Skip to main content
စပိန်မှ ကာ့တလန်ဒေသ ခွဲထွက်ရေး ဦးဆောင်ခဲ့သူတွေ ထောင်ဒဏ်ချမှတ်ခံရ 
Ads Block

စပိန်မှ ကာ့တလန်ဒေသ ခွဲထွက်ရေး ဦးဆောင်ခဲ့သူတွေ ထောင်ဒဏ်ချမှတ်ခံရ 

           မအောင်မြင်ခဲ့တဲ့ လွတ်လပ်ရေးကြေညာမှုဖြစ်စဉ်အတွင်း ၎င်းတို့ပါဝင်ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍသီးသီးအတွက် ကာ့တလန်ဒေသမှ ခွဲထွက်ရေး ခေါင်းဆောင် ၉ ဦးကို ဆူပူအုံကြွအောင်လှုံဆော်မှု စွဲချက်တွေနဲ့ စပိန် တရားရုံးချုပ်က ထောင်ဒဏ် ၉ နှစ်ကနေ ၁၃ နှစ်အကြား ချမှတ်ခဲ့ပါတယ်။ ယင်း စီရင်ချက်ကြောင့် ဘာစီလိုနာမြို့မှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

               ဒါ့အပြင် ပိတ်ပင်တားမြစ်ခဲ့တဲ့ကြားက ခွဲထွက်ရေး ဆန္ဒခံယူပွဲပြုလုပ်ခဲ့ကာ ကာလတို လွတ်လပ်ရေးကြေညာခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ အခြား တရားစွဲဆိုခံရသူ သုံးဦးကတော့ အာဏာဖီဆန်မှုမြောက်ကြောင်းသာ စီရင်ချက်ချခဲ့ပြီး ထောင်ဒဏ်လွတ်မြောက်ခဲ့ပါတယ်။ တရားစွဲဆိုခံရသူအားလုံးဟာ ပုန်ကန်ထကြွမှုမြောက်တဲ့ စွဲချက်တွေကနေ လွတ်မြောက်ခဲ့ပေမယ့် တရားရုံးရဲ့ စီရင်ချက်အပေါ် ခွဲထွက်ရေး ဦးဆောင်သူတွေက တမုဟုတ်ချင်း ရှုတ်ချဝေဖန်ခဲ့ပါတယ်။ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ခေါင်းဆောင်တွေက အစိုးရကို အာခံဖီဆန်ဖို့နဲ့ လမ်းပေါ်ထွက်ဆန္ဒပြကြဖို့ လူထုကို တိုက်တွန်းခဲ့ကြပါတယ်။

            ထောင်ဒဏ်ချမှတ်လိုက်တာဟာ ယုတ်မာရက်စက်မှုတစ်ခုဖြစ်ကြောင်း ကာ့တလန်ဒေသဆိုင်ရာအစိုးရ အကြီးအကဲဟောင်း ကားလက်စ် ပူဒီမောင့်က ပြောဆိုခဲ့သလို ဒေသဆိုင်ရာ ပါလီမန်အကြီးအကဲ ရော်ဂျာ တိုရန့်ကလည်း ဒီမိုကရေစီ တိုက်ခိုက်ခံရခြင်းလို့ ဝေဖန်ခဲ့ပါတယ်။

                ကာ့တလန်ဒေသ ဘာစီလိုနာမြို့ရဲ့ အဓိက လမ်းမကြီး သုံးခုကို ဆန္ဒပြသူတွေက ပိတ်ဆို့ခဲ့ကြကာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် ဘာစီလိုနာမြို့ လွတ်လပ်ရေး ထောက်ခံ Omnium Cultural ရုံးချုပ် အပြင်ဘက်က လူအုပ်က ငါတို့ နောက်တစ်ကြိမ် ထပ်လုပ်မယ်” ဆိုတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ပါတယ်။ ယင်းကြွေးကြော်သံဟာ ကာ့တလန်ဒေသမှာ နောက်ထပ် လူထု ဆန္ဒခံယူပွဲတစ်ခု လုပ်ဆောင်လိုတဲ့ ခွဲထွက်ရေး ထောက်ခံသူတွေရဲ့ ကြွေးကြော်သံဖြစ်ပါတယ်။

               ဒါ့အပြင် ကာတာလိုနီးယားရဲ့ အခြားအစိတ်အပိုင်းတွေမှာလည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ စုဝေးခဲ့ကြပါတယ်။ ခွဲထွက်ရေးသမားတွေ အားကောင်းတဲ့ ဂျီရိုနာမြို့ပြင်က ဒေသဆိုင်ရာ မီးရထားလမ်းတွေ ပိတ်ဆို့ခံထားရကြောင်း မီးရထားကုမ္ပဏီ Rodalies က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 

