Skip to main content
အခြေခံစပါးဈေးနှုန်း တင်း ၁၀၀လျှင် ကျပ် ငါးသိန်းဖြင့် ဝယ်ယူရန် အစိုးရ သတ်မှတ်
Ads Block

အခြေခံစပါးဈေးနှုန်း တင်း ၁၀၀လျှင် ကျပ် ငါးသိန်းဖြင့် ဝယ်ယူရန် အစိုးရ သတ်မှတ်

စပါးစိုက် တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသည့် ဈေးနှုန်းရရှိစေရန် ၂၀၁၉ မိုးစပါးနှင့် ၂၀၂၀ နွေစပါးတို့၏ အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို တင်း ၁၀၀လျှင် ကျပ် ၅သိန်းအဖြစ် ယနေ့ (အောက်တိုဘာလ ၁၅ရက်)တွင် အစိုးရက သတ်မှတ်ပေးလိုက်သည်။

စပါး တင်း ၁၀၀လျှင် ကျပ် ၅သိန်းသတ်မှတ်ရာတွင် အစိုဓာတ် ၁၄ရာခိုင်နှုန်းရှိ၍ အဖျင်း၊အမှော်၊သဲ၊ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်ချက် ကိုက်ညီသည့် ၄၆ပေါင်ကိုက် ဖြစ်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

“ တင်း ၁၀၀ကို ငါးသိန်း သတ်မှတ်လိုက်တာက သူ့ဘက် ကိုယ့်ဘက် ဘက်မျှပါတယ်။ ငါးသိန်းပေါက်ဈေးအတိုင်း ပေးဝယ်ဆိုရင်တော့ လယ်သမားတွေအတွက် အဆင်ပြေပါတယ်။ ငါးသိန်းထက် များသွားရင် ဝယ်စားတဲ့သူတွေ အဆင်မပြေပြန်ဘူး။ အဲဒီလိုတော့ ရှိပါတယ်” သာပေါင်းမြို့နယ်မှ လယ်သမား ဦးကံသောင်းက ပြောသည်။

အစိုး ရမှ စပါးတင်း ၁၀၀လျှင် ကျပ် ၅သိန်း သတ်မှတ်သော်လည်း စပါးများများထွက်ရှိသည့်နေရာများမှာ ရေနက်ကွင်းများဖြစ်သည့်အတွက် အဆိုပါ ၅သိန်းမှာ မြေပုံသို့မဟုတ် ဆန်စက်အဝင်ဈေးနှုန်းလားဆိုတာကို တိတိကျကျ ထုတ်ပြန်ပေးသင့်ကြောင်း ၎င်းကပြောသည်။

“  ကျွန်တော်တို့ ထုတ်ပြန်ချက်ထဲမှာလည်း ပါပါတယ်။ သတ်မှတ်ထားတဲ့အရည်အသွေးနဲ့ကိုက်ညီရင် အနိမ့်ဆုံး ငါးသိန်းနဲ့ ဝယ်ရမှာပါ။ ငါးသိန်းအောက် ရောင်းတာဝယ်တာတွေကတော့ စပါးအရည်အသွေးနိမ့်မယ်။ ရောင်းသူနဲ့ ဝယ်သူ သဘောတူရောင်းတဲ့ဟာမျိုးတွေရှိတယ်။ အရည်အသွေးပြည့်မီတဲ့စပါးဖြစ်ပြီး အနိမ့်ဆုံးဈေးထက် နိမ့်ဝယ်တာတွေရှိလာရင် ဆန်စပါးအသင်းချုပ်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောသည်။

၂၀၁၈ခုနှစ်ကလည်း ၄၆ပေါင်ကိုက် စပါးတင်း ၁၀၀လျှင် ကျပ် ၅သိန်း ထုတ်ပြန်ခဲ့သော်လည်း ထုတ်ပြန်ပြီး နောက်ပိုင်းကာလများတွင် ကျပ် ၅သိန်းအောက်သာ ဈေးပေါက်ခဲ့ကြောင်း သိရသည်။ ယခုနှစ် နွေစပါးပေါ်ချိန်တွင် စပါး တင်း၁၀၀လျှပ် ကျပ် ၄သိန်းစွန်းစွန်းသာ ဈေးပေါက်ခဲ့ကြောင်း လယ်သမားများထံက သိရသည်။

ဈေးကွက်ပေါက်ဈေးသည် အခြေခံစပါးဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံစပါးဈေးနှုန်းအောက်တွင် ရှိပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရ မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အခြေခံဈေးနှုန်းဖြင့် ရောင်းချရန် အခက်အခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ရုံးချုပ်နှင့် မြို့နယ်ကိုယ်စားလှယ်များထံ ဆက်သွယ်နိုင်ပြီး အသင်းချုပ်ဖုန်းဖြစ်သည့် ၀၁- ၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆ သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

Zawgyi Version

အေျခခံစပါးေစ်းႏႈန္း တင္း ၁၀၀လွ်င္ က်ပ္ ငါးသိန္းျဖင့္ ဝယ္ယူရန္ အစုိးရ သတ္မွတ္

စပါးစိုက္ ေတာင္သူလယ္သမားမ်ားအတြက္ သင့္တင့္မွ်တသည့္ ေစ်းႏႈန္းရရွိေစရန္ ၂၀၁၉ မိုးစပါးႏွင့္ ၂၀၂၀ ေႏြစပါးတို႔၏ အေျခခံရည္ညႊန္း စပါးေစ်းႏႈန္းကို တင္း ၁၀၀လွ်င္ က်ပ္ ၅သိန္းအျဖစ္ ယေန႔ (ေအာက္တိုဘာလ ၁၅ရက္)တြင္ အစိုးရက သတ္မွတ္ေပးလိုက္သည္။

