Skip to main content
သမီးဖြစ်သူ အလောင်းကို မြေမြှုပ်ဖို့လုပ်စဉ် အရှင်လတ်လတ်မြေမြှုပ်ခံထားရတဲ့ မွေးကင်းစကလေးကို ကယ်ဆယ်ခဲ့ရတဲ့ အမျိုးသား 
Ads Block

သမီးဖြစ်သူ အလောင်းကို မြေမြှုပ်ဖို့လုပ်စဉ် အရှင်လတ်လတ်မြေမြှုပ်ခံထားရတဲ့ မွေးကင်းစကလေးကို ကယ်ဆယ်ခဲ့ရတဲ့ အမျိုးသား 

            အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ သမီးဖြစ်သူ အလောင်းကို မြှုပ်ဖို့ မြေကျင်းတူးနေတဲ့ အမျိုးသား တစ်ဦးဟာ အရှင်လတ်လတ် မြေမြှုပ်ခံထားခဲ့ရတဲ့ မွေးကင်းစကလေးတစ်ဦးကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ပြောဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် အိန္ဒိယနိုင်ငံမှာ နို့စို့အရွယ် သမီးမိန်းကလေး လက်စ ဖျောက်မှုတွေရှိနေတယ်ဆိုတဲ့ ထိတ်လန့်ဖွယ်အကြောင်းအရာကို ပိုထင်ရှားသွားစေခဲ့ပါတယ်။

              ဟီတက်ရှ် ဆီရိုဟီအမည်ရ အမျိုးသားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မွေးဖွားပြီးပြီးချင်း မိနစ်ပိုင်း အကြာမှာ သေဆုံးသွားခဲ့တဲ့ သူ့သမီးငယ်ရဲ့ အလောင်းကို မြှုပ်ဖို့အတွက် မြေကျင်းတူးနေခဲ့ချိန်မှာ မြေအိုးတစ်လုံးကို သံတူရွင်းနဲ့ ထိုးမိခဲ့ကြောင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်မှ ဒေသဆိုင်ရာရဲတပ်ဖွဲ့က  AFP ကို ပြောပါတယ်။ မြေအိုးထဲမှာ မွေးကင်းစ ကလေးတစ်ဦး ရှိနေတယ်ဆိုတာ သူ သိရှိသွားချိန်မှာ ချက်ချင်း ထုတ်ယူပြီး အရေးပေါ် ဖုန်းနံပါတ်ကိုခေါ်ကာ အကူအညီတောင်းခဲ့ပါတယ်။ ကလေးကို အဝတ်နဲ့ပတ်ထုပ်ထား တာတွေ့ရပြီး ငိုနေခဲ့တယ်လို့ ဆီရိုဟီက Times of India သတင်းစာကို ပြောခဲ့ပါတယ်။

            “ ကျွန်တော့် သမီးလေးများ ပြန်ရှင်လာတာလားလို့ ထင်လိုက်ပါသေးတယ်၊ ဒါပေမဲ့ ကလေးငိုသံက တကယ်ပဲ မြေအိုးထဲက ထွက်လာတာပါ” လို့ ၎င်းက ပြောခဲ့ပါတယ်။

             ကလေးငယ်လေးကို ဆေးရုံပို့ခဲ့ကာ ဆေးဝါးကုသမှုတွေ လုပ်ပေးနေကြောင်းနဲ့ ကလေးအတွက် ကုန်ကျစရိတ်တွေကို ဒေသဆိုင်ရာ နိုင်ငံရေးသမားတစ်ဦးက ပေးချေကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

