Skip to main content
ဖောင်တော်ဦးဘုရားရုပ်ပွားတော်ပင့်ဆောင်ပြီးနောက် ပြန်လာသည့်လှေတိမ်းမှောက်ရာမှ ၄ ဦးသေဆုံး
Ads Block

ဖောင်တော်ဦးဘုရားရုပ်ပွားတော်ပင့်ဆောင်ပြီးနောက် ပြန်လာသည့်လှေတိမ်းမှောက်ရာမှ ၄ ဦးသေဆုံး

ဖောင်တော်ဦးဘုရားရုပ်ပွားတော်ပင့်ဆောင်ပြီးနောက် ပြန်လာသည့် လူ ၁၀၀ ကျော်လိုက်ပါလာသော ဆွဲလှေတိမ်းမှောက်သွားသဖြင့် ၄ ဦးသေဆုံးမှု ညောင်ရွှေမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်တွင် အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၁၀ နာရီခန့်က ဖောင်တော်ဦးရုပ်ပွားတော်မြတ်ကိုနန်းပန်ကျေးရွာစံကျောင်းမှ မန်ကျီးဆိပ်ကျေးရွာစံကျောင်းသို့ အင်းလေးကန်ကိုဖြတ်သန်းကြွချီပင့်ဆောင်ခဲ့ပြီးနောက် မိုင်းပျိုးသစ်ကျေးရွာသို့ဆွဲလှေ ၄၆ စင်းဖြင့် ပြန်လာကြစဉ် လူ ၁၀၀ ဦးလိုက်ပါလာသောဆွဲလှေမှာ ရေအနက် ၁၂ ပေအရောက်တွင် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ ဘုရားရုပ်ပွားတော်ကိုပင့်ဆောင်အပြီးအောင်မြင်စွာနဲ့ပြန်လာကြတဲ့အချိန်မှာ တိမ်းမှောက်သွားတာပါ။ ခြေနဲ့လှော်လာကြရင်း စက်လှေတွေကလည်းဖြတ်သန်းသွားတဲ့အချိန်မှာ လှိုင်းထပြီးတိမ်းမှောက်သွားတဲ့ သဘောပါ။ အခင်းဖြစ်တဲ့အချိန်မှာချက်ချင်းကူညီမယ်ဆိုရင်တော့ ဘယ်သူမှအခုလိုသေဆုံးမှာမဟုတ်ဗျ။ ဒါပေမဲ့ အကုန်လုံးကလည်းရေကူးတတ်သူတွေဖြစ်တယ်။ ပြီးတော့ အောင်ပွဲဆင်တဲ့အခါမှာရေထဲဆင်းပြီး အောင်ပွဲဆင်ကြတယ်လို့လည်း ထင်ယောင်ထင်မှားတာလည်းဖြစ်နိုင်တယ်။ ညောင်ရွှေရဲတပ်ဖွဲ့ကတော့ စစ်ဆေးနေတာပေါ့” ဟု ညောင်ရွှေမြို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးနေမျိုးက အကုန်သိသတင်းဌာနသို့ပြောသည်။

ယင်းတိမ်းမှောက်မှုကြောင့် ဦးလှကျော်၊ မောင်အောင်ကျော်ဇော၊ ကိုသိန်းဟန်နှင့် မောင်စိုးမြတ်မင်းတို့ ၄ ဦး သေဆုံးသွားခြင်းဖြစ်ပြီး ၎င်းတို့ကိုယနေ့(အောက်တိုဘာလ ၁၄ ရက်)တွင် သြင်္ဂိုဟ်ပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ညောင်ရွှေမြို့မရဲတပ်ဖွဲ့က အသေးစိတ်စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ - သံလွင်သွေးချင်း
ဒါးဇ(အကုန်သိသတင်းဌာန)

Zawgyi Version

ေဖာင္ေတာ္ဦးဘုရားရုပ္ပြားေတာ္ပင့္ေဆာင္ၿပီးေနာက္ ျပန္လာသည့္ေလွတိမ္းေမွာက္ရာမွ ၄ ဦးေသဆံုး

