Skip to main content
ဆီးရီးယား ကျူးကျော်ထိုးစစ် ရပ်တန့်ဖို့ တူရကီကို ထရန့်က ပြောဆိုကာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်လာ 
Ads Block

ဆီးရီးယား ကျူးကျော်ထိုးစစ် ရပ်တန့်ဖို့ တူရကီကို ထရန့်က ပြောဆိုကာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်လာ 

              ဆီးရီးယားကို ကျူးကျော်စစ်ဆင်နေမှုအား ရပ်တန့်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က တနင်္လာနေ့မှာ တူရကီအစိုးရကို တောင်းဆိုလိုက်ပြီး နေတိုးမဟာမိတ်နိုင်ငံအပေါ် ပိတ်ဆို့မှုသစ်တွေလည်း ချမှတ်လိုက်ပါတယ်။ တူရကီ ထိုးစစ်လမ်းကြောင်းအတွင်းကနေ အမေရိကန်တပ်တွေကို ရှင်းလင်းဖယ်ရှားပေး ခဲ့တာကြောင့် ဝေဖန်မှုတွေ အကြီးအကျယ်ခံခဲ့ရတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် နစ်နာဆုံးရှုံးမှုတွေ များလွန်း မသွားအောင် ထရန့်က ဒရောသောပါး လုပ်လာခဲ့ပါတယ်။

             သမ္မတ ထရန့်က တနင်္လာနေ့မှာ တူရကီ သမ္မတ အာဒိုဂန်ထံ ဖုန်းခေါ်ဆိုခဲ့ကာ ချက်ချင်း အပစ်အခတ်ရပ်စဲရေး အစီအစဉ်တစ်ခုကို သဘောတူဖို့ ပြောဆိုခဲ့တယ်လို့ ဒုတိယ သမ္မတ မိုက်ပင့်စ် က ပြောဆိုပါတယ်။ ယခု အကြပ်အတည်းကို ကြားဝင်စေ့စပ်နိုင်ရေး ကြိုးစားဖို့အတွက် မကြာခင် ဒေသတွင်း ခရီးစဉ် သူသွားရောက်မှာဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆီးရီးယားနယ်မြေထဲ တူရကီရဲ့ ကျူးကျော်မှုမျိုးကိုမျှ ဘယ်လောက်အတိုင်းအတာဖြစ်ပါစေ လက်မခံဖို့ မရှိဘူးဆိုတာ ရှင်းပါကြောင်း၊ တူရကီအနေနဲ့  ထိုးစစ်ပြန်ရုပ်သိမ်းဖို့၊ အကြမ်းဖက်မှုကို အဆုံးသတ်ကာ စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းကို လာဖို့ မိမိတို့ တောင်းဆိုကြောင်း ပင့်စ်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

             ပြီးခဲ့တဲ့ သီတင်းပတ်က အာဒိုဂန်နဲ့ ထရန့်တို့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ကြပြီးနောက် အမေရိကန်ဟာ မဟာမိတ် ကာ့ဒ်ပြည်သူ့စစ်တွေကို စွန့်ခွာကာ ဒေသတွင်းက တပ်တွေကို ရုပ်သိမ်း ပေးဖို့စီစဉ်ခဲ့ပါတယ်။ ၎င်းတို့တွေ ဖုန်းပြောဆိုပြီး ရက်ပိုင်းအကြာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ တူရကီက ဆီးရီးယားမြောက်ပိုင်းကို ကျူးကျော်ထိုးစစ် စတင်ခဲ့တာပါ။ ဘေးအန္တရာယ်ကြုံနိုင်တဲ့ အနေအထားမှ ကင်းလွတ်စေဖို့အတွက် ပဋိပက္ခဇုန်ထဲရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၅၀ ကို ပြန်လည်ပြောင်းရွှေ့နေရာချဖို့ ထရန့်က ရုတ်တရက်ကြေညာခဲ့ပြီး ဒါဟာ ကာ့ဒ်တွေကို တူရကီက တိုက်နိုင်ဖို့လမ်းဖွင့်ပေးလိုက်တာဖြစ်တယ် ဆိုတဲ့ ဝေဖန်မှုတွေကို ပယ်ချခဲ့ပါတယ်။ စစ်ဆင်ရေးအတွက် အာဒိုဂန်ကို မီးစိမ်းပြလိုက်တာဖြစ်ကြောင်းလည်း ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ခဲ့ကြပါတယ်။