          အိန္ဒိယနိုင်ငံမှာ မိဘဖြစ်သူတွေဟာ သားယောက်ျားလေးတွေကို အရင်းအနှီးရရှိစေသူတွေ၊ အမွေဆက်ခံရသူတွေအဖြစ် ရှုမြင်သတ်မှတ်ကာ ရွေးချယ်လေ့ရှိကြပြီး သမီးမိန်းကလေးတွေကိုတော့ ကိုယ့်ဘက်ကပဲ ပေးရမယ့်သူတွေအဖြစ် ယူဆကြတာကြောင့် သမီးမိန်းကလေး စွန့်ပစ်လက်စဖျောက်မှု ပြဿနာကို ကာလကြာရှည်ကြုံတွေ့နေခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသား ဦးရေ ၁၀၀၀ တိုင်းမှာ အမျိုးသမီး ဦးရေက ၉၄၀ ပဲရှိပြီး လိင်အချိုးအစား ဆိုးဆိုးဝါးဝါး ကွာဟနေမှုကို ချုံ့ပစ်နိုင်ဖို့ အတွက် အစိုးရက တင်းကျပ်တဲ့ဥပဒေတွေထုတ်ကာ ကြိုးစားနေခဲ့ပါတယ်။

             လိင်အင်္ဂါကြိုတင်သတ်မှတ် ကလေးရယူခြင်းဟာ တရားမဝင်ကြောင်း ၁၉၉၄ ခုနှစ်မှာ သတ်မှတ် ပြဌာန်းခဲ့ပေမယ့် လိုချင်တဲ့ မျိုးဆက်ကို ရဖို့နဲ့ မလိုချင်တဲ့ သမီးမိန်းကလေးတွေ မွေးဖွားမလာစေဖို့အတွက် တရားမဝင် နည်းလမ်းတွေ ကိရိယာပစ္စည်းတွေသုံးကာ ကိုယ်ဝန်ဖျက်ချမှုတွေ ရှိနေခဲ့ပါတယ်။ 

CNA

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

သမီးျဖစ္သူ အေလာင္းကုိ ေျမျမွဳပ္ဖုိ ့လုပ္စဥ္ အရွင္လတ္လတ္ေျမျမွဳပ္ခံထားရတဲ့ ေမြးကင္းစကေလးကုိ ကယ္ဆယ္ခဲ့ရတဲ့ အမ်ဳိးသား

            အိႏၵိယႏုိင္ငံ ေျမာက္ပုိင္းမွာ သမီးျဖစ္သူ အေလာင္းကုိ ျမွဳပ္ဖုိ ့ ေျမက်င္းတူးေနတဲ့ အမ်ဳိးသား တစ္ဦးဟာ အရွင္လတ္လတ္ ေျမျမွဳပ္ခံထားခဲ့ရတဲ့ ေမြးကင္းစကေလးတစ္ဦးကုိ ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က တနလၤာေန႕မွာ ေျပာဆုိပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ အိႏၵိယႏုိင္ငံမွာ ႏုိ႕စုိ ့အရြယ္ သမီးမိန္းကေလး လက္စ ေဖ်ာက္မႈေတြရွိေနတယ္ဆုိတဲ့ ထိတ္လန္ ့ဖြယ္အေၾကာင္းအရာကုိ ပုိထင္ရွားသြားေစခဲ့ပါတယ္။

              ဟီတက္ရွ္ ဆီရုိဟီအမည္ရ အမ်ဳိးသားဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန ့က ေမြးဖြားၿပီးၿပီးခ်င္း မိနစ္ပုိင္း အၾကာမွာ ေသဆုံးသြားခဲ့တဲ့ သူ႕သမီးငယ္ရဲ႕ အေလာင္းကုိ ျမွဳပ္ဖုိ ့အတြက္ ေျမက်င္းတူးေနခဲ့ခ်ိန္မွာ ေျမအုိးတစ္လုံးကုိ သံတူရြင္းနဲ႕ ထုိးမိခဲ့ေၾကာင္း ဥတၱာပရာဒက္ရွ္ျပည္နယ္မွ ေဒသဆုိင္ရာရဲတပ္ဖြဲ႕က  AFP ကုိ ေျပာပါတယ္။ ေျမအုိးထဲမွာ ေမြးကင္းစ ကေလးတစ္ဦး ရွိေနတယ္ဆုိတာ သူ သိရွိသြားခ်ိန္မွာ ခ်က္ခ်င္း ထုတ္ယူၿပီး အေရးေပၚ ဖုန္းနံပါတ္ကုိေခၚကာ အကူအညီေတာင္းခဲ့ပါတယ္။ ကေလးကုိ အ၀တ္နဲ႕ပတ္ထုပ္ထား တာေတြ႕ရၿပီး ငုိေနခဲ့တယ္လုိ ့ ဆီရုိဟီက Times of India သတင္းစာကုိ ေျပာခဲ့ပါတယ္။

