Skip to main content
Ads Block




ပြီးခဲ့တဲ့ ရက်ပိုင်းက နယ်စပ်ကုန်သွယ်ရေး မှာ ထိုင်းဘတ်ငွေနဲ့ မြန်မာငွေကျပ်ငွေ အသုံးပြုနိုင်ရေး အတွက် ထိုင်းဗဟိုဘဏ်နဲ့ မြန်မာဗဟိုဘဏ်တို့အကြားနားလည်မူ့ စာချွန်လွာ MOU လက်မှတ်ရေးထိုးပြီးမြောက်ခဲ့ တဲ့အတွက်ကြောင့် ကုန်သည်တွေအနေနဲ့ ပိုမိုအဆင်ပြေလွယ်ကူသွားနိုင်ပါတယ်လို့ Mother World Company.Lemited မှ Managing.Director ဦးစိုင်းထွန်းဝေ က အခုလိုပြောဆိုပါတယ်။








Unicode Version

ထိုင်းဘတ်ငွေနဲ့ မြန်မာငွေကျပ်ငွေအသုံးပြုနိုင်ရေး လက်မှတ်ရေးထိုးပြီးမြောက်

ပြီးခဲ့တဲ့ ရက်ပိုင်းက နယ်စပ်ကုန်သွယ်ရေး မှာ ထိုင်းဘတ်ငွေနဲ့ မြန်မာငွေကျပ်ငွေ အသုံးပြုနိုင်ရေး အတွက် ထိုင်းဗဟိုဘဏ်နဲ့ မြန်မာဗဟိုဘဏ်တို့အကြားနားလည်မူ့ စာချွန်လွာ MOU လက်မှတ်ရေးထိုးပြီးမြောက်ခဲ့ တဲ့အတွက်ကြောင့် ကုန်သည်တွေအနေနဲ့ ပိုမိုအဆင်ပြေလွယ်ကူသွားနိုင်ပါတယ်လို့ Mother World Company.Lemited မှ Managing.Director ဦးစိုင်းထွန်းေ၀ က အခုလိုပြောဆိုပါတယ်။


လက်ရှိ MoU လက်မှတ်ရေးထိုးတဲ့အဆင့်သာရှိသေးပေမဲ့လည်း ထိုင်းဘက်ကဘဏ်အဖွဲ့စည်းတွေနဲ့မြန်မာ
ဘက်ကဘဏ်အဖွဲ့စည်းတွေအချင်းချင်း တွေ့ဆုံပြီးတော့ ထိုင်းဘဏ်ကဘီလီယံဘယ်လောက် မြန်မာဘဏ်က ဘီလီယံဘယ်လောက် အာမခံထားရမလဲ ဘဏ်အချင်း
ချင်းချိတ်ဆက်ပြီးတော့မှ လုပ်ငန်းစီမံကိန်းတွေကို လာမယ့် ဒီဇင်ဘာလနဲ့ ၂၀၂၀ လောက်မှာ
လုပ်ငန်းစတင်နိုင်လိမ့်မယ်လို့ ၎င်း ကဆက်လက်ပြောဆိုသွားခဲ့ပါတယ်။


အခုလိုမျိုး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာရေးထိုးနိုင်ခဲ့တဲ့အတွက် ကုန်သည်တွေအနေနဲ့ ငွေပေးချေမှုပြု လုပ်တဲ့နေရာမှာ အဆင်ပြေလွယ်ကူလာနိုင်တယ်လို့ ကုန်သည်တွေက ပြောဆိုထားပါတယ်။


ရိုက်ကူး - ကိုကိုကြီး(မြဝတီ)      တည်းဖြတ်  -   ရဲဇော်ထိုက်     တင်ဆက် - သိမ့်အေးချမ်း


 

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။