                အမေရိကန် ကွန်ဂရက်မှ ဥပဒေပြုအမတ်တွေက သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ပိတ်ဆို့မှု တွေ ချမှတ်ဖို့လုပ်ဆောင်နေသလို ထရန့်ကလည်း ဆီးရီးယားမြောက်ပိုင်း တူရကီ စစ်ဆင်ရေးကို အားပေး ကူညီခဲ့ကြတဲ့ တူရကီအစိုးရ လက်ရှိအရာရှိတွေနဲ့ အရာရှိဟောင်းတွေကို သမ္မတရဲ့ သီးခြား အခွင့်အာဏာအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။

               တူရကီရဲ့ သံမဏိသွင်းကုန် ၅၀ ရာခိုင်နှုန်းအပေါ် အခွန်စည်းကြပ်မှု ပြန်လည်တိုးမြှင့်ကြောင်းနဲ့ တူရကီနဲ့ ဒေါ်လာ ၁၀၀ ဘီလီယံ တန်ဖိုးရှိ ကုန်သွယ်ရေး သဘောတူညီချက်ဆိုင်ရာ စေ့စပ်ပြောဆိုနေမှုတွေ ကိုလည်း ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ထရန့်က ပြောဆိုခဲ့ပါတယ်။ 

Reuters

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

ဆီးရီးယား က်ဴးေက်ာ္ထုိးစစ္ ရပ္တန္႔ဖုိ ့ တူရကီကုိ ထရန္႔က ေျပာဆုိကာ ပိတ္ဆုိ ့ဒဏ္ခတ္မႈေတြ လုပ္လာ

              ဆီးရီးယားကုိ က်ဴးေက်ာ္စစ္ဆင္ေနမႈအား ရပ္တန္ ့ဖုိ ့ အေမရိကန္ သမၼတ ေဒၚနယ္ထရန္ ့က တနလၤာေန ့မွာ တူရကီအစုိးရကုိ ေတာင္းဆုိလုိက္ၿပီး ေနတုိးမဟာမိတ္ႏုိင္ငံအေပၚ ပိတ္ဆုိ ့မႈသစ္ေတြလည္း ခ်မွတ္လုိက္ပါတယ္။ တူရကီ ထုိးစစ္လမ္းေၾကာင္းအတြင္းကေန အေမရိကန္တပ္ေတြကုိ ရွင္းလင္းဖယ္ရွားေပး ခဲ့တာေၾကာင့္ ေ၀ဖန္မႈေတြ အႀကီးအက်ယ္ခံခဲ့ရတဲ့ သူ႕ရဲ႕ ဆုံးျဖတ္ခ်က္အတြက္ နစ္နာဆုံးရႈံးမႈေတြ မ်ားလြန္း မသြားေအာင္ ထရန္ ့က ဒေရာေသာပါး လုပ္လာခဲ့ပါတယ္။

             သမၼတ ထရန္ ့က တနလၤာေန ့မွာ တူရကီ သမၼတ အာဒုိဂန္ထံ ဖုန္းေခၚဆုိခဲ့ကာ ခ်က္ခ်င္း အပစ္အခတ္ရပ္စဲေရး အစီအစဥ္တစ္ခုကုိ သေဘာတူဖုိ ့ ေျပာဆုိခဲ့တယ္လုိ ့ ဒုတိယ သမၼတ မုိက္ပင့္စ္ က ေျပာဆုိပါတယ္။ ယခု အၾကပ္အတည္းကုိ ၾကား၀င္ေစ့စပ္ႏုိင္ေရး ႀကိဳးစားဖုိ ့အတြက္ မၾကာခင္ ေဒသတြင္း ခရီးစဥ္ သူသြားေရာက္မွာျဖစ္ေၾကာင္းလည္း ၄င္းက ေျပာဆုိပါတယ္။ အေမရိကန္ ျပည္ေထာင္စုအေနနဲ႕ ဆီးရီးယားနယ္ေျမထဲ တူရကီရဲ႕ က်ဴးေက်ာ္မႈမ်ဳိးကုိမွ် ဘယ္ေလာက္အတုိင္းအတာျဖစ္ပါေစ လက္မခံဖုိ ့ မရွိဘူးဆုိတာ ရွင္းပါေၾကာင္း၊ တူရကီအေနနဲ႕  ထုိးစစ္ျပန္ရုပ္သိမ္းဖုိ ့၊ အၾကမ္းဖက္မႈကုိ အဆုံးသတ္ကာ ေစ့စပ္ေဆြးေႏြးေရး စားပြဲ၀ုိင္းကုိ လာဖုိ ့ မိမိတုိ ့ ေတာင္းဆုိေၾကာင္း ပင့္စ္က သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့ပါတယ္။

