Skip to main content
BDFDFHDH
Ads Block
FEFFFFF
GKGKGTKK
Unicode Version
ဘောလုံးတွင်ဖြစ်ပျက်တတ်သောသဘောရှိသဖြင့် အမြဲတမ်းနိုင်မည်ဟုမပြောနိုင်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ပြော
ဘောလုံးတွင် ဖြစ်ပျက်တတ်သောသဘောရှိသဖြင့် အမြဲတမ်းနိုင်မည်ဟု မပြောနိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းကပြောသည်။
ရန်ကုန်မြို့ရှိဘောလုံးအဖွဲ့ချုပ်ရုံးခန်းမတွင်ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် “ဖိလစ်ပိုင်တွင်ကျင်းပမည့် ဆီးဂိမ်းတွင် မြန်မာဘောလုံးအသင်းရလဒ်” ကိုမေးမြန်းစဉ် ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
J.JK.JK.JK.TTRTT
 “ အဲဒါနဲ့ပတ်သက်လို့ကတော့ တစ်ဖက်အုပ်စုနဲ့က ကျွန်တော်တို့နည်းနည်းလေးချောင်တယ်လို့ပြောလို့ရတယ်။ တစ်ဖက်မှာလည်းထိုင်းတို့ပေါ့။ဒါပေမဲ့လို့ချောင်တယ်ဆိုလို့ဘောလုံးက အမြဲတမ်းဖြစ်ပျက်တဲ့သဘော ရှိတယ်လေ။ အမြဲတမ်းလည်းနိုင်မယ်လို့ ကျွန်တော်တို့ကပြောလို့မရဘူး။ နောက်တစ်ခုက အသင်းတိုင်းက အကုန်လုံးပြင်ဆင်နေကြတယ်။ လာအိုလည်းပြင်နေတယ်။ လာအိုဆိုကာတာမှာသွားလေ့ကျင့်တယ်။ ဗီယက်နမ်ဆို တောင်ကိုရီယားမှာ အကုန်လုံးကပြင်နေကြတာပဲ’’ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းကပြောသည်။
ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၂ ရက်အထိ ကျင်းပမည့်အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကစားနည်း ၅၆ မျိုးတွင် ၃၂ မျိုးဝင်ရောက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ကစားသမား ၅၂၇ ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
 မင်းသီဟန်(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။