Skip to main content
ကိုရီးယားရောက် မြန်မာလုပ်သားများထံမှ ဝမ်သိန်း ၂၀၀၀ကျော် လိမ်လည်သူအား မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းမိ
Ads Block

ကိုရီးယားရောက် မြန်မာလုပ်သားများထံမှ ဝမ်သိန်း ၂၀၀၀ကျော် လိမ်လည်သူအား မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းမိ

ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများထံမှ ဝမ်သိန်း ၂၀၀၀ကျော် လိမ်လည်ခဲ့သူအား မင်္ဂလာဒုံ လေဆိပ်တွင် အောက်တိုဘာလ ၁၂ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး အာမခံပေး၍ ရသည့် ပုဒ်မဖြစ်သည့်အတွက် အာမခံပေးထားကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ သိရသည်။

ကိုရီးယားနိုင်ငံတွင် စီးပွားရေးပညာဖြင့် ကျောင်းတက်နေသူဖြစ်သည့် မစိုးယုယုနှင်းမှာ ငွေလွဲလုပ်ငန်းနှင့် လေယာဉ်လက်မှတ်ရောင်းချခြင်းလုပ်ငန်းများ လုပ်ကိုင်နေပြီး မြန်မာလုပ်သား ၂၀ဦးထံမှ ဝမ်ငွေသိန်း ၂၀၀၀ကျော် လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ လေဆိပ်မှာ ဖမ်းမိပါတယ်။ အခုနောက်ဆုံးအခြေအနေကတော့ အာမခံပေးထားတယ်။ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တဲ့အတွက် အာမခံပေးထားတယ်။ အခုက သက်သေတွေလည်း မစစ်ရသေးဘူး” ဟု မင်္ဂလာဒုံမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စန်းဌေးက ပြောသည်။

အဆိုပါ အမျိုးသမီးအား ကိုရီးယားရောက် မြန်မာလုပ်သားများက တိုင်တန်းသည့်အတွက် မြန်မာအလုပ်သမား သံအရာရှိ ဦးဇေယျတင်ဝင်းထက်က စက်တင်ဘာလ ၂ရက်က ကိုရီးယားနိုင်ငံ အင်ချွန်းရဲစခန်းတွင် အမှုဖွင့် လှစ်ထားကြောင်းသိရသည်။

“ အားလုံး အလိမ်ခံရတဲ့သူက ၂၀လောက် ရှိပါတယ်။ သူတို့တိုင်တန်းတဲ့အတွက် အင်ချွန်းရဲစခန်းမှာ သက်သေ အထောက်အထား ပြည့်စုံတဲ့ ၁၂ဦးကနေ ပေါင်းပြီး တိုင်ထားပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်ထဲရေး၊ လဝက၊ အလုပ်သမားဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်ဖို့လည်း စာပို့ထားပါတယ်။ အခုသိသလောက်ကတော့ မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းမိတယ်။ အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်လို့ သိရတယ်။ ပြည်ထဲရေးက တရားဝင် အကြောင်းကြားတာတော့ မရှိတော့ဘူး”ဟု ဦးဇေယျတင်ဝင်းထက်က ပြောသည်။

မစိုးယုယုနှင်းမှာ ငွေကြေးလဲလှယ်မှုလုပ်ငန်းနှင့် လေယာဉ်လက်မှတ်ဝန်ဆောင်မှုလုပ်ငန်းကို အွန်လိုင်းမှ လုပ်ကိုင်ကာ ငွေကြေးလိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံမှ တိမ်းရှောင်ပြီး ရန်ကုန်သို့ ပြန်လည်ရောက်ရှိကာ မင်္ဂလာဒုံလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာရာတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် လိမ်လည်မှု ပုဒ်မ ၄၂၀ အရ အာမခံပေးထားကြောင်း သိရသည်။

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

Zawgyi Version

ကိုရီးယားေရာက္ ျမန္မာလုပ္သားမ်ားထံမွ ဝမ္သိန္း ၂၀၀၀ေက်ာ္ လိမ္လည္သူအား မဂၤလာဒံုေလဆိပ္တြင္ ဖမ္းမိ

