Skip to main content
သံကြိုးတွေ ချည်နှောင်ခံထားရကာ လိင်စော်ကားပြုကျင့်ခံနေခဲ့ရတဲ့ လူငယ် ၃၀၀ ကျော်ကို ဒုတိယမြောက် ဘာသာရေးစာသင်ကျောင်းတစ်ခုအတွင်းမှ ကယ်တင်ပေးခဲ့ရဟု နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ ပြောဆို 
Ads Block

သံကြိုးတွေ ချည်နှောင်ခံထားရကာ လိင်စော်ကားပြုကျင့်ခံနေခဲ့ရတဲ့ လူငယ် ၃၀၀ ကျော်ကို ဒုတိယမြောက် ဘာသာရေးစာသင်ကျောင်းတစ်ခုအတွင်းမှ ကယ်တင်ပေးခဲ့ရဟု နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ ပြောဆို 

               တစ်လအတွင်း ဒုတိယမြောက် အစ္စလာမ်မစ် စာသင်ကျောင်းတစ်ကျောင်းကို စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့ရာမှာ သံကြိုးတွေ ချည်နှောင်ခံထားရပြီး လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခံနေခဲ့ရတဲ့ လူငယ် အမျိုးသား ၃၀၀ ကျော်ကို ကယ်တင်ပေးခဲ့ရကြောင်း နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ရဲတပ်ဖွဲ့က တနင်္လာနေ့(အောက်တိုဘာ ၁၄ ) မှာ ပြောဆိုခဲ့ပါတယ်။

သံကြိုးတွေ ချည်နှောင်ခံထားရကာ လိင်စော်ကားပြုကျင့်ခံနေခဲ့ရတဲ့ လူငယ် ၃၀၀ ကျော်ကို ဒုတိယမြောက် ဘာသာရေးစာသင်ကျောင်းတစ်ခုအတွင်းမှ ကယ်တင်ပေးခဲ့ရဟု နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ ပြောဆို 

               ဘာသာရေး စာသင်ကျောင်းရဲ့ အိပ်ဆောင်ကနေ ကျောင်းသားအချို့ တနင်္ဂနွေနေ့က ထွက်ပြေးလွတ်မြောက်လာကာ ၎င်းတို့ကြုံတွေ့နေရတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် ကတ်စီနာပြည်နယ် ဒါယူရာမြို့က စာသင်ကျောင်းကို ရဲက ဝင်စီးခဲ့တာဖြစ်ပါတယ်။ လူငယ်အမျိုးသားတွေဟာ သံကြိုးတွေနဲ့ ချည်နှောင်ခံထားရပြီး နှိပ်စက်ညှင်းပန်းခံထားရကြောင်း ကတ်စီနာပြည်နယ် ရဲချုပ် ဆန်နူစီ ဘူဘာက သတင်းထောက်တွေကို ပြောဆိုပါတယ်။ လူမဆန်တဲ့ ဆက်ဆံခံရမှုတွေကြောင့် အကျဉ်းကျနေသူအချို့က တနင်္ဂနွေနေ့မှာ တော်လှန်ပုန်ကန်ဖို့ဆုံးဖြတ်ခဲ့ရာမှ ယင်း စာသင်ကျောင်းမှာ အကျဉ်းချခံထားရသူ ၃၀၀ ကျော်လောက်ရှိနေတာ မိမိတို့ သိခဲ့ရတာဖြစ်ကြောင်း ၎င်းက ပြောဆိုပါတယ်။ အကျဉ်းကျနေသူအချိုု့ လွတ်မြောက်လာခဲ့ကာ ၆၀ လောက် ကျန်ရစ်ခဲ့ကြောင်း ၎င်းတို့အားလုံးနီးပါး သံကြိုးတွေနဲ့ ချည်ထားခံရကြောင်း ဘူဘာက ပြောဆိုခဲ့ပါတယ်။

            ယင်း စာသင်ကျောင်းကို အသက် ၇၈ နှစ်အရွယ် မွတ်ဆလင် တရားဟောဆရာ ဘဲလ်လို မိုင် အယ်မာဂျီရိုင်က လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကတည်းက တည်ထောင်ခဲ့တာဖြစ်ကြောင်း ဘူဘာက ပြောပါတယ်။ နောက်ပိုင်းမှာ ၎င်းဟာ ကျောင်းရဲ့ စီမံခန့်ခွဲမှုဆိုင်ရာကို သားဖြစ်သူထံ လွှဲပြောင်းပေးခဲ့ပါတယ်။