             ၿပီးခဲ့တဲ့ သီတင္းပတ္က အာဒုိဂန္နဲ႕ ထရန္ ့တုိ ့ ဖုန္းဆက္သြယ္ ေျပာဆုိခဲ့ၾကၿပီးေနာက္ အေမရိကန္ဟာ မဟာမိတ္ ကာ့ဒ္ျပည္သူ႕စစ္ေတြကုိ စြန္ ့ခြာကာ ေဒသတြင္းက တပ္ေတြကုိ ရုပ္သိမ္း ေပးဖုိ ့စီစဥ္ခဲ့ပါတယ္။ ၄င္းတုိ ့ေတြ ဖုန္းေျပာဆုိၿပီး ရက္ပုိင္းအၾကာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန ့မွာပဲ တူရကီက ဆီးရီးယားေျမာက္ပုိင္းကုိ က်ဴးေက်ာ္ထုိးစစ္ စတင္ခဲ့တာပါ။ ေဘးအႏၱရာယ္ႀကဳံႏုိင္တဲ့ အေနအထားမွ ကင္းလြတ္ေစဖုိ ့အတြက္ ပဋိပကၡဇုန္ထဲရွိေနတဲ့ အေမရိကန္ တပ္ဖြဲ႕၀င္ ၅၀ ကုိ ျပန္လည္ေျပာင္းေရႊ႕ေနရာခ်ဖုိ ့ ထရန္ ့က ရုတ္တရက္ေၾကညာခဲ့ၿပီး ဒါဟာ ကာ့ဒ္ေတြကုိ တူရကီက တုိက္ႏုိင္ဖုိ ့လမ္းဖြင့္ေပးလုိက္တာျဖစ္တယ္ ဆုိတဲ့ ေ၀ဖန္မႈေတြကုိ ပယ္ခ်ခဲ့ပါတယ္။ စစ္ဆင္ေရးအတြက္ အာဒုိဂန္ကုိ မီးစိမ္းျပလုိက္တာျဖစ္ေၾကာင္းလည္း က်ယ္က်ယ္ျပန္ ့ျပန္ ့ေ၀ဖန္ခဲ့ၾကပါတယ္။

                အေမရိကန္ ကြန္ဂရက္မွ ဥပေဒျပဳအမတ္ေတြက သူတုိ ့ရဲ႕ ကုိယ္ပုိင္နည္းလမ္းေတြနဲ႕ ပိတ္ဆုိ ့မႈ ေတြ ခ်မွတ္ဖုိ ့လုပ္ေဆာင္ေနသလုိ ထရန္ ့ကလည္း ဆီးရီးယားေျမာက္ပုိင္း တူရကီ စစ္ဆင္ေရးကုိ အားေပး ကူညီခဲ့ၾကတဲ့ တူရကီအစုိးရ လက္ရွိအရာရွိေတြနဲ႕ အရာရွိေဟာင္းေတြကုိ သမၼတရဲ႕ သီးျခား အခြင့္အာဏာအရ ပိတ္ဆုိ ့ဒဏ္ခတ္မႈေတြ ခ်မွတ္ခဲ့ပါတယ္။

               တူရကီရဲ႕ သံမဏိသြင္းကုန္ ၅၀ ရာခုိင္ႏႈန္းအေပၚ အခြန္စည္းၾကပ္မႈ ျပန္လည္တုိးျမွင့္ေၾကာင္းနဲ႕ တူရကီနဲ႕ ေဒၚလာ ၁၀၀ ဘီလီယံ တန္ဖုိးရွိ ကုန္သြယ္ေရး သေဘာတူညီခ်က္ဆုိင္ရာ ေစ့စပ္ေျပာဆုိေနမႈေတြ ကုိလည္း ရပ္ဆုိင္းလုိက္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ထရန္ ့က ေျပာဆုိခဲ့ပါတယ္။

Reuters

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။