Skip to main content
မြန်မာပိုင်  Myanmar Sat – 2 ဂြိုဟ်တုချန်နယ်များ စတင်သုံးစွဲနိုင်ပြီ
Ads Block

မြန်မာပိုင်  Myanmar Sat – 2 ဂြိုဟ်တုချန်နယ်များ စတင်သုံးစွဲနိုင်ပြီ

          ၂၀၁၉ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် လွှတ်တင်ခဲ့သည့် မြန်မာနိုင်ငံပိုင် Myanmar Sat – 2  ဆက်သွယ်ရေးဂြိုဟ်တုကို ယနေ့ (အောက်တိုဘာလ ၁၅ ရက်)တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဂြိုဟ်တုဆက်သွယ်ရေးဌာနထံမှ သိရသည်။

Myanmar Sat – 2 တွင် C-Band ထရန်စပွန်ဒါ ၆ ခု၊ 432 MHz နှင့် Ku-Band ထရန်စပွန်ဒါ ၆ ခု၊ 432 MHz  စုစုပေါင်း 864 MHz တို့ကို အသုံးပြုနိုင်တော့မည်ဖြစ်ပြီး Monitoring & Control စက်များကို သန်လျင်ဂြိုဟ်တုစခန်းတွင် Intelsat မှ ကျွမ်းကျင်ပညာရှင်များက လာရောက်စမ်းသပ်တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။

“Myanmar Sat – 1 အသုံးပြုနေတဲ့ Operator ရော၊ အသုံးပြုသူတွေအနေနဲ့ရော Myanmar Sat – 2 ကို အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ ပြောင်းရွှေ့အသုံးပြုရမှာဖြစ်ပါတယ်။ ဒီလို ပြောင်းရွှေ့ အသုံးပြုခြင်းကြောင့် နောက်ဆုံးပေါ်နည်းပညာများနဲ့ တည်ဆောက်ထားတဲ့ Myanmar Sat – 2 ဂြိုဟ်တုရဲ့ စွမ်းဆောင်မှုတွေကို သိရှိနိုင်မှာဖြစ်ပါတယ်” ဟု သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ဂြိုဟ်တုဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောကြားသည်။

          လွှတ်တင်ထားပြီးဖြစ်သည့် အဆိုပါ ဂြိုဟ်တုချန်နယ်များကို ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် Application အမျိုးမျိုး အသုံးပြုနိုင်ရန်လည်း Satellite Hub System များအား တပ်ဆင်ထားသည့်အတွက် ဂြိုဟ်တုချန်နယ်များအား နည်းလမ်းမျိုးစုံဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Myanmar Sat – 2  ဂြိုဟ်တုလိုင်းများမှာ မြန်မာနိုင်ငံရေပိုင်နက်အတွင်းသို့လည်း ရောက်ရှိခြင်းကြောင့် ပင်လယ်ရေကြောင်း ဆက်သွယ်ရေးစနစ်များအားလည်း ကောင်းစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ မီဒီယာကဏ္ဍတွင်လည်း DTH များကို အရည်အသွေးကောင်းကောင်းဖြင့် ဖမ်းယူကြည့်ရှုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

          မြန်မာနိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တု Myanmar Sat – 2 ကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် တောင်အမေရိကတိုက်၊ ဂိုင်ယာနာနိုင်ငံ၊ ကော်ရိုးကမ်းခြေမြို့ရှိ Arianespace ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

          Myanmar Sat – 2 ကိုအမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဂြိုဟ်တု သက်တမ်းအပြည့် ၁၅ နှစ်အထိ ပိုင်ဆိုင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊          လက်ရှိ လွှတ်တင်ထားပြီးသည့် ဂြိုဟ်တုအပြင် အလုံးစုံပိုင်ဆိုင်နိုင်သည့် ဂြိုဟ်တုတစ်ခုအား လာမည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် လွှတ်တင်နိုင်ရန်အတွက်လည်း စီစဉ်ပြီးဖြစ်ကြောင်း သိရသည်။

ရဲဇော်ထိုက်(အကုန်သိသတင်းဌာန)

Zawgyi Version

ျမန္မာပိုင္  Myanmar Sat – 2 ၿဂိဳဟ္တုခ်န္နယ္မ်ား စတင္သံုးစြဲႏိုင္ၿပီ

          ၂၀၁၉ခုႏွစ္ ၾသဂုတ္လ ၇ ရက္ေန႔တြင္ လႊတ္တင္ခဲ့သည့္ ျမန္မာႏိုင္ငံပိုင္ Myanmar Sat – 2  ဆက္သြယ္ေရးၿဂိဳဟ္တုကို ယေန႔ (ေအာက္တိုဘာလ ၁၅ ရက္)တြင္ စတင္အသံုးျပဳႏိုင္ၿပီျဖစ္ေၾကာင္း သတင္းအခ်က္အလက္နည္းပညာႏွင့္ ဆိုက္ဘာလံုၿခံဳေရးဦးစီးဌာန၊ ၿဂိဳဟ္တုဆက္သြယ္ေရးဌာနထံမွ သိရသည္။