စပါး တင္း ၁၀၀လွ်င္ က်ပ္ ၅သိန္းသတ္မွတ္ရာတြင္ အစိုဓာတ္ ၁၄ရာခုိင္ႏႈန္းရွိ အဖ်င္း၊အေမွာ္၊သဲ၊ခဲ ကင္းစင္ၿပီး အရည္အေသြးဆုိင္ရာ သတ္မွတ္ခ်က္ ကုိက္ညီသည့္ ၄၆ေပါင္ကိုက္ ျဖစ္ရမည္ျဖစ္ေၾကာင္း သတ္မွတ္ထားသည္။

“ တင္း ၁၀၀ကို ငါးသိန္း သတ္မွတ္လုိက္တာက သူ႔ဘက္ ကိုယ့္ဘက္ ဘက္မွ်ပါတယ္။ ငါးသိန္းေပါက္ေစ်းအတုိင္း ေပးဝယ္ဆုိရင္ေတာ့ လယ္သမားေတြအတြက္ အဆင္ေျပပါတယ္။ ငါးသိန္းထက္ မ်ားသြားရင္ ဝယ္စားတဲ့သူေတြ အဆင္မေျပျပန္ဘူး။ အဲဒီလုိေတာ့ ရွိပါတယ္” သာေပါင္းၿမိဳ႕နယ္မွ လယ္သမား ဦးကံေသာင္းက ေျပာသည္။

အစိုး ရမွ စပါးတင္း ၁၀၀လွ်င္ က်ပ္ ၅သိန္း သတ္မွတ္ေသာ္လည္း စပါးမ်ားမ်ားထြက္ရွိသည့္ေနရာမ်ားမွာ ေရနက္ကြင္းမ်ားျဖစ္သည့္အတြက္ အဆုိပါ ၅သိန္းမွာ ေျမပံုသုိ႔မဟုတ္ ဆန္စက္အဝင္ေစ်းႏႈန္းလားဆိုတာကို တိတိက်က် ထုတ္ျပန္ေပးသင့္ေၾကာင္း ၎ကေျပာသည္။

  ကၽြန္ေတာ္တုိ႔ ထုတ္ျပန္ခ်က္ထဲမွာလည္း ပါပါတယ္။ သတ္မွတ္ထားတဲ့အရည္အေသြးနဲ႔ကိုက္ညီရင္ အနိမ့္ဆံုး ငါးသိန္းနဲ႔ ဝယ္ရမွာပါ။ ငါးသိန္းေအာက္ ေရာင္းတာဝယ္တာေတြကေတာ့ စပါးအရည္အေသြးနိမ့္မယ္။ ေရာင္းသူနဲ႔ ဝယ္သူ သေဘာတူေရာင္းတဲ့ဟာမ်ိဳးေတြရွိတယ္။ အရည္အေသြးျပည့္မီတဲ့စပါးျဖစ္ၿပီး အနိမ့္ဆံုးေစ်းထက္ နိမ့္ဝယ္တာေတြရွိလာရင္ ဆန္စပါးအသင္းခ်ဳပ္နဲ႔ ပူးေပါင္းၿပီး ေဆာင္ရြက္သြားမွာပါ” ဟု စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးတင့္ထြန္းက ေျပာသည္။

၂၀၁၈ခုႏွစ္ကလည္း ၄၆ေပါင္ကိုက္ စပါးတင္း ၁၀၀လွ်င္ က်ပ္ ၅သိန္း ထုတ္ျပန္ခဲ့ေသာ္လည္း ထုတ္ျပန္ၿပီး ေနာက္ပိုင္းကာလမ်ားတြင္ က်ပ္ ၅သိန္းေအာက္သာ ေစ်းေပါက္ခဲ့ေၾကာင္း သိရသည္။ ယခုႏွစ္ ေႏြစပါးေပၚခ်ိန္တြင္ စပါး တင္း၁၀၀လွ်ပ္ က်ပ္ ၄သိန္းစြန္းစြန္းသာ ေစ်းေပါက္ခဲ့ေၾကာင္း လယ္သမားမ်ားထံက သိရသည္။

ေစ်းကြက္ေပါက္ေစ်းသည္ အေျခခံစပါးေစ်းႏႈန္းအေပၚတြင္ျဖစ္ပါက ေစ်းကြက္ေပါက္ေစ်းအတုိင္း ဝယ္ယူရန္ႏွင့္ ေစ်းကြက္ေပါက္ေစ်းသည္ အေျခခံစပါးေစ်းႏႈန္းေအာက္တြင္ ရွိပါက အေျခခံေစ်းႏႈန္းအတုိင္း ဝယ္ယူရ မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

အေျခခံေစ်းႏႈန္းျဖင့္ ေရာင္းခ်ရန္ အခက္အခဲရွိေသာ ေတာင္သူလယ္သမားမ်ားအေနျဖင့္ ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္ ရုံးခ်ဳပ္ႏွင့္ ၿမိဳ႕နယ္ကိုယ္စားလွယ္မ်ားထံ ဆက္သြယ္ႏုိင္ၿပီး အသင္းခ်ဳပ္ဖုန္းျဖစ္သည့္ ၀၁- ၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆ သို႔လည္း ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။