            “ ကၽြန္ေတာ့္ သမီးေလးမ်ား ျပန္ရွင္လာတာလားလုိ ့ ထင္လုိက္ပါေသးတယ္၊ ဒါေပမဲ့ ကေလးငုိသံက တကယ္ပဲ ေျမအုိးထဲက ထြက္လာတာပါ” လုိ ့ ၄င္းက ေျပာခဲ့ပါတယ္။

             ကေလးငယ္ေလးကုိ ေဆးရုံပုိ ့ခဲ့ကာ ေဆး၀ါးကုသမႈေတြ လုပ္ေပးေနေၾကာင္းနဲ႕ ကေလးအတြက္ ကုန္က်စရိတ္ေတြကုိ ေဒသဆုိင္ရာ ႏုိင္ငံေရးသမားတစ္ဦးက ေပးေခ်ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာဆုိပါတယ္။

          အိႏၵိယႏုိင္ငံမွာ မိဘျဖစ္သူေတြဟာ သားေယာက္်ားေလးေတြကုိ အရင္းအႏွီးရရွိေစသူေတြ၊ အေမြဆက္ခံရသူေတြအျဖစ္ ရႈျမင္သတ္မွတ္ကာ ေရြးခ်ယ္ေလ့ရွိၾကၿပီး သမီးမိန္းကေလးေတြကုိေတာ့ ကုိယ့္ဘက္ကပဲ ေပးရမယ့္သူေတြအျဖစ္ ယူဆၾကတာေၾကာင့္ သမီးမိန္းကေလး စြန္႕ပစ္လက္စေဖ်ာက္မႈ ျပႆနာကုိ ကာလၾကာရွည္ႀကဳံေတြ႕ေနခဲ့ရပါတယ္။ ၂၀၁၁ ခုႏွစ္ သန္းေခါင္စာရင္းအရ အမ်ဳိးသား ဦးေရ ၁၀၀၀ တုိင္းမွာ အမ်ဳိးသမီး ဦးေရက ၉၄၀ ပဲရွိၿပီး လိင္အခ်ဳိးအစား ဆုိးဆုိး၀ါး၀ါး ကြာဟေနမႈကုိ ခ်ဳံ႕ပစ္ႏုိင္ဖုိ ့ အတြက္ အစုိးရက တင္းက်ပ္တဲ့ဥပေဒေတြထုတ္ကာ ႀကိဳးစားေနခဲ့ပါတယ္။

             လိင္အဂၤါႀကိဳတင္သတ္မွတ္ ကေလးရယူျခင္းဟာ တရားမ၀င္ေၾကာင္း ၁၉၉၄ ခုႏွစ္မွာ သတ္မွတ္ ျပဌာန္းခဲ့ေပမယ့္ လုိခ်င္တဲ့ မ်ဳိးဆက္ကုိ ရဖုိ ့နဲ႕ မလုိခ်င္တဲ့ သမီးမိန္းကေလးေတြ ေမြးဖြားမလာေစဖုိ ့အတြက္ တရားမ၀င္ နည္းလမ္းေတြ ကိရိယာပစၥည္းေတြသုံးကာ ကုိယ္၀န္ဖ်က္ခ်မႈေတြ ရွိေနခဲ့ပါတယ္။

CNA

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။