Skip to main content
Ads Block




Unicode Version

 

 

မြန်မာနိုင်ငံ ကိုယ်ပိုင် Myanmar Sat – 2 ဂြိုဟ်တုကို လွှင်တင်ပြီး သုံးစွဲနိုင်ပြီ
အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းနဲ့ ဝယ်ယူထားတဲ့ ဂြိုဟ်တုကို ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်ကလွှင့်တင်ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံပိုင်ဖြစ်တဲ့ Myanmar Sat – 2 အမည်ရ အဆိုပါဂြိုဟ်တုကို အောက်တိုဘာလ ၁၅ ရက်မှာစတင်အသုံးပြုနိုင်ပြီဖြစ်တာကြောင့် Media ကဏ္ဍ၊ DTH များကို Quality ကောင်းကောင်းနဲ့ဖမ်းယူကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ 
ကိုယ်ပိုင်ဂြိုဟ်တုမရှိခင်က မြန်မာနိုင်ငံအနေနဲ့ ဂျပန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေရဲ့ ဂြိုလ်တု တွေကနေဝယ်ယူသုံးစွဲနေရတာပါ။ 

တင်ဆက် - သိမ့်အေးချမ်း             တည်းဖြတ် - ရဲဇော်ထိုက်      
 

     

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။