နဲ့ငါးတွဲမွေးမှုပြဿနာအတွက် ဥပဒေတစ်ခုကို သီးသန့်ပြဋ္ဌာန်းဖို့မလိုပါဘူး။ ငါးမွေးလိုင်စင်တစ်ခုပေးလိုက်ရင် ဒီဟာထည့်ဖို့ပဲလိုတာပါ။ ဒီလိုတွဲမွေးတဲ့ စနစ်ဟာ ကိုယ့်နိုင်ငံရဲ့စီးပွားရေးကိုလည်းများစွာထိခိုက်နိုင်တဲ့အတွက် ဒီစနစ်ကိုကျွန်မတို့အနေနဲ့ လုံးဝတိုက်ဖျက်ရမှာ” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောသည်။

ငါးနှင့်ကြက်တွဲမွေးသည့်စနစ်ကို ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်မဟုတ်ဟု နိုင်ငံတကာမှ သတ်မှတ်ထားကြောင်းသိရှိရပြီး အဆိုပါစနစ်ဖြင့် မွေးမြူခဲ့သောငါးများကိုစားသုံးမိပါက ကင်ဆာရောဂါဖြစ်နိုင်ခြေများကြောင်း ဆရာဝန်အများစှကလည်း သုံးသပ်ပြောကြားထားသည်။

တရုတ်နိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစတင်ကာယင်းစနစ်ကိုတားမြစ်ပိတ်ပင်ကြောင်း တရုတ်အစိုးရမှ တရားဝင်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။


ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

ငါးေမြးကန္အတြင္း မည္သည့္အေဆာက္ဦမွမေဆာက္ရဟု ငါးေမြးလုိင္စင္တြင္ထည့္သြင္းေပးရန္ လုိအပ္ေန

ၾကက္၊ ငါးတြဲေမြးမႈမ်ားပေပ်ာက္ရန္ ငါးေမြးလုိင္စင္ထုတ္ေပးရာ၌ ငါးေမြးကန္အတြင္း မည္သည့္အေဆာက္ဦးမွ မေဆာက္ရဟု ထည့္သြင္းေပးရန္လုိအပ္ေၾကာင္း ျမန္မာႏုိင္ငံ ငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္မွ အႀကီးတန္းဒုဥကၠ႒ ေဒၚတုိးနႏၵာတင္က ေျပာသည္။

ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္၌ ေအာက္တုိဘာလ ၂၂ ရက္ကက်င္းပေသာ အပတ္စဥ္ပုံမွန္အစည္းအေ၀းတြင္ ယင္းကဲ့သုိ႔ေျပာျခင္းျဖစ္သည္။

“ငါးေမြးလုိင္စင္ထဲမွာမည္သည့္အေဆာက္အဦးမွ ငါးကန္ေပၚမွာမေဆာက္ရဆုိတဲ့ ဒါကုိထည့္ေပးရမယ္လုိ႔ ထင္ပါတယ္။ ၾကက္နဲ႔ငါးတြဲေမြးမႈျပႆနာအတြက္ ဥပေဒတစ္ခုကုိ သီးသန္႔ျပ႒ာန္းဖုိ႔မလုိပါဘူး။ ငါးေမြးလုိင္စင္တစ္ခုေပးလုိက္ရင္ ဒီဟာထည့္ဖုိ႔ပဲလုိတာပါ။ ဒီလုိတြဲေမြးတဲ့ စနစ္ဟာ ကုိယ့္ႏုိင္ငံရဲ႕စီးပြားေရးကုိလည္းမ်ားစြာထိခုိက္ႏုိင္တဲ့အတြက္ ဒီစနစ္ကုိကြ်န္မတုိ႔အေနနဲ႔ လုံး၀တုိက္ဖ်က္ရမွာ” ဟု ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္မွ အႀကီးတန္းဒုဥကၠ႒ ေဒၚတုိးနႏၵာတင္က ေျပာသည္။

ငါးႏွင့္ၾကက္တြဲေမြးသည့္စနစ္ကုိ ေကာင္းမြန္ေသာေမြးျမဴေရးက်င့္စဥ္မဟုတ္ဟု ႏုိင္ငံတကာမွ သတ္မွတ္ထားေၾကာင္းသိရွိရၿပီး အဆုိပါစနစ္ျဖင့္ ေမြးျမဴခဲ့ေသာငါးမ်ားကုိစားသုံးမိပါက ကင္ဆာေရာဂါျဖစ္ႏုိင္ေျခမ်ားေၾကာင္း ဆရာ၀န္အမ်ားစွကလည္း သုံးသပ္ေျပာၾကားထားသည္။

တရုတ္ႏုိင္ငံတြင္ ၂၀၁၀ ခုႏွစ္မွစတင္ကာယင္းစနစ္ကုိတားျမစ္ပိတ္ပင္ေၾကာင္း တရုတ္အစုိးရမွ တရား၀င္ထုတ္ျပန္ခဲ့သည္ဟု သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။