Skip to main content
ကေပေါ့ပ်အဆိုတော်ဟောင်း မင်းသမီး ဆူလီကို သူမရဲ့ တိုက်ခန်းမှာ သေဆုံးလျက်တွေ့ရှိ  
Ads Block

ကေပေါ့ပ်အဆိုတော်ဟောင်း မင်းသမီး ဆူလီကို သူမရဲ့ တိုက်ခန်းမှာ သေဆုံးလျက်တွေ့ရှိ  

                 Cyber bullying လုပ်တာတွေကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ တောင်ကိုရီးယား အမျိုးသမီး ကေပေါ့ပ်ဂီတအဖွဲ့ f(x) ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သလို သရုပ်ဆောင်မင်းသမီးတစ်ယောက်လည်းဖြစ်တဲ့ ဆူလီတစ်ယောက် တနင်္လာနေ့က သူမရဲ့ တိုက်ခန်းမှာ သေဆုံးနေတာတွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုပါတယ်။

ကေပေါ့ပ်အဆိုတော်ဟောင်း မင်းသမီး ဆူလီကို သူမရဲ့ တိုက်ခန်းမှာ သေဆုံးလျက်တွေ့ရှိ  

               စင်မြင့်ပေါ်က နာမည် ဆူလီအဖြစ် လူသိများကြတဲ့ ချွိုင်ဂျင်ရီရဲ့ အလောင်းကို မြို့တော် ဆိုးလ်တောင်ဘက်က ဆောင်နမ်မြို့ရှိ သူမရဲ့ နေအိမ်မှာ တွေ့ရှိခဲ့တာလို့ ရဲက ပြောပါတယ်။

            ချိန်းထားတဲ့ နေရာကို ရောက်မလာတာကြောင့် သူ့ရဲ့ မန်နေဂျာဖြစ်သူက နေအိမ်လိုက်သွား ခဲ့ရာမှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆူလီဟာ စိတ်ဓါတ်ကျဆင်းမှု အကြီးအကျယ်ကြုံနေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆို ခဲ့ပြီး အသေးစိတ်အချက်အလက်ကိုတော့ မဖော်ပြခဲ့ပါဘူး။

     ဆူလီဟာ ၂၀၀၉ ခုနှစ်က အဖွဲ့ ၅ ဦး ပါဝင်တဲ့ f(x) နဲ့အတူ အနုပညာလောကကို စတင်ခြေချ ခဲ့သူဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ တောင်ကိုရီးယားမှာ လူကြိုက်အများဆုံး အမျိုးသမီး ဂီတအဖွဲ့ တွေထဲက တစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာတဝန်း ကေပေါ့ပ်ဂီတကို ရူးသွပ်ခုံမင်စေခဲ့ရာမှာ တစ်ထောင့်တစ်နေရာ က ပါဝင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

       ဆူလီဟာ တစ်ကိုယ်တော် အဆိုတော်၊ သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ် ဆက်လျှောက်လှမ်းလိုတဲ့အတွက် ၂၀၁၅ ခုနှစ်မှာ ဂီတအဖွဲ့ကနေ ထွက်ခဲ့ပါတယ်။

           မိုက်ရိုင်းစော်ကားတဲ့ အွန်လိုင်း မှတ်ချက်တွေ ကြုံတွေခဲ့ရတာနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုကြတဲ့ ကေပေါ့ပ်စတားတွေရဲ့ မကြာခင်က ရုပ်သံအစီအစဉ်တစ်ခုမှာ သူမ ပါဝင်ခဲ့ပါ သေးတယ်။  

