Skip to main content
ဟောင်ကောင် အကြမ်းဖက်ဆူပူမှုတွေ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ အဆင့်ဖြစ်လာဟု ရဲတပ်ဖွဲ့ ပြောဆို 
Ads Block

ဟောင်ကောင် အကြမ်းဖက်ဆူပူမှုတွေ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ အဆင့်ဖြစ်လာဟု ရဲတပ်ဖွဲ့ ပြောဆို 

             ဆန္ဒပြသမားတွေနဲ့ ညသန်းခေါင် ရုန်းရင်းဆန်ခတ်မှုတွေမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓါးထိုးခံခဲ့ရသလို အသေးစားဗုံးပေါက်ကွဲမှုတစ်ခုပါ ဖြစ်လာခဲ့တာကြောင့် အာရှဘဏ္ဍာရေး အချက်အချာ ဟောင်ကောင်ဒေသရဲ့ အကြမ်းဖက်ဖြစ်စဉ်တွေဟာ “ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ အဆင့် ” ရောက်လာကြောင်း ဟောင်ကောင် ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။  

ဟောင်ကောင် အကြမ်းဖက်ဆူပူမှုတွေ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ အဆင့်ဖြစ်လာဟု ရဲတပ်ဖွဲ့ ပြောဆို 

             ရှော့ပင်းမောလ်တွေ၊ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား တိုက်ပွဲအသေးစားလေးတွေ ဖြစ်ပွားခဲ့မှုနဲ့အတူ တနင်္ဂနွေနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြချီတက်မှုတွေဟာ ဝရုန်းသုန်းကားအခြေအနေသို့ သက်ဆင်းသွားခဲ့ပါတယ်။ အနက်ရောင်ဝတ်စုံဝတ် တက်ကြွလှုပ်ရှားသူတွေဟာ ရဲစခန်းတစ်ခုကို ဓါတ်ဆီဗုံး အလုံး ၂၀ လောက် ပစ်သွင်းခဲ့ပြီး အခြားသူတွေကတော့ မြေအောက်ရထားဘူတာတွေနဲ့ ဈေးဆိုင်တွေကို ရမ်းကားဖျက်ဆီးခဲ့ကြပါတယ်။

              အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ သုံးတဲ့ လက်နက်နဲ့ ဆင်တူတဲ့ လက်ဖြစ် ဖောက်ခွဲရေးပစ္စည်း တစ်ခုကို တနင်္ဂနွေနေ့ညပိုင်းက ကောလွန်းခရိုင်မှာ လမ်းအပိတ်အဆို့တွေကို ရှင်းနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ နေရာအနီး ရဲကားတစ်စီးဖြတ်မောင်းစဉ် အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတစ်ဦးဟာ ရဲတစ်ဦးရဲ့ လည်ပင်းကို ချွန်ထက်တဲ့အရာတစ်ခုနဲ့ ဆွဲခြစ်ခဲ့ပါတယ်။

              “ရဲတပ်ဖွဲအပေါ် အကြမ်းဖက်မှုက အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ အဆင့်ရောက်လာပါပြီ” လို့ လက်ထောက်ရဲမင်းကြီး တန်ပင်းကွန်းက ပြောဆိုခဲ့ပါတယ်။ “သူတို့ဟာ ဆန္ဒပြသူတွေ မဟုတ်တော့ဘူး။ ဆူပူအုံကြွသူတွေ၊ ရာဇဝတ်သားတွေ ဖြစ်နေပြီ၊ ဒီလို အကြောင်းပြချက်မဲ့တဲ့ အကြမ်းဖက်မှုနဲ့ သူတို့တွေ ဘာအတွက် တိုက်ခိုက်နေကြတာလဲ” လို့လည်း ၎င်းက ဝေဖန်ခဲ့ပါတယ်။

                တရုတ် အချုပ်အချာပိုင် ဟောင်ကောင်ဒေသကို ပြည်မကြီးအစိုးရက ဆုပ်ကိုင်လွှမ်းမိုးမှု တင်းကျပ် လာတယ်လို့ ရှုမြင်လာကာ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တာ လေးလခန့်ရှိလာပြီဖြစ်ပြီး ယင်း ဆန္ဒပြမှုတွေမှာ မကြာခဏဆိုသလို အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ 

Reuters

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

ေဟာင္ေကာင္ အၾကမ္းဖက္ဆူပူမႈေတြ အသက္အႏၱရာယ္ၿခိမ္းေျခာက္တဲ့ အဆင့္ျဖစ္လာဟု ရဲတပ္ဖြဲ႕ ေျပာဆုိ

