Skip to main content
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာအား နိုဝင်ဘာ ပထမပတ်အတွင်း လွှတ်တော်တင်နိုင်ရန် ပြန်လည်ရေးသားနေ
Ads Block

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာအား နိုဝင်ဘာ ပထမပတ်အတွင်း လွှတ်တော်တင်နိုင်ရန် ပြန်လည်ရေးသားနေ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် စာမျက်နှာ ၆၀၀ခန့်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာကို  ပြန်လည်ပြုစုရေးသားနေပြီး နိုဝင်ဘာလ ပထမအပတ်အတွင်း လွှတ်တော်တင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် အစီရင်ခံစာ မူရင်းအား လွှတ်တော်ကိုယ်စားလှယ်များ ကြည့်ခွင့်မရသော် လည်း မူရင်းအစီရင်ခံစာနည်းတူ သတင်းအချက်အလက်ပြည့်စုံစွာပါရှိသည့် အစီရင်ခံစာကို ရေးသားနေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသည်။

“ အခုအစီရင်ခံစာက တစ်ဘက်တည်းပဲ ဖြစ်နေတယ်။ ဌာနဆိုင်ရာတွေ၊ လုပ်ငန်းဆောင်ရွက်တဲ့အပိုင်းတွေ မပါတဲ့အတွက် သတင်းအချက်အလက် ပြည့်ပြည့်စုံစုံပါတဲ့ အစီရင်ခံစာရေးနေပါတယ်။ ကော်မတီကတော့ စာရင်းစစ်ချုပ်အစီရင်ခံစာနဲ့တူတဲ့ အချက်အလက်ပြည့်စုံတဲ့ အစီရင်ခံစာကို တင်ပြသွားမှာပါ။ အများဆန္ဒလည်း ရှိမယ်၊ လွှတ်တော်ဥက္ကဋ္ဌကလည်း ခွင့်ပြုမယ်ဆိုရင် စာရင်းစစ်ချုပ်အစီရင်ခံစာ မူရင်းကို ကိုယ်စားလှယ်တွေကို ထုတ်ပြန်ပေးဖို့ကို ကော်မတီအနေနဲ့ ကန့်ကွက်စရာမရှိပါဘူး” ဟု ဦးတင့်လွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာငွေအသုံးပြုမှု၊ စီမံခန့်ခွဲမှုများ သုံးသပ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များ ကြည့်ရှုခွင့်ရမည်မဟုတ်ဘဲ ပြည်သူ့ငွေစာရင်းကော်မတီက စိစစ်ထားသည့် အစီရင်ခံစာအပေါ် ဆွေးနွေးရတော့မည်ဖြစ်ကြောင်း သိရသည်။

 “ အရင် ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇ တုန်းကတော့ စာရင်းစစ်ချုပ် အစီရင်ခံစာ ဖတ်ကြ ဆွေးနွေးကြဆိုပြီးတော့ တိုက်ရိုက်ပေးတာလေ။ ကိုယ်စားလှယ်တွေကလည်း သဘောကျတယ်။ ဒီနှစ်တော့ အဲဒီအခွင့်အရေး ဆုံးရှုံးသွားတာပေါ့။ ဒီမိုကရေစီရဲ့အနှစ်သာရက ပွင့်လင်းမြင်သာမှုလေဗျာ။ အခုတော့ တစ်နှစ်ထက်တစ်နှစ် စံနှုန်းတွေ ကျသွားတာပေါ့” ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

၂၀၁၅-၂၀၁၆ စာရင်းစစ်ချုပ်အစီရင်ခံစာတွင် အစိုးရပိုင် မြေငှားရမ်းခများနည်းပါးနေခြင်း၊ ရုပ်ရှင်ရုံငှားရမ်းခများ ခေတ်ကာလပေါက်ဈေးထက်နည်းပါးနေခြင်း၊ သမဝါယမပိုင်ဆိုင်ခန်းများကိစ္စ၊ YBSကားနှင့် ကျောင်းကားများ ဝယ်ယူမှုစသည်တို့ကို ထောက်ပြဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း ဆွေးနွေးခဲ့ကြသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

Zawgyi Version

ရန္ကုန္တုိင္းစာရင္းစစ္ခ်ဳပ္အစီရင္ခံစာအား ႏို၀င္ဘာ ပထမပတ္အတြင္း လႊတ္ေတာ္တင္ႏိုင္ရန္ ျပန္လည္ေရးသားေန

ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းေကာ္မတီအေနျဖင့္ စာမ်က္ႏွာ ၆၀၀ခန္႔ရွိသည့္ ရန္ကုန္တုိင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္အစီရင္ခံစာကို  ျပန္လည္ျပဳစုေရးသားေနၿပီး ႏုိဝင္ဘာလ ပထမအပတ္အတြင္း လႊတ္ေတာ္တင္ႏုိင္ရန္ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

ရန္ကုန္တုိင္းေဒသႀကီးစာရင္းစစ္ခ်ဳပ္ အစီရင္ခံစာ မူရင္းအား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ၾကည့္ခြင့္မရေသာ္ လည္း မူရင္းအစီရင္ခံစာနည္းတူ သတင္းအခ်က္အလက္ျပည့္စံုစြာပါရွိသည့္ အစီရင္ခံစာကို ေရးသားေနျခင္းျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းေကာ္မတီ ဥကၠ႒ ဦးတင့္လြင္က ေျပာသည္။

“ အခုအစီရင္ခံစာက တစ္ဘက္တည္းပဲ ျဖစ္ေနတယ္။ ဌာနဆုိင္ရာေတြ၊ လုပ္ငန္းေဆာင္ရြက္တဲ့အပုိင္းေတြ မပါတဲ့အတြက္ သတင္းအခ်က္အလက္ ျပည့္ျပည့္စံုစံုပါတဲ့ အစီရင္ခံစာေရးေနပါတယ္။ ေကာ္မတီကေတာ့ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာနဲ႔တူတဲ့ အခ်က္အလက္ျပည့္စံုတဲ့ အစီရင္ခံစာကို တင္ျပသြားမွာပါ။ အမ်ားဆႏၵလည္း ရွိမယ္၊ လႊတ္ေတာ္ဥကၠ႒ကလည္း ခြင့္ျပဳမယ္ဆုိရင္ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာ မူရင္းကို ကိုယ္စားလွယ္ေတြကုိ ထုတ္ျပန္ေပးဖုိ႔ကို ေကာ္မတီအေနနဲ႔ ကန္႔ကြက္စရာမရွိပါဘူး” ဟု ဦးတင့္လြင္က ေျပာသည္။

ရန္ကုန္တုိင္းေဒသႀကီးအစိုးရ၏ ၂၀၁၇-၂၀၁၈ ဘ႑ာေငြအသံုးျပဳမႈ၊ စီမံခန္႔ခြဲမႈမ်ား သံုးသပ္ထားသည့္ ရန္ကုန္တုိင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္၏ အစီရင္ခံစာကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ၾကည့္ရႈခြင့္ရမည္မဟုတ္ဘဲ ျပည္သူ႔ေငြစာရင္းေကာ္မတီက စိစစ္ထားသည့္ အစီရင္ခံစာအေပၚ ေဆြးေႏြးရေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

 “ အရင္ ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇ တုန္းကေတာ့ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာ ဖတ္ၾက ေဆြးေႏြးၾကဆုိၿပီးေတာ့ တုိက္ရုိက္ေပးတာေလ။ ကိုယ္စားလွယ္ေတြကလည္း သေဘာက်တယ္။ ဒီႏွစ္ေတာ့ အဲဒီအခြင့္အေရး ဆံုးရႈံးသြားတာေပါ့။ ဒီမုိကေရစီရဲ႕အႏွစ္သာရက ပြင့္လင္းျမင္သာမႈေလဗ်ာ။ အခုေတာ့ တစ္ႏွစ္ထက္တစ္ႏွစ္ စံႏႈန္းေတြ က်သြားတာေပါ့” ဒဂံုၿမိဳ႕နယ္ မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာသည္။

၂၀၁၅-၂၀၁၆ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာတြင္ အစိုးရပိုင္ ေျမငွားရမ္းခမ်ားနည္းပါးေနျခင္း၊ ရုပ္ရွင္ရုံငွားရမ္းခမ်ား ေခတ္ကာလေပါက္ေစ်းထက္နည္းပါးေနျခင္း၊ သမဝါယမပိုင္ဆုိင္ခန္းမ်ားကိစၥ၊ YBSကားႏွင့္ ေက်ာင္းကားမ်ား ဝယ္ယူမႈစသည္တုိ႔ကို ေထာက္ျပေဆြးေႏြးခဲ့ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကလည္း ေဆြးေႏြးခဲ့ၾကသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။