Skip to main content
ရွှေတိဂုံဘုရားပေါ်တွင် ၁ နှစ်ကျော်ကြာတပ်ဆင်ထားသည့် Mytel တာဝါတိုင်များ ပြန်လည်ဖြုတ်သိမ်း
Ads Block

ရွှေတိဂုံဘုရားပေါ်တွင် ၁ နှစ်ကျော်ကြာတပ်ဆင်ထားသည့် Mytel တာဝါတိုင်များ ပြန်လည်ဖြုတ်သိမ်း

ရွှေတိဂုံဘုရားတွင် တစ်နှစ်ကျော်ကြာတပ်ဆင်ထားသည့် Mytel တာဝါတိုင်များကို ပြန်လည်ဖြုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရွှေတိဂုံဘုရားရှိရေစင် ၂ ခုပေါ်တွင် တပ်ဆင်ထားသည့် Mytel တာဝါတိုင်များမှာ ဂေါပကအဖွဲ့နှင့် နားလည်မှုယူကာတပ်ဆင်ထားပြီးမီတာခသာပေးဆောင်ပြီး မြေငှားရမ်းခပေးဆောင်ခြင်းမရှိသည့်အတွက် ဂေါပကအဖွဲ့အားစစ်ဆေးအရေးယူပေးရန်ဟုဆိုကာ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး (တာဝန်မှဆိုင်းငံခံရသူ) ဦးထွန်းအောင်ငွေက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သာသနာရေး၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်အဂတိတိုက်ဖျက်ရေးကော်မရှင်တို့သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

“ မနေ့ကတော့ လာဖြုတ်သွားပါပြီ။ ဂေါပကအဖွဲ့နဲ့ နားလည်မှုယူပြီးတပ်တဲ့သဘောဖြစ်ပါတယ်။ တိုင်ထားတာတွေက သီတင်းကျွတ်ရုံးပိတ်ရက်ဖြစ်တဲ့အတွက် အောက်တိုဘာလ ၁၈ ရက်အထိ စောင့်ကြည့်ပြီး တာဝန်ရှိသူတွေကဘာမှ ဆောင်ရွက်တာတွေမရှိဘူးဆိုရင် ရှေ့နေနဲ့တိုင်ပင်ပြီးတော့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး(တာဝန်မှဆိုင်းငံ့ခံရသူ) ဦးထွန်းအောင်ငွေက ပြောသည်။

ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် အမ်ပီတီ၊ အော်ရီဒူး၊ တယ်လီနောစသည့်ဆက်သွယ်ရေးကုမ္ပဏီများမှာ ဆက်သွယ်ရေးလိုင်းများပိုမိုကောင်းစေရေး ရွှေတိဂုံစေတီမြတ်ကုန်းတော်ပေါ်တွင် device များတပ်ဆင်ရန် လျှောက်ထားခဲ့သော်လည်း သြဝါဒစရိယဆရာတော်ကြီးများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ခွင့်မပြုခဲ့ကြောင်း သိရသည်။

သို့သော် Mytel တာဝါတိုင်များကိုရွှေတိဂုံရင်ပြင်တွင် တပ်ဆင်ထားသည်မှာ ၁ နှစ်ကျော်ကြာပြီဖြစ်ကြောင်း ဦးထွန်းအောင်ငွေ၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် အကုန်သိသတင်းဌာနက Mytel ပြင်ပဆက်ဆံရေးအရာရှိဦးဇော်မင်းဦးထံ ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

Zawgyi Version

ေရႊတိဂံုဘုရားေပၚတြင္ ၁ ႏွစ္ေက်ာ္ၾကာတပ္ဆင္ထားသည့္ Mytel တာဝါတုိင္မ်ား ျပန္လည္ျဖဳတ္သိမ္း