Reuters

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

စပိန္မွ ကာ့တလန္ေဒသ ခြဲထြက္ေရး ဦးေဆာင္ခဲ့သူေတြ ေထာင္ဒဏ္ခ်မွတ္ခံရ

           မေအာင္ျမင္ခဲ့တဲ့ လြတ္လပ္ေရးေၾကညာမႈျဖစ္စဥ္အတြင္း ၄င္းတုိ ့ပါ၀င္ပတ္သက္ခဲ့တဲ့ အခန္းက႑သီးသီးအတြက္ ကာ့တလန္ေဒသမွ ခြဲထြက္ေရး ေခါင္းေဆာင္ ၉ ဦးကုိ ဆူပူအုံၾကြေအာင္လႈံေဆာ္မႈ စြဲခ်က္ေတြနဲ႕ စပိန္ တရားရုံးခ်ဳပ္က ေထာင္ဒဏ္ ၉ ႏွစ္ကေန ၁၃ ႏွစ္အၾကား ခ်မွတ္ခဲ့ပါတယ္။ ယင္း စီရင္ခ်က္ေၾကာင့္ ဘာစီလုိနာၿမိဳ႕မွာ ဆႏၵျပမႈေတြ ေပၚေပါက္လာခဲ့ပါတယ္။

               ဒါ့အျပင္ ပိတ္ပင္တားျမစ္ခဲ့တဲ့ၾကားက ခြဲထြက္ေရး ဆႏၵခံယူပြဲျပဳလုပ္ခဲ့ကာ ကာလတုိ လြတ္လပ္ေရးေၾကညာခဲ့တဲ့ ျဖစ္စဥ္မွာ ပါ၀င္ပတ္သက္ခဲ့တဲ့ အျခား တရားစြဲဆုိခံရသူ သုံးဦးကေတာ့ အာဏာဖီဆန္မႈေျမာက္ေၾကာင္းသာ စီရင္ခ်က္ခ်ခဲ့ၿပီး ေထာင္ဒဏ္လြတ္ေျမာက္ခဲ့ပါတယ္။ တရားစြဲဆုိခံရသူအားလုံးဟာ ပုန္ကန္ထၾကြမႈေျမာက္တဲ့ စြဲခ်က္ေတြကေန လြတ္ေျမာက္ခဲ့ေပမယ့္ တရားရုံးရဲ႕ စီရင္ခ်က္အေပၚ ခြဲထြက္ေရး ဦးေဆာင္သူေတြက တမုဟုတ္ခ်င္း ရႈတ္ခ်ေ၀ဖန္ခဲ့ပါတယ္။ ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ ေခါင္းေဆာင္ေတြက အစုိးရကုိ အာခံဖီဆန္ဖုိ ့နဲ႕ လမ္းေပၚထြက္ဆႏၵျပၾကဖုိ ့ လူထုကုိ တုိက္တြန္းခဲ့ၾကပါတယ္။

            ေထာင္ဒဏ္ခ်မွတ္လုိက္တာဟာ ယုတ္မာရက္စက္မႈတစ္ခုျဖစ္ေၾကာင္း ကာ့တလန္ေဒသဆုိင္ရာအစုိးရ အႀကီးအကဲေဟာင္း ကားလက္စ္ ပူဒီေမာင့္က ေျပာဆုိခဲ့သလုိ ေဒသဆုိင္ရာ ပါလီမန္အႀကီးအကဲ ေရာ္ဂ်ာ တုိရန္ ့ကလည္း ဒီမုိကေရစီ တုိက္ခုိက္ခံရျခင္းလုိ ့ ေ၀ဖန္ခဲ့ပါတယ္။

                ကာ့တလန္ေဒသ ဘာစီလုိနာၿမိဳ႕ရဲ႕ အဓိက လမ္းမႀကီး သုံးခုကုိ ဆႏၵျပသူေတြက ပိတ္ဆုိ ့ခဲ့ၾကကာ ႏုိင္ငံေရး အက်ဥ္းသားေတြ လႊတ္ေပးဆုိတဲ့ ဆုိင္းဘုတ္ေတြကုိင္ေဆာင္ ဆႏၵျပခဲ့ၾကပါတယ္။ ဒါ့အျပင္ ဘာစီလုိနာၿမိဳ႕ လြတ္လပ္ေရး ေထာက္ခံ Omnium Cultural ရုံးခ်ဳပ္ အျပင္ဘက္က လူအုပ္က ငါတုိ ့ ေနာက္တစ္ႀကိမ္ ထပ္လုပ္မယ္” ဆုိတဲ့ ေၾကြးေၾကာ္သံေတြ ဟစ္ေၾကြးခဲ့ပါတယ္။ ယင္းေၾကြးေၾကာ္သံဟာ ကာ့တလန္ေဒသမွာ ေနာက္ထပ္ လူထု ဆႏၵခံယူပြဲတစ္ခု လုပ္ေဆာင္လုိတဲ့ ခြဲထြက္ေရး ေထာက္ခံသူေတြရဲ႕ ေၾကြးေၾကာ္သံျဖစ္ပါတယ္။

               ဒါ့အျပင္ ကာတာလုိနီးယားရဲ႕ အျခားအစိတ္အပုိင္းေတြမွာလည္း အစုိးရဆန္ ့က်င္ေရး ဆႏၵျပသူေတြ စုေ၀းခဲ့ၾကပါတယ္။ ခြဲထြက္ေရးသမားေတြ အားေကာင္းတဲ့ ဂ်ီရုိနာၿမိဳ႕ျပင္က ေဒသဆုိင္ရာ မီးရထားလမ္းေတြ ပိတ္ဆုိ ့ခံထားရေၾကာင္း မီးရထားကုမၸဏီ Rodalies က တြစ္တာမွာ ေရးသားခဲ့ပါတယ္။

Reuters

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။