Skip to main content
်ါဘဘိ်ါဘ
Ads Block

ဒလတံတားစီမံကိန္းႏွင့္မလြတ္ကင္းသည့္ YBS ယာဥ္လိုင္းမ်ားေအာက္တုိဘာလ ၂၇ ရက္မွစတင္ၿပီး လမ္းေၾကာင္းေျပာင္းလဲေျပးဆြဲမည္

ဒလတံတားစီမံကိန္းႏွင့္မလြတ္ကင္းသည့္အတြက္ သရက္ေတာမွတ္တုိင္ႏွင့္ စံျပမွတ္တုိင္မ်ား ေပ်ာက္သြားမည္ျဖစ္ကာ YBS ယာဥ္မ်ားလမ္းေၾကာင္းေျပာင္းလဲေျပးဆြဲရမည္ျဖစ္ေၾကာင္း YRTA မွ အတြင္းေရးမွဴး ဦးလွေအာင္က ေျပာသည္။

ရန္ကုန္တုိင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏပိုင္အဖြဲ႔ ရုံးခ်ဳပ္တြင္ ေအာက္တုိဘာ ၂၃ ရက္က က်င္းပသည့္သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“စီမံကိန္းကစေတာ့မွာျဖစ္တဲ့အတြက္ ဒီလမ္းေၾကာင္းမွာေအာက္တုိဘာလ ၂၆ ရက္ညေနအထိသာ ေျပးဆြဲရေတာ့မွာျဖစ္ပါတယ္။ ေအာက္တုိဘာလ ၂၇ရက္၊ မနက္ကစၿပီး လမ္းေၾကာင္းေျပာင္းလဲ ေျပးဆြဲရမွာျဖစ္ပါတယ္။ သရက္ေတာမွတ္တုိင္နဲ႔ စံျပမွတ္တုိင္ေတြကေပ်ာက္သြားမွာပါ” ဟု YRTA မွ အတြင္းေရးမွဴး ဦးလွေအာင္က ေျပာသည္။

ထိုသုိ႔ေျပာင္းလဲျခင္းမွာ ခရီးသြားျပည္သူလူထု၏ထိခုိက္မႈအနည္းဆံုးျဖစ္ေရးခရီးလမ္းေၾကာင္းမ်ား အတတ္ႏုိင္ဆံုးေခ်ာေမြ႔ေရးႏွင့္ ယာဥ္ေၾကာၾကပ္တည္းမႈတုိ႔ကိုစဥ္းစားၿပီးစီစဥ္ေဆာင္ရြက္ထားေၾကာင္း ၎ကေျပာသည္။

“ လမ္းမေတာ္တစ္ေပါက္တည္းကထြက္ရတဲ့အတြက္ အဲဒီမွာအခက္အခဲျဖစ္ႏုိင္ပါတယ္။ ေလ့လာပါမယ္။  ျပင္ဆင္ႏုိင္တဲ့အတုိင္းအတာျဖစ္ေအာင္ ေဆာင္ရြက္ပါမယ္” ဟု ဦးလွေအာင္က ဆက္လက္ေျပာသည္။

ဘုန္းႀကီးလမ္းသို႔ ေျပးဆြဲေနသည့္ ၃၇၊ ၇၈၊ ၉၄၊ ၉၇၊ ၂၁၊၃၉၊ႏွင့္ ၇၇ ယာဥ္လုိင္းမ်ားအေနျဖင့္ အလာလမ္း အေျပာင္းအလဲမရွိေသာ္လည္း ျပန္လည္ထြက္ခြာရာတြင္ လမ္းမေတာ္မွ ျပန္လည္ထြက္ခြာရမည့္ လမ္းေၾကာင္းျဖင့္ ေျပာင္းလဲေျပးဆြဲရေတာ့မည္ျဖစ္ေၾကာင္းသိရသည္။

ကိုးရီးယားျမန္မာခ်စ္ၾကည္ေရးအေနျဖင့္ တည္ေဆာက္မည့္ ဒလတံတားစီမံကိန္းဒုတိယပိုင္းကို ေအာက္တုိဘာလ ၂၇ ရက္တြင္စတင္မည္ျဖစ္ေၾကာင္းသိရသည္။

 

 

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version 

ဒလတံတားစီမံကိန်းနှင့်မလွတ်ကင်းသည့် YBS ယာဉ်လိုင်းများအောက်တိုဘာလ ၂၇ ရက်မှစတင်ပြီး လမ်းကြောင်းပြောင်းလဲပြေးဆွဲမည်

ဒလတံတားစီမံကိန်းနှင့်မလွတ်ကင်းသည့်အတွက် သရက်တောမှတ်တိုင်နှင့် စံပြမှတ်တိုင်များ ပျောက်သွားမည်ဖြစ်ကာ YBS ယာဉ်များလမ်းကြောင်းပြောင်းလဲပြေးဆွဲရမည်ဖြစ်ကြောင်း YRTA မှ အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏပိုင်အဖွဲ့ ရုံးချုပ်တွင် အောက်တိုဘာ ၂၃ ရက်က ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“စီမံကိန်းကစတော့မှာဖြစ်တဲ့အတွက် ဒီလမ်းကြောင်းမှာအောက်တိုဘာလ ၂၆ ရက်ညနေအထိသာ ပြေးဆွဲရတော့မှာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၇ရက်၊ မနက်ကစပြီး လမ်းကြောင်းပြောင်းလဲ ပြေးဆွဲရမှာဖြစ်ပါတယ်။ သရက်တောမှတ်တိုင်နဲ့ စံပြမှတ်တိုင်တွေကပျောက်သွားမှာပါ” ဟု YRTA မှ အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ထိုသို့ပြောင်းလဲခြင်းမှာ ခရီးသွားပြည်သူလူထု၏ထိခိုက်မှုအနည်းဆုံးဖြစ်ရေးခရီးလမ်းကြောင်းများ အတတ်နိုင်ဆုံးချောမွေ့ရေးနှင့် ယာဉ်ကြောကြပ်တည်းမှုတို့ကိုစဉ်းစားပြီးစီစဉ်ဆောင်ရွက်ထားကြောင်း ၎င်းကပြောသည်။

“ လမ်းမတော်တစ်ပေါက်တည်းကထွက်ရတဲ့အတွက် အဲဒီမှာအခက်အခဲဖြစ်နိုင်ပါတယ်။ လေ့လာပါမယ်။  ပြင်ဆင်နိုင်တဲ့အတိုင်းအတာဖြစ်အောင် ဆောင်ရွက်ပါမယ်” ဟု ဦးလှအောင်က ဆက်လက်ပြောသည်။

ဘုန်းကြီးလမ်းသို့ ပြေးဆွဲနေသည့် ၃၇၊ ၇၈၊ ၉၄၊ ၉၇၊ ၂၁၊၃၉၊နှင့် ၇၇ ယာဉ်လိုင်းများအနေဖြင့် အလာလမ်း အပြောင်းအလဲမရှိသော်လည်း ပြန်လည်ထွက်ခွာရာတွင် လမ်းမတော်မှ ပြန်လည်ထွက်ခွာရမည့် လမ်းကြောင်းဖြင့် ပြောင်းလဲပြေးဆွဲရတော့မည်ဖြစ်ကြောင်းသိရသည်။

ကိုးရီးယားမြန်မာချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ဒလတံတားစီမံကိန်းဒုတိယပိုင်းကို အောက်တိုဘာလ ၂၇ ရက်တွင်စတင်မည်ဖြစ်ကြောင်းသိရသည်။

 

 ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။