ကိုရီးယားႏုိင္ငံတြင္ အလုပ္လုပ္ကိုင္ေနသူမ်ားထံမွ ဝမ္သိန္း ၂၀၀၀ေက်ာ္ လိမ္လည္ခဲ့သူအား မဂၤလာဒံု ေလဆိပ္တြင္ ေအာက္တိုဘာလ ၁၂ရက္ေန႔က ဖမ္းဆီးရမိခဲ့ၿပီး အာမခံေပး၍ ရသည့္ ပုဒ္မျဖစ္သည့္အတြက္ အာမခံေပးထားေၾကာင္း မဂၤလာဒံုၿမိဳ႕မရဲစခန္းမွ သိရသည္။

ကိုရီးယားႏုိင္ငံတြင္ စီးပြားေရးပညာျဖင့္ ေက်ာင္းတက္ေနသူျဖစ္သည့္ မစိုးယုယုႏွင္းမွာ ေငြလြဲလုပ္ငန္းႏွင့္ ေလယာဥ္လက္မွတ္ေရာင္းခ်ျခင္းလုပ္ငန္းမ်ား လုပ္ကိုင္ေနၿပီး ျမန္မာလုပ္သား ၂၀ဦးထံမွ ဝမ္ေငြသိန္း ၂၀၀၀ေက်ာ္ လိမ္လည္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ ေလဆိပ္မွာ ဖမ္းမိပါတယ္။ အခုေနာက္ဆံုးအေျခအေနကေတာ့ အာမခံေပးထားတယ္။ အာမခံေပးလုိ႔ရတဲ့ ပုဒ္မျဖစ္တဲ့အတြက္ အာမခံေပးထားတယ္။ အခုက သက္ေသေတြလည္း မစစ္ရေသးဘူး” ဟု မဂၤလာဒံုၿမိဳ႕မ ရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး စန္းေဌးက ေျပာသည္။

အဆုိပါ အမ်ိဳးသမီးအား ကိုရီးယားေရာက္ ျမန္မာလုပ္သားမ်ားက တုိင္တန္းသည့္အတြက္ ျမန္မာအလုပ္သမား သံအရာရွိ ဦးေဇယ်တင္ဝင္းထက္က စက္တင္ဘာလ ၂ရက္က ကိုရီးယားႏုိင္ငံ အင္ခၽြန္းရဲစခန္းတြင္ အမႈဖြင့္ လွစ္ထားေၾကာင္းသိရသည္။

“ အားလံုး အလိမ္ခံရတဲ့သူက ၂၀ေလာက္ ရွိပါတယ္။ သူတုိ႔တုိင္တန္းတဲ့အတြက္ အင္ခၽြန္းရဲစခန္းမွာ သက္ေသ အေထာက္အထား ျပည့္စံုတဲ့ ၁၂ဦးကေန ေပါင္းၿပီး တုိင္ထားပါတယ္။ ျမန္မာႏုိင္ငံမွာရွိတဲ့ ျပည္ထဲေရး၊ လဝက၊ အလုပ္သမားဝန္ႀကီးဌာနတုိ႔က ပူးေပါင္းေဆာင္ရြက္ဖုိ႔လည္း စာပို႔ထားပါတယ္။ အခုသိသေလာက္ကေတာ့ မဂၤလာဒံုေလဆိပ္မွာ ဖမ္းမိတယ္။ အာမခံနဲ႔ ျပန္လႊတ္ေပးထားတယ္လုိ႔ သိရတယ္။ ျပည္ထဲေရးက တရားဝင္ အေၾကာင္းၾကားတာေတာ့ မရွိေတာ့ဘူး”ဟု ဦးေဇယ်တင္ဝင္းထက္က ေျပာသည္။

မစိုးယုယုႏွင္းမွာ ေငြေၾကးလဲလွယ္မႈလုပ္ငန္းႏွင့္ ေလယာဥ္လက္မွတ္ဝန္ေဆာင္မႈလုပ္ငန္းကုိ အြန္လိုင္းမွ လုပ္ကိုင္ကာ ေငြေၾကးလိမ္လည္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ကိုရီးယားႏုိင္ငံမွ တိမ္းေရွာင္ၿပီး ရန္ကုန္သို႔ ျပန္လည္ေရာက္ရွိကာ မဂၤလာဒံုေလဆိပ္မွ ထုိင္းႏုိင္ငံသို႔ ထြက္ခြာရာတြင္ ရဲတပ္ဖြဲ႔မွ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း၊ လက္ရွိတြင္ လိမ္လည္မႈ ပုဒ္မ ၄၂၀ အရ အာမခံေပးထားေၾကာင္း သိရသည္။

ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။