Skip to main content
သဘာဝအရင်းအမြစ်များမှရရှိသောအကျိုးများကို မျှဝေပါက ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရောက်ရှိမည်ဟု ဆို 
Ads Block

သဘာဝအရင်းအမြစ်များမှရရှိသောအကျိုးများကို မျှဝေပါက ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရောက်ရှိမည်ဟု ဆို 

ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး သဘာဝအရင်းအမြစ်များမှရရှိသောအကျိုးများကိုမျှဝေပါက ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးရောက်ရှိမည်ဖြစ်ကြောင်း လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးရွှေမင်း(ခ) ဆီဖာလာလူးကပြောသည်။

ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပတ်သက်ပြီး အကုန်သိသတင်းဌာနနှင့်သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“လုပ်ပိုင်ခွင့်ချထားပေးတဲ့နေရာမှာ လက်ဝါးကြီးအုပ်လုပ်ဆောင်မှုမဟုတ်ဘဲနဲ့ ဒေသခံပြည်သူအပြင် နိုင်ငံသူ၊ နိုင်ငံသားအားလုံး ခံစားရရှိနိုင်ဖို့ ဗဟိုချုပ်ကိုင်မှုကိုလျော့ချပြီးတော့ ပြည်နယ်ရဲ့အခွင့်အရေးများ၊ သဘာဝအရင်းအမြစ်က ရရှိတဲ့အကျိုးတွေကိုမျှဝေပေးမယ်ဆိုရင် မျှော်မှန်းထားတဲ့ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကိုရောက်နိုင်ပါလိမ့်မယ်” ဟု လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးရွှေမင်း(ခ) ဆီဖာလာလူးကပြောသည်။

လက်ရှိကျောက်မျက်ဥပဒေသစ်အရ ဧက ၅၀၀ အထက် ကျောက်မျက်တူးဖော်ခွင့် ၁၀ နှစ်ခွင့်ပြုထားခြင်းများကို ရပ်ဆိုင်သွားမည်ဖြစ်ပြီး ဧက ၂၀၀ အထက် ၅ နှစ်လုပ်ပိုင်ခွင့်ကိုလည်း ၃ နှစ်တူးဖော်ခွင့်သာခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်သည် ကျောက်စိမ်းအပါအဝင် ပယင်း၊ ရွှေနှင့်သတ္တုသံယဇာတများအများအပြားထွက်ရှိသည့် ဒေသဖြစ်သော်လည်းဒေသခံများအနေဖြင့် အလုပ်အကိုင်ရှားပါးမှုနှင့်ကြုံတွေ့နေရကြောင်း ဒေသခံများကလည်း ပြောဆိုနေကြသည်။

နှစ်စဉ် ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ကုမ္ပဏီများ၏စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် အနယ်နယ်အရပ်ရပ်မှ ရေမဆေးကျောက်ရှာဖွေသူများသေဆုံးမှုရှိနေဆဲဖြစ်ကြောင်း သိရသည်။

ချမ်းငြိမ်း (အကုန်သိသတင်းဌာန)

Zawgyi Version

သဘာ၀အရင္းအျမစ္မ်ားမွရရွိေသာအက်ိဳးမ်ားကို မွ်ေ၀ပါက ဖယ္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရး ေရာက္ရွိမည္ဟု ဆို

ဗဟိုခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ၿပီး သဘာ၀အရင္းအျမစ္မ်ားမွရရွိေသာအက်ိဳးမ်ားကိုမွ်ေ၀ပါက ဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးေရာက္ရွိမည္ျဖစ္ေၾကာင္း လီဆူးအမ်ိဳးသားဖြံ႔ၿဖိဳးတုိးတက္ေရးပါတီ(ဒူးေလးပါတီ)မွ ဥကၠ႒ ဦးေရႊမင္း(ခ) ဆီဖာလာလူးကေျပာသည္။

ဖယ္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးပတ္သက္ၿပီး အကုန္သိသတင္းဌာနႏွင့္သီးသန္႔အင္တာဗ်ဴးတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“လုပ္ပိုိင္ခြင့္ခ်ထားေပးတဲ့ေနရာမွာ လက္ဝါးႀကီးအုပ္လုပ္ေဆာင္မႈမဟုတ္ဘဲနဲ႔ ေဒသခံျပည္သူအျပင္ ႏိုင္ငံသူ၊ ႏုိင္ငံသားအားလံုး ခံစားရရွိႏုိင္ဖုိ႔ ဗဟိုခ်ဳပ္ကိုင္မႈကိုေလ်ာ့ခ်ၿပီးေတာ့ ျပည္နယ္ရဲ႕အခြင့္အေရးမ်ား၊ သဘာဝအရင္းအျမစ္က ရရွိတဲ့အက်ိဳးေတြကိုမွ်ေဝေပးမယ္ဆုိရင္ ေမွ်ာ္မွန္းထားတဲ့ဖယ္ဒရယ္ျပည္ေထာင္စု တည္ေထာင္ေရးကိုေရာက္ႏုိင္ပါလိမ့္မယ္” ဟု လီဆူးအမ်ိဳးသားဖြံ႔ၿဖိဳးတုိးတက္ေရးပါတီ(ဒူးေလးပါတီ)မွ ဥကၠ႒ ဦးေရႊမင္း(ခ) ဆီဖာလာလူးကေျပာသည္။

လက္ရွိေက်ာက္မ်က္ဥပေဒသစ္အရ ဧက ၅၀၀ အထက္ ေက်ာက္မ်က္တူးေဖာ္ခြင့္ ၁၀ ႏွစ္ခြင့္ျပဳထားျခင္းမ်ားကို ရပ္ဆုိင္သြားမည္ျဖစ္ၿပီး ဧက ၂၀၀ အထက္ ၅ ႏွစ္လုပ္ပိုင္ခြင့္ကိုလည္း ၃ ႏွစ္တူးေဖာ္ခြင့္သာခြင့္ျပဳေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္သည္ ေက်ာက္စိမ္းအပါအဝင္ ပယင္း၊ ေရႊႏွင့္သတၱဳသံယဇာတမ်ားအမ်ားအျပားထြက္ရွိသည့္ ေဒသျဖစ္ေသာ္လည္းေဒသခံမ်ားအေနျဖင့္ အလုပ္အကုိင္ရွားပါးမႈႏွင့္ႀကံဳေတြ႔ေနရေၾကာင္း ေဒသခံမ်ားကလည္း ေျပာဆိုေနၾကသည္။

ႏွစ္စဥ္ ကခ်င္ျပည္နယ္၊ ဖားကန္႔ေဒသတြင္ ကုမၸဏီမ်ား၏စြန္႔ပစ္ေျမစာပံုၿပိဳက်မႈေၾကာင့္ အနယ္နယ္အရပ္ရပ္မွ ေရမေဆးေက်ာက္ရွာေဖြသူမ်ားေသဆံုးမႈရွိေနဆဲျဖစ္ေၾကာင္း သိရသည္။

ခ်မ္းၿငိမ္း (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။