             ဆႏၵျပသမားေတြနဲ႕ ညသန္းေခါင္ ရုန္းရင္းဆန္ခတ္မႈေတြမွာ ရဲတပ္ဖြဲ႕၀င္တစ္ဦး ဓါးထုိးခံခဲ့ရသလုိ အေသးစားဗုံးေပါက္ကြဲမႈတစ္ခုပါ ျဖစ္လာခဲ့တာေၾကာင့္ အာရွဘ႑ာေရး အခ်က္အခ်ာ ေဟာင္ေကာင္ေဒသရဲ႕ အၾကမ္းဖက္ျဖစ္စဥ္ေတြဟာ “ အသက္အႏၱရာယ္ၿခိမ္းေျခာက္တဲ့ အဆင့္ ” ေရာက္လာေၾကာင္း ေဟာင္ေကာင္ ရဲတပ္ဖြဲ႕က တနလၤာေန ့မွာ ေျပာဆုိလုိက္ပါတယ္။  

             ေရွာ့ပင္းေမာလ္ေတြ၊ လမ္းေတြေပၚမွာ ဆႏၵျပသူေတြနဲ႕ ရဲတပ္ဖြဲ႕အၾကား တုိက္ပြဲအေသးစားေလးေတြ ျဖစ္ပြားခဲ့မႈနဲ႕အတူ တနဂၤေႏြေန ့က ၿငိမ္းခ်မ္းစြာ ဆႏၵျပခ်ီတက္မႈေတြဟာ ၀ရုန္းသုန္းကားအေျခအေနသုိ ့ သက္ဆင္းသြားခဲ့ပါတယ္။ အနက္ေရာင္၀တ္စုံ၀တ္ တက္ၾကြလႈပ္ရွားသူေတြဟာ ရဲစခန္းတစ္ခုကုိ ဓါတ္ဆီဗုံး အလုံး ၂၀ ေလာက္ ပစ္သြင္းခဲ့ၿပီး အျခားသူေတြကေတာ့ ေျမေအာက္ရထားဘူတာေတြနဲ႕ ေစ်းဆုိင္ေတြကုိ ရမ္းကားဖ်က္ဆီးခဲ့ၾကပါတယ္။

              အၾကမ္းဖက္တုိက္ခုိက္မႈေတြမွာ သုံးတဲ့ လက္နက္နဲ႕ ဆင္တူတဲ့ လက္ျဖစ္ ေဖာက္ခြဲေရးပစၥည္း တစ္ခုကုိ တနဂၤေႏြေန ့ညပုိင္းက ေကာလြန္းခရိုင္မွာ လမ္းအပိတ္အဆုိ ့ေတြကုိ ရွင္းေနတဲ့ ရဲတပ္ဖြဲ႕၀င္ေတြ ေနရာအနီး ရဲကားတစ္စီးျဖတ္ေမာင္းစဥ္ အေ၀းထိန္းခလုတ္နဲ႕ ေဖာက္ခြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာဆုိပါတယ္။ ဒါ့အျပင္ ဆႏၵျပသူတစ္ဦးဟာ ရဲတစ္ဦးရဲ႕ လည္ပင္းကုိ ခၽြန္ထက္တဲ့အရာတစ္ခုနဲ႕ ဆြဲျခစ္ခဲ့ပါတယ္။

              “ရဲတပ္ဖြဲအေပၚ အၾကမ္းဖက္မႈက အသက္အႏၱရာယ္ ၿခိမ္းေျခာက္တဲ့ အဆင့္ေရာက္လာပါၿပီ” လုိ႕ လက္ေထာက္ရဲမင္းႀကီး တန္ပင္းကြန္းက ေျပာဆုိခဲ့ပါတယ္။ “သူတို႕ဟာ ဆႏၵျပသူေတြ မဟုတ္ေတာ့ဘူး။ ဆူပူအုံၾကြသူေတြ၊ ရာဇ၀တ္သားေတြ ျဖစ္ေနၿပီ၊ ဒီလုိ အေၾကာင္းျပခ်က္မဲ့တဲ့ အၾကမ္းဖက္မႈနဲ႕ သူတုိ ့ေတြ ဘာအတြက္ တုိက္ခုိက္ေနၾကတာလဲ” လုိ ့လည္း ၄င္းက ေ၀ဖန္ခဲ့ပါတယ္။

                တရုတ္ အခ်ဳပ္အခ်ာပုိင္ ေဟာင္ေကာင္ေဒသကုိ ျပည္မႀကီးအစုိးရက ဆုပ္ကုိင္လႊမ္းမုိးမႈ တင္းက်ပ္ လာတယ္လုိ ့ ရႈျမင္လာကာ ကန္ ့ကြက္ဆႏၵျပမႈေတြ ေပၚေပါက္ေနခဲ့တာ ေလးလခန္႕ရွိလာၿပီျဖစ္ၿပီး ယင္း ဆႏၵျပမႈေတြမွာ မၾကာခဏဆုိသလုိ အၾကမ္းဖက္မႈေတြ ျဖစ္ေပၚေနခဲ့ပါတယ္။

Reuters

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။