Unicode Version
အောက်တိုဘာ ၂၇ ရက်နေ့မ ှစတင်ကာ ယာဉ်လမ်းကြောင်း ၁၄ ခု ပြောင်းလဲပြေးဆွဲမည်
မြန်မာကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားဒုတိယပိုင်းတည်ဆောက်မှု လုပ်ဆောင်မှာဖြစ်တဲ့အတွက် ဘုန်းကြီးလမ်းဘက်ကိုပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေအနေနဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေစတင်ပြီးတော့ ယာဉ်လမ်းကြောင်းပြောင်းလဲပြေးဆွဲသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး လမ်းကြောင်းပြောင်းလဲပြေးဆွဲသွားမယ့် ယာဉ်လိုင်းတွေ ကတော့
- YBPC Co.,Ltd မှ ပြေးဆွဲပေးနေသည့် YBS ၃၇ ထောက်ကြံ့/ဝါယာလက်
- ဥက္ကံအထိပြေးဆွဲနေတဲ့ YBS ၃၇ ၊ လှည်းကူးဘက်ကိုပြေးဆွဲနေတဲ့ YBS ၃၇ -
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြေးဆွဲနေတဲ့ Omeni Focus ယာဉ်လိုင်း
- လူထုမိတ်ဆွေ ကုမ္ပဏီမှ ပြေးဆွဲပေးနေတဲ့ YBS ၇၈ ၊ ၉၄၊ ၉၇
- ခေတ်သစ်ဘုရင့် နောင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမီတက်မှပြေးဆွဲပေးနေတဲ့ YBS ၂၁ ယာဉ်လိုင်းများ
- Power Eleven Public ကုမ္ပဏီပိုင် YBS ၂၁ နဲ့ ၃၉ ယာဉ်လိုင်းများအပါအဝင်
- RCBT Public ကုမ္ပဏီမှ ပြေးဆွဲပေးနေတဲ့ YBS ၇၇ တို့ဖြစ်တယ်လို့ သိရပါတယ်။
ရိုက်ကူး /တည်းဖြတ် - ရဲဇော်ထိုက် တင်ဆက်- သိမ့်အေးချမ်း