Skip to main content
ထိုင်းမှာ အရှည် ၁၃ ပေ ကျော်ရှိတဲ့ မြွေဟောက်ဘုရင်တစ်ကောင် တွေ့ရှိ 
Ads Block

ထိုင်းမှာ အရှည် ၁၃ ပေ ကျော်ရှိတဲ့ မြွေဟောက်ဘုရင်တစ်ကောင် တွေ့ရှိ 

         ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရေဆိုးပိုက်လိုင်းတစ်ခုအတွင်းကနေ အရှည် ၄ မီတာ (၁၃ ပေ ကျော်) လောက်ရှိတဲ့ မြွေဟောက်ဘုရင်တစ်ကောင်ကို ပိုက်လိုင်းတစ်ခုထဲကနေ ဆွဲထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ကူညီကယ်ဆယ်ရေး ဖောင်ဒေးရှင်းတစ်ခုက အောက်တိုဘာ ၁၅ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ ယင်း မြွေကြီးဟာ ၎င်းတို့ဖမ်းဆီးရမိခဲ့သမျှထဲမှာတော့ အကြီးဆုံးဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောဆို ပါတယ်။

ထိုင်းမှာ အရှည် ၁၃ ပေ ကျော်ရှိတဲ့ မြွေဟောက်ဘုရင်တစ်ကောင် တွေ့ရှိ 

               အမျိုးသားတစ်ဦးဟာ ရေတွေစီးနေကာ မဲမှောင်နေတဲ့ ပိုက်လိုင်းကျဉ်းကျဉ်းထဲဝင်ကာ ကမ္ဘာ့ အရှည်ဆုံး အဆိပ်ပြင်းမြွေအမျိုးအစားဖြစ်တဲ့ မြွေဟောက်ကြီးကို မကြောက်မရွံ့လိုက်လံ ဖမ်းဆီးခဲ့တာကို ဗီဒီဖိုင်မှာတွေ့ရပါတယ်။ ရေတွေ ရှိနေတဲ့ ပိုက်လိုင်းထဲ ပြန်ဝင်ဖို့ ကြိုးစားနေတဲ့ မြွေကြီးကို အမြီးကနေ ဆွဲထုတ်ဖမ်းယူနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ရကာ နောက်ဆုံးမှာတော့ အောင်မြင်သွားခဲ့ပါတယ်။

              တနင်္ဂနွေနေ့က အိမ်ရာစီမံကိန်းတစ်ခုမှ အစောင့်တစ်ဦးက မြွေကြီးကို စတင်တွေ့ရှိခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ယင်း အိမ်ယာအဆောက်အအုံဟာ တစ်ချိန်က တောတွင်းမြေတစ်ခုပေါ်မှာ တည်ဆောက်ထားခဲ့တာဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ ကရစ်ကာမွန် ဆိုသူက ပြောဆိုခဲ့ပြီး မြွေကြီးဟာ ၄ မီတာကျော်ရှည်ကာ အလေးချိန် ၁၅ ကီလိုဂရမ်ရှိပြီး သူတွေ့ဖူးသမျှထဲမှာတော့ တတိယအကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ မြွေကြီးကို တောတွင်းပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

         ထိုင်းနိုင်ငံဟာ တွားသွားသတ္တဝါတွေ ပေါက်ဖွားကျက်စားရာ နယ်မြေတစ်ခုဖြစ်ပြီး မြွေဟောက်မျိုးစိတ် များစွာရဲ့ မူရင်းနိုင်ငံတစ်ခုဖြစ်ပါတယ်။

              ထိုင်းနိုင်ငံက အဓိက နိုင်ငံတကာ လေဆိပ်တစ်ခုဟာ တစ်ချိန်က မြွေဟောက် စိမ့်တောမြေလို့ ခေါ်ဆိုခဲ့ကြတဲ့ ဧရိယာပေါ်မှာ တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။