ေရႊတိဂံုဘုရားတြင္ တစ္ႏွစ္ေက်ာ္ၾကာတပ္ဆင္ထားသည့္ Mytel တာဝါတုိင္မ်ားကို ျပန္လည္ျဖဳတ္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ေရႊတိဂံုဘုရားရွိေရစင္ ၂ ခုေပၚတြင္ တပ္ဆင္ထားသည့္ Mytel တာဝါတုိင္မ်ားမွာ ေဂါပကအဖြဲ႔ႏွင့္ နားလည္မႈယူကာတပ္ဆင္ထားၿပီးမီတာခသာေပးေဆာင္ၿပီး ေျမငွားရမ္းခေပးေဆာင္ျခင္းမရွိသည့္အတြက္ ေဂါပကအဖြဲ႔အားစစ္ေဆးအေရးယူေပးရန္ဟုဆိုကာ ေ႐ႊတိဂုံေစတီေတာ္ေဂါပကအဖြဲ႕႐ုံးမွ ႐ုံးအဖြဲ႕မွဴး (တာဝန္မွဆိုင္းငံခံရသူ) ဦးထြန္းေအာင္ေငြက ႏုိင္ငံေတာ္သမၼတ၊ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္၊ သာသနာေရး၊ ယဥ္ေက်းမႈဝန္ႀကီးဌာနႏွင့္အဂတိတုိက္ဖ်က္ေရးေကာ္မရွင္တို႔သို႔ တုိင္ၾကားခဲ့ျခင္း ျဖစ္သည္။

“ မေန႔ကေတာ့ လာျဖဳတ္သြားပါၿပီ။ ေဂါပကအဖြဲ႔နဲ႔ နားလည္မႈယူၿပီးတပ္တဲ့သေဘာျဖစ္ပါတယ္။ တုိင္ထားတာေတြက သီတင္းကၽြတ္ရုံးပိတ္ရက္ျဖစ္တဲ့အတြက္ ေအာက္တုိဘာလ ၁၈ ရက္အထိ ေစာင့္ၾကည့္ၿပီး တာဝန္ရွိသူေတြကဘာမွ ေဆာင္ရြက္တာေတြမရွိဘူးဆုိရင္ ေရွ႕ေနနဲ႔တုိင္ပင္ၿပီးေတာ့ ဆက္လက္လုပ္ေဆာင္သြားမွာပါ” ဟု ေ႐ႊတိဂုံေစတီေတာ္ေဂါပကအဖြဲ႕႐ုံးမွ ႐ုံးအဖြဲ႕မွဴး(တာဝန္မွဆိုင္းငံ့ခံရသူ) ဦးထြန္းေအာင္ေငြက ေျပာသည္။

ဆက္သြယ္ေရးလုပ္ငန္းမ်ားျဖစ္သည့္ အမ္ပီတီ၊ ေအာ္ရီဒူး၊ တယ္လီေနာစသည့္ဆက္သြယ္ေရးကုမၸဏီမ်ားမွာ ဆက္သြယ္ေရးလုိင္းမ်ားပိုမုိေကာင္းေစေရး ေရႊတိဂံုေစတီျမတ္ကုန္းေတာ္ေပၚတြင္ device မ်ားတပ္ဆင္ရန္ ေလွ်ာက္ထားခဲ့ေသာ္လည္း ၾသဝါဒစရိယဆရာေတာ္ႀကီးမ်ားႏွင့္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက ခြင့္မျပဳခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ Mytel တာဝါတုိင္မ်ားကိုေရႊတိဂံုရင္ျပင္တြင္ တပ္ဆင္ထားသည္မွာ ၁ ႏွစ္ေက်ာ္ၾကာၿပီျဖစ္ေၾကာင္း ဦးထြန္းေအာင္ေငြ၏ တုိင္ၾကားစာတြင္ ေဖာ္ျပထားသည္။

အဆုိပါကိစၥႏွင့္ အကုန္သိသတင္းဌာနက Mytel ျပင္ပဆက္ဆံေရးအရာရွိဦးေဇာ္မင္းဦးထံ ဖုန္းအႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းျပန္လည္ေျဖၾကားခဲ့ျခင္းမရွိေပ။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။