Myanmar Sat – 2 တြင္ C-Band ထရန္စပြန္ဒါ ၆ ခု၊ 432 MHz ႏွင့္ Ku-Band ထရန္စပြန္ဒါ ၆ ခု၊ 432 MHz  စုစုေပါင္း 864 MHz တို႔ကို အသံုးျပဳႏိုင္ေတာ့မည္ျဖစ္ၿပီး Monitoring & Control စက္မ်ားကို သန္လ်င္ၿဂိဳဟ္တုစခန္းတြင္ Intelsat မွ ကၽြမ္းက်င္ပညာရွင္မ်ားက လာေရာက္စမ္းသပ္တပ္ဆင္ၿပီးျဖစ္ေၾကာင္း သိရသည္။

“Myanmar Sat – 1 အသံုးျပဳေနတဲ့ Operator ေရာ၊ အသံုးျပဳသူေတြအေနနဲ႔ေရာ Myanmar Sat – 2 ကို ေအာက္တိုဘာလနဲ႔ ႏို၀င္ဘာလေတြမွာ ေျပာင္းေရႊ႕အသံုးျပဳရမွာျဖစ္ပါတယ္။ ဒီလို ေျပာင္းေရႊ႕ အသံုးျပဳျခင္းေၾကာင့္ ေနာက္ဆံုးေပၚနည္းပညာမ်ားနဲ႔ တည္ေဆာက္ထားတဲ့ Myanmar Sat – 2 ၿဂိဳဟ္တုရဲ႕ စြမ္းေဆာင္မႈေတြကို သိရွိႏိုင္မွာျဖစ္ပါတယ္” ဟု သတင္းအခ်က္အလက္နည္းပညာႏွင့္ ဆိုက္ဘာလံုၿခံဳေရး ဦးစီးဌာန၊ ၿဂိဳဟ္တုဆက္သြယ္ေရးဌာနမွ အင္ဂ်င္နီယာခ်ဳပ္ ဦး၀င္းေအာင္က ေျပာၾကားသည္။

          လႊတ္တင္ထားၿပီးျဖစ္သည့္ အဆိုပါ ၿဂိဳဟ္တုခ်န္နယ္မ်ားကို ၀န္ႀကီးဌာနမ်ားႏွင့္ ပုဂၢလိက ကုမၸဏီမ်ားအေနျဖင့္ Application အမ်ိဳးမ်ိဳး အသံုးျပဳႏိုင္ရန္လည္း Satellite Hub System မ်ားအား တပ္ဆင္ထားသည့္အတြက္ ၿဂိဳဟ္တုခ်န္နယ္မ်ားအား နည္းလမ္းမ်ိဳးစံုျဖင့္ အသံုးျပဳႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ Myanmar Sat – 2  ၿဂိဳဟ္တုလိုင္းမ်ားမွာ ျမန္မာႏိုင္ငံေရပိုင္နက္အတြင္းသို႔လည္း ေရာက္ရွိျခင္းေၾကာင့္ ပင္လယ္ေရေၾကာင္း ဆက္သြယ္ေရးစနစ္မ်ားအားလည္း ေကာင္းစြာ အသံုးျပဳႏိုင္မည္ျဖစ္ေၾကာင္း၊ မီဒီယာက႑တြင္လည္း DTH မ်ားကို အရည္အေသြးေကာင္းေကာင္းျဖင့္ ဖမ္းယူၾကည့္ရႈႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

          ျမန္မာႏိုင္ငံပိုင္ ဆက္သြယ္ေရးၿဂိဳဟ္တု Myanmar Sat – 2 ကို ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၇ ရက္ေန႔တြင္ ေတာင္အေမရိကတိုက္၊ ဂိုင္ယာနာႏိုင္ငံ၊ ေကာ္ရိုးကမ္းေျခၿမိဳ႕ရွိ Arianespace ၿဂိဳဟ္တုလႊတ္တင္ေရးစခန္းမွ လႊတ္တင္ခဲ့ျခင္းျဖစ္သည္။

          Myanmar Sat – 2 ကိုအေမရိကန္ေဒၚလာ ၁၅၅ ဒသမ ၇ သန္းျဖင့္ ၀ယ္ယူခဲ့ျခင္းျဖစ္ၿပီး ၿဂိဳဟ္တု သက္တမ္းအျပည့္ ၁၅ ႏွစ္အထိ ပိုင္ဆိုင္အသံုးျပဳႏိုင္မည္ျဖစ္ေၾကာင္း၊          လက္ရွိ လႊတ္တင္ထားၿပီးသည့္ ၿဂိဳဟ္တုအျပင္ အလံုးစံုပိုင္ဆိုင္ႏိုင္သည့္ ၿဂိဳဟ္တုတစ္ခုအား လာမည့္ ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလတြင္ လႊတ္တင္ႏိုင္ရန္အတြက္လည္း စီစဥ္ၿပီးျဖစ္ေၾကာင္း သိရသည္။

ရဲေဇာ္ထိုက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။