                  စာသင်ကျောင်းမှာ သင်ကြားနေသူတွေဟာ ကတ်စီနာပြည်နယ်နဲ့ အိမ်နီးချင်း နိုင်ဂျာနိုင်ငံ အပါအဝင် နိုင်ဂျီးရီးယားနိုင်ငံ ဒေသအသီးသီးက ရောက်ရှိလာကြတဲ့ လူငယ်တွေဖြစ်တယ်လို့ ရဲချုပ်က ပြောဆိုပါတယ်။ ဆရာဖြစ်သူတွေဟာ သူတို့ကို လိင်တူဆက်ဆံခဲ့ကြတယ်လို့ အချို့ကျောင်းသားတွေက ထုတ်ဖော်ပြောဆိုကြပြီး အကျဉ်းကျကျောင်းသားတွေဟာ လူမဆန်တဲ့ အခြေအနေတွေ ကြုံတွေခံစားခဲ့ရကြောင်း ဘူဘာက ပြောဆိုပါတယ်။ အခုအခါ လူငယ်တွေရဲ့ ကိုယ်ရေးရာဇဝင်ဖော်ထုတ်သိရှိဖို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်ပေးဖို့ ရဲတပ်ဖွဲ့က ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ပြောပါတယ်။

              စာသင်ကျောင်းကို ဝင်စီးခဲ့ချိန်မှာ ထွက်ပြေးလွတ်မြောက်သွားကြတဲ့ ကျောင်းပိုင်ရှင်နဲ့ ဆရာဖြစ်သူတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမှာဖြစ်ပြီး ဥပဒေ အတိုင်း အပြစ်ဒဏ်ရင်ဆိုင်ရစေမှာဖြစ်ကြောင်း ဘူဘာက ပြောဆိုခဲ့ပါတယ်။ 

The Straits Times

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

သံႀကိဳးေတြ ခ်ည္ေႏွာင္ခံထားရကာ လိင္ေစာ္ကားျပဳက်င့္ခံေနခဲ့ရတဲ့ လူငယ္ ၃၀၀ ေက်ာ္ကုိ ဒုတိယေျမာက္ ဘာသာေရးစာသင္ေက်ာင္းတစ္ခုအတြင္းမွ ကယ္တင္ေပးခဲ့ရဟု ႏုိင္ဂ်ီးရီးယား ရဲတပ္ဖြဲ႕ ေျပာဆုိ

               တစ္လအတြင္း ဒုတိယေျမာက္ အစၥလာမ္မစ္ စာသင္ေက်ာင္းတစ္ေက်ာင္းကုိ စီးနင္းရွာေဖြမႈေတြ လုပ္ခဲ့ရာမွာ သံႀကဳိးေတြ ခ်ည္ေႏွာင္ခံထားရၿပီး လိင္ပုိင္းဆုိင္ရာ မေတာ္မတရား ျပဳက်င့္ခံေနခဲ့ရတဲ့ လူငယ္ အမ်ဳိးသား ၃၀၀ ေက်ာ္ကုိ ကယ္တင္ေပးခဲ့ရေၾကာင္း ႏုိင္ဂ်ီးရီးယားႏုိင္ငံ ေျမာက္ပုိင္း ရဲတပ္ဖြဲ႕က တနလၤာေန ့(ေအာက္တုိဘာ ၁၄ ) မွာ ေျပာဆုိခဲ့ပါတယ္။

