Skip to main content
KTV ဆိုင်တွင် သီချင်းလာဆိုသည့် အမျိုးသား ၁ ဦး သေဆုံး
Ads Block

KTV ဆိုင်တွင် သီချင်းလာဆိုသည့် အမျိုးသား ၁ ဦး သေဆုံး

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ KTV ဆိုင်၌ သူငယ်ချင်းများနှင့်အတူ သီချင်းလာဆိုသည့် အမျိုးသား ၁ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၂၄ ရပ်ကွက်၊ သံသုမာလမ်းရှိ HI KTV ဆိုင်တွင် အောက်တိုဘာ လ ၁၄ ရက်၊ ည ၁၁ နာရီခွဲခန့်က သူငယ်ချင်းများနှင့်အတူ သီချင်းလာဆိုသည့် အမျိုးသား ၁ ဦးမှာ အိပ်ပျော်နေရင်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ သင်္ဃန်းကျွန်းမြို့နယ်၊ (ဂ) ရပ်ကွက်နေ ဦးအောင်အောင်ထွန်း၊ (၄၁)နှစ်ဆိုသူဖြစ်ပြီး ၎င်းသည် နှလုံးသွေးကြောကျဉ်းရောဂါခံစားနေရသူဖြစ်ကာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် ၁၂/၂၀၁၉ ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

Zawgyi Version







အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။