Skip to main content
dhrrth
Ads Block

Yangon Water Bus ႏွင့္ပတ္သက္၍အစုိးရထံမွေထာက္ပံ့မႈမယူခဲ့ေၾကာင္း တင့္တင့္ျမန္မာကုမၸဏီဥကၠ႒ ေျပာ

Yangon Water Bus နွင့္ပတ္သက္၍ အစုိးရဆီမွ ေထာက္ပံ့မႈမယူခဲ့ေသာ္လည္း ဆိပ္ကမ္းေနရာမ်ား လိုအပ္ေၾကာင္း တင့္တင့္ျမန္မာကုပၼဏီဥကၠ႒ ေဒၚတင့္တင့္လြင္က ေတာင္းဆုိလုိက္သည္။

အကုန္သိသတင္းဌာနနွင့္သီးသန္႔ေတြ႔ဆုံေမးျမန္းရာတြင္ ယခုကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

bfddegedg

“အစ္မတုိ႔ကဒီကေန႔အခ်ိန္ထိဒီအခ်ိန္ထိ အစုိးရရဲ႕ေငြကုိတစ္ျပားမွမသုံးေသးဘူး။ ငါးျပားမွအစုိးရကေန ေထာက္ပံ့မႈမယူခဲ့ဘူး။ အစ္မတုိ႔အေနနဲ႔တစ္ခုပဲ။ အစုိးရဆီကဆိပ္ကမ္းေနရာေတြလုိတယ္။ အဲဒါကေတာ့ အစ္မတုိ႔စြမ္းေဆာင္ႏုိင္တဲ့အရာေတြမဟုတ္တဲ့အတြက္လုိတယ္။ ဆိပ္ကမ္းေနရာေတြဆုိတာ အစ္မတုိ႔ပုိင္တာ မဟုတ္ဘူး။ ပုဂၢလိကပုိင္တာလည္းမဟုတ္ဘူး။ အစုိးရပဲပုိင္တာဆုိေတာ့ အစ္မတုိ႔ကုိဆိပ္ကမ္းေနရာေတြ ေပးဖုိ႔ေတာ့လုိအပ္တယ္။ ဆိပ္ကမ္းေနရာေတြေပးဖုိ႔ အစ္မတုိ႔အေနနဲ႔တင္ထားတယ္။ ဒါေပမဲ့ အခုဆုိရင္ ၁ နွစ္နဲ႔ ၆ လရွိေနၿပီ”ဟု တင့္တင့္ျမန္မာကုပၼဏီဥကၠ႒ ေဒၚတင့္တင့္လြင္က ေျပာသည္။

gerrere

ရန္ကုန္ျမစ္ေၾကာင္းအတြင္း Water bus ေရယာဥ္မ်ားကုိေျပးဆြဲရန္ ရန္ကုန္တုိင္းေဒသႀကီးအစုိးရႏွင့္ တင့္တင္ျမန္မာကုမၸဏီတုိ႔ ၂၀၁၇ ခုနွစ္တြင္သေဘာတူညီခဲ့ၿပီးေနာက္ စတင္ေျပးဆြဲခဲ့သည္။

ယင္းေနာက္ ၂၀၁၉ ခုႏွစ္၊ ေအာက္တုိဘာလတြင္ ေရယာဥ္ေျပးဆြဲမႈမ်ားယာယီရပ္ဆုိင္းထားၿပီးအႀကီးစား အဆင့္ျမင့္တင္မႈမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

 မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

Yangon Water Bus နှင့်ပတ်သက်၍အစိုးရထံမှထောက်ပံ့မှုမယူခဲ့ကြောင်း တင့်တင့်မြန်မာကုမ္ပဏီဥက္ကဋ္ဌ ပြော

Yangon Water Bus နှင့်ပတ်သက်၍ အစိုးရဆီမှ ထောက်ပံ့မှုမယူခဲ့သော်လည်း ဆိပ်ကမ်းနေရာများ လိုအပ်ကြောင်း တင့်တင့်မြန်မာကုပ္မဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က တောင်းဆိုလိုက်သည်။

အကုန်သိသတင်းဌာနနှင့်သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ffn

“အစ်မတို့ကဒီကနေ့အချိန်ထိဒီအချိန်ထိ အစိုးရရဲ့ငွေကိုတစ်ပြားမှမသုံးသေးဘူး။ ငါးပြားမှအစိုးရကနေ ထောက်ပံ့မှုမယူခဲ့ဘူး။ အစ်မတို့အနေနဲ့တစ်ခုပဲ။ အစိုးရဆီကဆိပ်ကမ်းနေရာတွေလိုတယ်။ အဲဒါကတော့ အစ်မတို့စွမ်းဆောင်နိုင်တဲ့အရာတွေမဟုတ်တဲ့အတွက်လိုတယ်။ ဆိပ်ကမ်းနေရာတွေဆိုတာ အစ်မတို့ပိုင်တာ မဟုတ်ဘူး။ ပုဂ္ဂလိကပိုင်တာလည်းမဟုတ်ဘူး။ အစိုးရပဲပိုင်တာဆိုတော့ အစ်မတို့ကိုဆိပ်ကမ်းနေရာတွေ ပေးဖို့တော့လိုအပ်တယ်။ ဆိပ်ကမ်းနေရာတွေပေးဖို့ အစ်မတို့အနေနဲ့တင်ထားတယ်။ ဒါပေမဲ့ အခုဆိုရင် ၁ နှစ်နဲ့ ၆ လရှိနေပြီ”ဟု တင့်တင့်မြန်မာကုပ္မဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောသည်။

ရန်ကုန်မြစ်ကြောင်းအတွင်း Water bus ရေယာဉ်များကိုပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် တင့်တင်မြန်မာကုမ္ပဏီတို့ ၂၀၁၇ ခုနှစ်တွင်သဘောတူညီခဲ့ပြီးနောက် စတင်ပြေးဆွဲခဲ့သည်။

ယင်းနောက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ရေယာဉ်ပြေးဆွဲမှုများယာယီရပ်ဆိုင်းထားပြီးအကြီးစား အဆင့်မြင့်တင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

 မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။