               ဘာသာေရး စာသင္ေက်ာင္းရဲ႕ အိပ္ေဆာင္ကေန ေက်ာင္းသားအခ်ဳိ႕ တနဂၤေႏြေန ့က ထြက္ေျပးလြတ္ေျမာက္လာကာ ၄င္းတုိ ့ႀကဳံေတြ႕ေနရတဲ့ ျဖစ္ရပ္ေတြနဲ႕ပတ္သက္ၿပီး လမ္းေပၚထြက္ ဆႏၵျပမႈေတြ ေပၚေပါက္ခဲ့ၿပီးေနာက္ ကတ္စီနာျပည္နယ္ ဒါယူရာၿမိဳ႕က စာသင္ေက်ာင္းကုိ ရဲက ၀င္စီးခဲ့တာျဖစ္ပါတယ္။ လူငယ္အမ်ဳိးသားေတြဟာ သံႀကဳိးေတြနဲ႕ ခ်ည္ေႏွာင္ခံထားရၿပီး ႏွိပ္စက္ညွင္းပန္းခံထားရေၾကာင္း ကတ္စီနာျပည္နယ္ ရဲခ်ဳပ္ ဆန္ႏူစီ ဘူဘာက သတင္းေထာက္ေတြကုိ ေျပာဆုိပါတယ္။ လူမဆန္တဲ့ ဆက္ဆံခံရမႈေတြေၾကာင့္ အက်ဥ္းက်ေနသူအခ်ဳိ႕က တနဂၤေႏြေန႕မွာ ေတာ္လွန္ပုန္ကန္ဖုိ ့ဆုံးျဖတ္ခဲ့ရာမွ ယင္း စာသင္ေက်ာင္းမွာ အက်ဥ္းခ်ခံထားရသူ ၃၀၀ ေက်ာ္ေလာက္ရွိေနတာ မိမိတုိ ့ သိခဲ့ရတာျဖစ္ေၾကာင္း ၄င္းက ေျပာဆုိပါတယ္။ အက်ဥ္းက်ေနသူအခ်ုဳိ႕ လြတ္ေျမာက္လာခဲ့ကာ ၆၀ ေလာက္ က်န္ရစ္ခဲ့ေၾကာင္း ၄င္းတုိ ့အားလုံးနီးပါး သံႀကိဳးေတြနဲ႕ ခ်ည္ထားခံရေၾကာင္း ဘူဘာက ေျပာဆုိခဲ့ပါတယ္။

            ယင္း စာသင္ေက်ာင္းကုိ အသက္ ၇၈ ႏွစ္အရြယ္ မြတ္ဆလင္ တရားေဟာဆရာ ဘဲလ္လုိ မုိင္ အယ္မာဂ်ီရုိင္က လြန္ခဲ့တဲ့ ႏွစ္ ၄၀ ေလာက္ကတည္းက တည္ေထာင္ခဲ့တာျဖစ္ေၾကာင္း ဘူဘာက ေျပာပါတယ္။ ေနာက္ပုိင္းမွာ ၄င္းဟာ ေက်ာင္းရဲ႕ စီမံခန္ ့ခြဲမႈဆုိင္ရာကုိ သားျဖစ္သူထံ လႊဲေျပာင္းေပးခဲ့ပါတယ္။

                  စာသင္ေက်ာင္းမွာ သင္ၾကားေနသူေတြဟာ ကတ္စီနာျပည္နယ္နဲ႕ အိမ္နီးခ်င္း ႏုိင္ဂ်ာႏုိင္ငံ အပါအ၀င္ ႏုိင္ဂ်ီးရီးယားႏုိင္ငံ ေဒသအသီးသီးက ေရာက္ရွိလာၾကတဲ့ လူငယ္ေတြျဖစ္တယ္လုိ ့ ရဲခ်ဳပ္က ေျပာဆုိပါတယ္။ ဆရာျဖစ္သူေတြဟာ သူတုိ ့ကုိ လိင္တူဆက္ဆံခဲ့ၾကတယ္လုိ ့ အခ်ဳိ႕ေက်ာင္းသားေတြက ထုတ္ေဖာ္ေျပာဆုိၾကၿပီး အက်ဥ္းက်ေက်ာင္းသားေတြဟာ လူမဆန္တဲ့ အေျခအေနေတြ ႀကဳံေတြခံစားခဲ့ရေၾကာင္း ဘူဘာက ေျပာဆုိပါတယ္။ အခုအခါ လူငယ္ေတြရဲ႕ ကုိယ္ေရးရာဇ၀င္ေဖာ္ထုတ္သိရွိဖုိ ့နဲ႕ သူတုိ ့ရဲ႕ မိသားစု၀င္ေတြနဲ႕ ဆက္သြယ္ေပးဖုိ ့ ရဲတပ္ဖြဲ႕က ျပည္နယ္အစုိးရနဲ႕ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း ၄င္းက ေျပာပါတယ္။

              စာသင္ေက်ာင္းကုိ ၀င္စီးခဲ့ခ်ိန္မွာ ထြက္ေျပးလြတ္ေျမာက္သြားၾကတဲ့ ေက်ာင္းပုိင္ရွင္နဲ႕ ဆရာျဖစ္သူေတြကုိ ဖမ္းဆီးရမိေရး ေဆာင္ရြက္သြားမွာျဖစ္ၿပီး ဥပေဒ အတုိင္း အျပစ္ဒဏ္ရင္ဆုိင္ရေစမွာျဖစ္ေၾကာင္း ဘူဘာက ေျပာဆုိခဲ့ပါတယ္။

The Straits Times

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။