Skip to main content
အဆိုတော် ဖြိုးပြည့်စုံပါ ၃ ဦးကို ဖမ်းဆီးခဲ့သည့် မူးယစ်တပ်ဖွဲ့ဝင်များကို စစ်ဆေးနေဟုဆို
Ads Block

အဆိုတော် ဖြိုးပြည့်စုံပါ ၃ ဦးကို ဖမ်းဆီးခဲ့သည့် မူးယစ်တပ်ဖွဲ့ဝင်များကို စစ်ဆေးနေဟုဆို

အဆိုတော်ဖြိုးပြည့်စုံပါ ၃ ဦးကို ဖမ်းဆီးခဲ့သည့် မူးယစ်တပ်ဖွဲ့ဝင်များကို လက်ရှိအချိန်တွင် စစ်ဆေးနေကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(ရန်ကုန်)မှ သိရသည်။

အဆိုတော်ဖြိုးပြည့်စုံ၊ ရော်နီစန်းလွင်နှင့် တေးရေး ငြိမ်းချမ်းကိုတို့ကို မူးယစ်ဆေးဝါးသတင်းအရဟုဆိုကာ အောက်တိုဘာလ ၇ ရက်၊ ညနေပိုင်းက ဖမ်းဆီးစစ်ဆေးခဲ့သော မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၄၀)ရန်ကုန်(မြောက်)မှ တပ်ဖွဲ့ဝင်များကို လက်ရှိတွင် သက်ဆိုင်ရာမှ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ သူတို့တွေကို စစ်ဆေးနေပါတယ်။ ဖမ်းဆီးရေးမှာ ပါတဲ့လူတွေပေါ့။ ဘယ်နှစ်ယောက်လဲ၊ ဘယ်သူ တွေလဲဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ သေချာပြောလို့မရပါဘူး” ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့(ရန်ကုန်)မှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

၎င်းတို့ ၃ ဦးသည် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အောက်တိုဘာလ ၁၅ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ရှိ House of Orchid တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

Zawgyi Version

အဆိုေတာ္ ၿဖိဳးျပည့္စုံပါ ၃ ဦးကို ဖမ္းဆီးခဲ့သည့္ မူးယစ္တပ္ဖြဲ႔ဝင္မ်ားကို စစ္ေဆးေနဟုဆို

အဆိုေတာ္ၿဖိဳးျပည့္စုံပါ ၃ ဦးကို ဖမ္းဆီးခဲ့သည့္ မူးယစ္တပ္ဖြဲ႔ဝင္မ်ားကို လက္ရွိအခ်ိန္တြင္ စစ္ေဆးေနေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔(ရန္ကုန္)မွ သိရသည္။

အဆိုေတာ္ၿဖိဳးျပည့္စုံ၊ ေရာ္နီစန္းလြင္ႏွင့္ ေတးေရး ၿငိမ္းခ်မ္းကိုတို႔ကို မူးယစ္ေဆးဝါးသတင္းအရဟုဆိုကာ ေအာက္တိုဘာလ ၇ ရက္၊ ညေနပိုင္းက ဖမ္းဆီးစစ္ေဆးခဲ့ေသာ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု (၄၀)ရန္ကုန္(ေျမာက္)မွ တပ္ဖြဲ႔ဝင္မ်ားကို လက္ရွိတြင္ သက္ဆိုင္ရာမွ စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“လက္ရွိမွာ သူတို႔ေတြကို စစ္ေဆးေနပါတယ္။ ဖမ္းဆီးေရးမွာ ပါတဲ့လူေတြေပါ့။ ဘယ္ႏွစ္ေယာက္လဲ၊ ဘယ္သူ ေတြလဲဆိုတာကိုေတာ့ ကြ်န္ေတာ့္အေနနဲ႔ ေသခ်ာေျပာလို႔မရပါဘူး” ဟု မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲ တပ္ဖြဲ႔(ရန္ကုန္)မွ ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

၎တို႔ ၃ ဦးသည္ ဖမ္းဆီးခံရမႈႏွင့္ပတ္သက္၍ ေအာက္တိုဘာလ ၁၅ ရက္၊ ေန႔လယ္ပိုင္းက ရန္ကုန္ၿမိဳ႕ရွိ House of Orchid တြင္ သတင္းမီဒီယာမ်ားႏွင့္ ေတြ႔ဆုံပြဲျပဳလုပ္ခဲ့သည္။

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။