CNA

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

ထုိင္းမွာ အရွည္ ၁၃ ေပ ေက်ာ္ရွိတဲ့ ေျမြေဟာက္ဘုရင္တစ္ေကာင္ ေတြ႕ရွိ

         ထုိင္းႏုိင္ငံေတာင္ပုိင္းရွိ ေရဆုိးပုိက္လုိင္းတစ္ခုအတြင္းကေန အရွည္ ၄ မီတာ (၁၃ ေပ ေက်ာ္) ေလာက္ရွိတဲ့ ေျမြေဟာက္ဘုရင္တစ္ေကာင္ကုိ ပုိက္လုိင္းတစ္ခုထဲကေန ဆြဲထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း ကူညီကယ္ဆယ္ေရး ေဖာင္ေဒးရွင္းတစ္ခုက ေအာက္တုိဘာ ၁၅ ရက္ေန ့မွာ ေျပာဆုိခဲ့ပါတယ္။ ယင္း ေျမြႀကီးဟာ ၄င္းတုိ ့ဖမ္းဆီးရမိခဲ့သမွ်ထဲမွာေတာ့ အႀကီးဆုံးျဖစ္ေၾကာင္း ကယ္ဆယ္ေရးအဖြဲ႕က ေျပာဆုိ ပါတယ္။

               အမ်ဳိးသားတစ္ဦးဟာ ေရေတြစီးေနကာ မဲေမွာင္ေနတဲ့ ပုိက္လုိင္းက်ဥ္းက်ဥ္းထဲ၀င္ကာ ကမာၻ႕ အရွည္ဆုံး အဆိပ္ျပင္းေျမြအမ်ဳိးအစားျဖစ္တဲ့ ေျမြေဟာက္ႀကီးကုိ မေၾကာက္မရြံ႕လုိက္လံ ဖမ္းဆီးခဲ့တာကုိ ဗီဒီဖုိင္မွာေတြ႕ရပါတယ္။ ေရေတြ ရွိေနတဲ့ ပုိက္လုိင္းထဲ ျပန္၀င္ဖုိ ့ ႀကိဳးစားေနတဲ့ ေျမြႀကီးကုိ အၿမီးကေန ဆြဲထုတ္ဖမ္းယူႏုိင္ဖုိ ့ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ရကာ ေနာက္ဆုံးမွာေတာ့ ေအာင္ျမင္သြားခဲ့ပါတယ္။

              တနဂၤေႏြေန ့က အိမ္ရာစီမံကိန္းတစ္ခုမွ အေစာင့္တစ္ဦးက ေျမြႀကီးကုိ စတင္ေတြ႕ရွိခဲ့ကာ ကယ္ဆယ္ေရးအဖြဲ႕ကုိ အေၾကာင္းၾကားခဲ့တာျဖစ္ပါတယ္။ ယင္း အိမ္ယာအေဆာက္အအုံဟာ တစ္ခ်ိန္က ေတာတြင္းေျမတစ္ခုေပၚမွာ တည္ေဆာက္ထားခဲ့တာျဖစ္ေၾကာင္း ကယ္ဆယ္ေရးအဖြဲ႕မွ ကရစ္ကာမြန္ ဆုိသူက ေျပာဆုိခဲ့ၿပီး ေျမြႀကီးဟာ ၄ မီတာေက်ာ္ရွည္ကာ အေလးခ်ိန္ ၁၅ ကီလုိဂရမ္ရွိၿပီး သူေတြ႕ဖူးသမွ်ထဲမွာေတာ့ တတိယအႀကီးဆုံးျဖစ္တယ္လုိ ့ ဆုိပါတယ္။ ေနာက္ပုိင္းမွာ ေျမြႀကီးကုိ ေတာတြင္းျပန္လႊတ္ေပးခဲ့တယ္လုိ ့ သိရပါတယ္။

         ထုိင္းႏုိင္ငံဟာ တြားသြားသတၱ၀ါေတြ ေပါက္ဖြားက်က္စားရာ နယ္ေျမတစ္ခုျဖစ္ၿပီး ေျမြေဟာက္မ်ဳိးစိတ္ မ်ားစြာရဲ႕ မူရင္းႏုိင္ငံတစ္ခုျဖစ္ပါတယ္။

              ထုိင္းႏုိင္ငံက အဓိက ႏုိင္ငံတကာ ေလဆိပ္တစ္ခုဟာ တစ္ခ်ိန္က ေျမြေဟာက္ စိမ့္ေတာေျမလုိ ့ ေခၚဆုိခဲ့ၾကတဲ့ ဧရိယာေပၚမွာ တည္ေဆာက္ထားခဲ့တာျဖစ္ပါတယ္။

CNA

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။