Skip to main content
သံဃာတော်များပူဇော်ပွဲသို့သွားသည့် စာသင်သံဃာ ၃ ပါးမိုင်းထိမှုဖြစ်ပွား 
Ads Block

သံဃာတော်များပူဇော်ပွဲသို့သွားသည့် စာသင်သံဃာ ၃ ပါးမိုင်းထိမှုဖြစ်ပွား 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ လွယ်ပျက်ကျေးရွာအနီးရှိ သံဃာတော်များပူဇော်ပွဲသို့သွားသည့် စာသင်သံဃာ ၃ ပါး လက်လုပ်မိုင်းထိ၍ ဒဏ်ရာရရှိခဲ့ကြောင်း ဇီဝိတလူမှုကူညီရေးအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်ရှိ (လွယ်ခလေးရွာ)ရွာ၌သံဃာတော်များပူဇော်ပွဲရှိသဖြင့် မန္တလေးမြို့တွင်စာသင်နေသောဒေသခံသံဃာ ၂ ပါးနှင့်စာသင်ဖက်သံဃာ ၁ ပါးတို့သည် သွားရောက်စဉ် အောက်တိုဘာလ ၁၃ ရက်၊ ည ၇ နာရီခန့်က မိုင်းငေါ့အထက် (လွယ်ပျက်ရွာ) အကျော် ၁ မိုင်ခွဲခန့်အရောက်တွင် မိုင်းပေါက်ကွဲထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သံဃာ ၃ ပါးကဆိုင်ကယ်နဲ့ နမ့်ဆန်မြို့ဘက်ကလွယ်ခလေးရွာကသံဃာတော်ပူဇော်ပွဲကိုအသွားမှာ လွယ်ပျက်ရွာဆိုတဲ့ရွာအထွက်တစ်မိုင်ခွဲလောက်မှာမိုင်းထိတယ်လို့သိရတယ်။ သံဃာ ၃ ပါးက မန္တလေးစာသင်တိုက်မှာစာသင်နေတဲ့သံဃာတော်တွေလို့သိရတယ်။ ၃ ပါးမှာ ၂ ပါးကဒေသခံ၊ ၁ ပါးက ဟိုပင်ဘက်ကလို့သိရတယ်”ဟု ဇီဝိတလူမှုကူညီရေးအသင်မှတာဝန်ရှိသူ ဦးတင်မောင်ထွန်းက ပြောသည်။

အဆိုပါ မိုင်းထိမှန်၍ ဒဏ်ရာရရှိသောသံဃာသုံးပါးအား ယနေ့(အောက်တိုဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် အိုမ်တမာဝ်လူမှုကူညီရေးအသင်းနှင့် ကျောက်မဲမြို့ကြက်ခြေနီအသင်းတို့မှ မိုင်းငေါ့၌သွားရောက်သယ်ဆောင်ကာကျောက်မဲဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါသံဃာတော် ၃ ပါးမှာ မိုင်းပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်အရေပြားများတွင် မိုင်းစများထိမှန်ခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

သံဃာေတာ္မ်ားပူေဇာ္ပြဲသုိ႔သြားသည့္ စာသင္သံဃာ ၃ ပါးမိုင္းထိမႈျဖစ္ပြား

ရွမ္းျပည္နယ္၊ ပေလာင္ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ နမ့္ဆန္ၿမိဳ႕နယ္၊ လြယ္ပ်က္ေက်းရြာအနီးရွိ သံဃာေတာ္မ်ားပူေဇာ္ပြဲသုိ႔သြားသည့္ စာသင္သံဃာ ၃ ပါး လက္လုပ္မိုင္းထိ၍ ဒဏ္ရာရရွိခဲ့ေၾကာင္း ဇီ၀ိတလူမႈကူညီေရးအသင္းမွ သိရသည္။

ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ နမ့္ဆန္ၿမိဳ႕နယ္ရွိ (လြယ္ခေလးရြာ)ရြာ၌သံဃာေတာ္မ်ားပူေဇာ္ပြဲရွိသျဖင့္ မႏၲေလးၿမိဳ႕တြင္စာသင္ေနေသာေဒသခံသံဃာ ၂ ပါးႏွင့္စာသင္ဖက္သံဃာ ၁ ပါးတို႔သည္ သြားေရာက္စဥ္ ေအာက္တုိဘာလ ၁၃ ရက္၊ ည ၇ နာရီခန္႔က မိုင္းေငါ့အထက္ (လြယ္ပ်က္ရြာ) အေက်ာ္ ၁ မိုင္ခြဲခန္႔အေရာက္တြင္ မိုင္းေပါက္ကြဲထိမွန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သံဃာ ၃ ပါးကဆုိင္ကယ္နဲ႔ နမ့္ဆန္ၿမိဳ႕ဘက္ကလြယ္ခေလးရြာကသံဃာေတာ္ပူေဇာ္ပြဲကုိအသြားမွာ လြယ္ပ်က္ရြာဆုိတဲ့ရြာအထြက္တစ္မုိင္ခဲြေလာက္မွာမုိင္းထိတယ္လုိ႔သိရတယ္။ သံဃာ ၃ ပါးက မႏၱေလးစာသင္တုိက္မွာစာသင္ေနတဲ့သံဃာေတာ္ေတြလုိ႔သိရတယ္။ ၃ ပါးမွာ ၂ ပါးကေဒသခံ၊ ၁ ပါးက ဟုိပင္ဘက္ကလုိ႔သိရတယ္”ဟု ဇီ၀ိတလူမႈကူညီေရးအသင္မွတာ၀န္ရွိသူ ဦးတင္ေမာင္ထြန္းက ေျပာသည္။

အဆုိပါ မုိင္းထိမွန္၍ ဒဏ္ရာရရွိေသာသံဃာသံုးပါးအား ယေန႔(ေအာက္တုိဘာလ ၁၄ ရက္) နံနက္ပုိင္းတြင္ အိုမ္တမာဝ္လူမႈကူညီေရးအသင္းႏွင့္ ေက်ာက္မဲၿမိဳ႕ႀကက္ေျခနီအသင္းတို႔မွ မိုင္းေငါ့၌သြားေရာက္သယ္ေဆာင္ကာေက်ာက္မဲေဆးရံုႀကီးသို႔ပုိ႔ေဆာင္ထားေၾကာင္း သိရသည္။

အဆိုပါသံဃာေတာ္ ၃ ပါးမွာ မုိင္းေပါက္ကြဲမႈေၾကာင့္ ခႏာကုိယ္အေရျပားမ်ားတြင္ မုိင္းစမ်ားထိမွန္ခဲ့ၿပီး မစုိးရိမ္ရေၾကာင္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။