Reuters

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

ေကေပါ့ပ္အဆုိေတာ္ေဟာင္း မင္းသမီး ဆူလီကုိ သူမရဲ႕ တုိက္ခန္းမွာ ေသဆုံးလ်က္ေတြ႕ရွိ  

                 Cyber bullying လုပ္တာေတြကုိ ဆန္ ့က်င္ေၾကာင္း ထုတ္ေဖာ္ေျပာဆုိထားတဲ့ ေတာင္ကုိရီးယား အမ်ဳိးသမီး ေကေပါ့ပ္ဂီတအဖြဲ႕ f(x) ရဲ႕ အဖြဲ႕၀င္ေဟာင္းျဖစ္သလုိ သရုပ္ေဆာင္မင္းသမီးတစ္ေယာက္လည္းျဖစ္တဲ့ ဆူလီတစ္ေယာက္ တနလၤာေန ့က သူမရဲ႕ တုိက္ခန္းမွာ ေသဆုံးေနတာေတြ႕ရွိခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳ ေျပာဆုိပါတယ္။

               စင္ျမင့္ေပၚက နာမည္ ဆူလီအျဖစ္ လူသိမ်ားၾကတဲ့ ခၽြဳိင္ဂ်င္ရီရဲ႕ အေလာင္းကုိ ၿမိဳ႕ေတာ္ ဆုိးလ္ေတာင္ဘက္က ေဆာင္နမ္ၿမိဳ႕ရွိ သူမရဲ႕ ေနအိမ္မွာ ေတြ႕ရွိခဲ့တာလုိ ့ ရဲက ေျပာပါတယ္။

            ခ်ိန္းထားတဲ့ ေနရာကုိ ေရာက္မလာတာေၾကာင့္ သူ႕ရဲ႕ မန္ေနဂ်ာျဖစ္သူက ေနအိမ္လုိက္သြား ခဲ့ရာမွာ ေသဆုံးေနတာကုိ ေတြ႕ရွိခဲ့တာလုိ ့ ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ ဆူလီဟာ စိတ္ဓါတ္က်ဆင္းမႈ အႀကီးအက်ယ္ႀကဳံေနသူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာဆုိ ခဲ့ၿပီး အေသးစိတ္အခ်က္အလက္ကုိေတာ့ မေဖာ္ျပခဲ့ပါဘူး။

     ဆူလီဟာ ၂၀၀၉ ခုႏွစ္က အဖြဲ႕ ၅ ဦး ပါ၀င္တဲ့ f(x) နဲ႕အတူ အႏုပညာေလာကကုိ စတင္ေျခခ် ခဲ့သူျဖစ္ပါတယ္။ သူတုိ ့အဖြဲ႕ဟာ ေတာင္ကုိရီးယားမွာ လူႀကိဳက္အမ်ားဆုံး အမ်ဳိးသမီး ဂီတအဖြဲ႕ ေတြထဲက တစ္ခုျဖစ္ခဲ့ၿပီး ကမာၻတ၀န္း ေကေပါ့ပ္ဂီတကုိ ရူးသြပ္ခုံမင္ေစခဲ့ရာမွာ တစ္ေထာင့္တစ္ေနရာ က ပါ၀င္ခဲ့တဲ့ အဖြဲ႕ျဖစ္ပါတယ္။

       ဆူလီဟာ တစ္ကုိယ္ေတာ္ အဆုိေတာ္၊ သရုပ္ေဆာင္မင္းသမီးတစ္ေယာက္အျဖစ္ ဆက္ေလွ်ာက္လွမ္းလုိတဲ့အတြက္ ၂၀၁၅ ခုႏွစ္မွာ ဂီတအဖြဲ႕ကေန ထြက္ခဲ့ပါတယ္။

           မုိက္ရုိင္းေစာ္ကားတဲ့ အြန္လုိင္း မွတ္ခ်က္ေတြ ႀကဳံေတြခဲ့ရတာနဲ႕ ပတ္သက္ၿပီး ေဆြးေႏြး ေျပာဆုိၾကတဲ့ ေကေပါ့ပ္စတားေတြရဲ႕ မၾကာခင္က ရုပ္သံအစီအစဥ္တစ္ခုမွာ သူမ ပါ၀င္ခဲ့ပါ ေသးတယ္။ 

Reuters

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။