ေဖာင္ေတာ္ဦးဘုရားရုပ္ပြားေတာ္ပင့္ေဆာင္ၿပီးေနာက္ ျပန္လာသည့္ လူ ၁၀၀ ေက်ာ္လိုက္ပါလာေသာ ဆြဲေလွတိမ္းေမွာက္သြားသျဖင့္ ၄ ဦးေသဆံုးမႈ ေညာင္ေရႊၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ ေတာင္ႀကီးခရိုင္၊ ေညာင္ေရႊၿမိဳ႕နယ္တြင္ ေအာက္တိုဘာလ ၁၂ ရက္၊ နံနက္ ၁၀ နာရီခန္႔က ေဖာင္ေတာ္ဦးရုပ္ပြားေတာ္ျမတ္ကိုနန္းပန္ေက်းရြာစံေက်ာင္းမွ မန္က်ီးဆိပ္ေက်းရြာစံေက်ာင္းသို႔ အင္းေလးကန္ကိုျဖတ္သန္းၾကြခ်ီပင့္ေဆာင္ခဲ့ၿပီးေနာက္ မုိင္းပ်ိဳးသစ္ေက်းရြာသို႔ဆြဲေလွ ၄၆ စင္းျဖင့္ ျပန္လာၾကစဥ္ လူ ၁၀၀ ဦးလိုက္ပါလာေသာဆြဲေလွမွာ ေရအနက္ ၁၂ ေပအေရာက္တြင္ တိမ္းေမွာက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ ဘုရားရုပ္ပြားေတာ္ကိုပင့္ေဆာင္အၿပီးေအာင္ျမင္စြာနဲ႔ျပန္လာၾကတဲ့အခ်ိန္မွာ တိမ္းေမွာက္သြားတာပါ။ ေျခနဲ႔ေလွာ္လာၾကရင္း စက္ေလွေတြကလည္းျဖတ္သန္းသြားတဲ့အခ်ိန္မွာ လိႈင္းထၿပီးတိမ္းေမွာက္သြားတဲ့ သေဘာပါ။ အခင္းျဖစ္တဲ့အခ်ိန္မွာခ်က္ခ်င္းကူညီမယ္ဆိုရင္ေတာ့ ဘယ္သူမွအခုလိုေသဆံုးမွာမဟုတ္ဗ်။ ဒါေပမဲ့ အကုန္လံုးကလည္းေရကူးတတ္သူေတြျဖစ္တယ္။ ၿပီးေတာ့ ေအာင္ပြဲဆင္တဲ့အခါမွာေရထဲဆင္းၿပီး ေအာင္ပြဲဆင္ၾကတယ္လုိ႔လည္း ထင္ေယာင္ထင္မွားတာလည္းျဖစ္ႏုိင္တယ္။ ေညာင္ေရႊရဲတပ္ဖြဲ႔ကေတာ့ စစ္ေဆးေနတာေပါ့” ဟု ေညာင္ေရႊၿမိဳ႕အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ဦးေနမ်ိဳးက အကုန္သိသတင္းဌာနသို႔ေျပာသည္။

ယင္းတိမ္းေမွာက္မႈေၾကာင့္ ဦးလွေက်ာ္၊ ေမာင္ေအာင္ေက်ာ္ေဇာ၊ ကိုသိန္းဟန္ႏွင့္ ေမာင္စိုးျမတ္မင္းတို႔ ၄ ဦး ေသဆံုးသြားျခင္းျဖစ္ၿပီး ၎တို႔ကိုယေန႔(ေအာက္တိုဘာလ ၁၄ ရက္)တြင္ သၿဂၤိဳဟ္ၿပီးျဖစ္ေၾကာင္းသိရသည္။

အဆုိပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေညာင္ေရႊၿမိဳ႕မရဲတပ္ဖြဲ႔က အေသးစိတ္စစ္ေဆးေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သတင္းရရွိသည္။

ဓာတ္ပံု - သံလြင္ေသြးခ်င္း

ဒါးဇ(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။