Skip to main content
သမက်နှင့် ယောက္ခမ စကားများရန်ဖြစ်ရာမှ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
Ads Block

သမက်နှင့် ယောက္ခမ စကားများရန်ဖြစ်ရာမှ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ဘားအံမြို့နယ်တွင် သမီးဖြစ်သူကို ပြန်လည်ပေါင်းသင်းရန် လာရောက်ခေါ်ဆောင်သော သမက်နှင့် ယောက္ခမတို့ စကားများရန်ဖြစ်ခဲ့ရာမှ ယောက္ခမသေဆုံးခဲ့ပြီး သမက်ဖြစ်သူ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာနေ ဦးတိုးရှိန်၊ (၇၃)နှစ်သည် အောက်တိုဘာလ ၁၄ ရက်၊ နံနက် အစောပိုင်း ၁၂ နာရီ ၁၀ မိနစ်ခန့်က နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ သမက်ဖြစ်သူ သူရဝေလွင်(ခ)မှန် ကြီး၊ (၂၉)နှစ်ရောက်ရှိလာပြီး လွန်ခဲ့သော တစ်ပတ်ခန့်က နေအိမ်မှ ဆင်းလာသည့် သမီးဖြစ်သူ မအေးအေးသိုက်၊ (၃၇)နှစ်အား ပြန်လည်ပေါင်းသင်းရန် လာရောက်ခေါ်ဆောင်ရာ ၎င်းက ပြန်ထည့်မပေးသောကြောင့် စကားများရန်ဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် နေအိမ်ရှေ့လမ်းပေါ်တွင် ၎င်းတို့ ၂ ဦး ကျောက်ခဲဖြင့် အပြန်အလှန်ထုနှက်ခဲ့ရာ ဦးတိုးရှိန်တွင် ဦး ခေါင်းငယ်ထိပ်၊ ချိုစောင်းပေါက်ပြဲဒဏ်ရာများ(စိုးရိမ်ရ)နှင့် သူရဝေလွင်(ခ)မှန်ကြီးတွင် ဦးခေါင်းပေါက်ပြဲ၊ မျက် နှာဖူးရောင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဘားအံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဦးတိုးရှိန်မှာ ဆေး ရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သူရဝေလွင်(ခ)မှန်ကြီး(ဖမ်းမိ)ကို ဂျိုင်းနယ်မြေရဲစခန်း၌ (ပ)၃၂/၂၀၁၉၊ ရာဇ သတ်ကြီးပုဒ်မ-၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

Zawgyi Version

သမက္ႏွင့္ ေယာကၡမ စကားမ်ားရန္ျဖစ္ရာမွ ၁ ဦးေသဆုံး၊ ၁ ဦးဒဏ္ရာရ

ဘားအံၿမိဳ႕နယ္တြင္ သမီးျဖစ္သူကို ျပန္လည္ေပါင္းသင္းရန္ လာေရာက္ေခၚေဆာင္ေသာ သမက္ႏွင့္ ေယာကၡမတို႔ စကားမ်ားရန္ျဖစ္ခဲ့ရာမွ ေယာကၡမေသဆုံးခဲ့ၿပီး သမက္ျဖစ္သူ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ ဂ်ိဳင္းေက်း႐ြာေန ဦးတိုးရွိန္၊ (၇၃)ႏွစ္သည္ ေအာက္တိုဘာလ ၁၄ ရက္၊ နံနက္ အေစာပိုင္း ၁၂ နာရီ ၁၀ မိနစ္ခန္႔က ေနအိမ္၌ရွိေနစဥ္ တစ္႐ြာတည္းေန သမက္ျဖစ္သူ သူရေဝလြင္(ခ)မွန္ ႀကီး၊ (၂၉)ႏွစ္ေရာက္ရွိလာၿပီး လြန္ခဲ့ေသာ တစ္ပတ္ခန႔္က ေနအိမ္မွ ဆင္းလာသည့္ သမီးျဖစ္သူ မေအးေအးသိုက္၊ (၃၇)ႏွစ္အား ျပန္လည္ေပါင္းသင္းရန္ လာေရာက္ေခၚေဆာင္ရာ ၎က ျပန္ထည့္မေပးေသာေၾကာင့္ စကားမ်ားရန္ျဖစ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေနာက္ ေနအိမ္ေရွ႕လမ္းေပၚတြင္ ၎တို႔ ၂ ဦး ေက်ာက္ခဲျဖင့္ အျပန္အလွန္ထုႏွက္ခဲ့ရာ ဦးတိုးရွိန္တြင္ ဦး ေခါင္းငယ္ထိပ္၊ ခ်ိဳေစာင္းေပါက္ၿပဲဒဏ္ရာမ်ား(စိုးရိမ္ရ)ႏွင့္ သူရေဝလြင္(ခ)မွန္ႀကီးတြင္ ဦးေခါင္းေပါက္ၿပဲ၊ မ်က္ ႏွာဖူးေရာင္ဒဏ္ရာမ်ား(မစိုးရိမ္ရ)ရရွိခဲ့သျဖင့္ ဘားအံၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသစဥ္ ဦးတိုးရွိန္မွာ ေဆး ႐ုံ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ သူရေဝလြင္(ခ)မွန္ႀကီး(ဖမ္းမိ)ကို ဂ်ိဳင္းနယ္ေျမရဲစခန္း၌ (ပ)၃၂/၂၀၁၉၊ ရာဇ သတ္ႀကီးပုဒ္မ-၃၀၂(လူသတ္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။