Skip to main content
မန္တလေးကျောက်တော်ကြီးဘုရားပွဲဈေးတွင် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားကြရာမှ ဓားထိုးမှုဖြစ်ပွား 
Ads Block

မန္တလေးကျောက်တော်ကြီးဘုရားပွဲဈေးတွင် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားကြရာမှ ဓားထိုးမှုဖြစ်ပွား 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကျောက်တော်ကြီးဘုရားပွဲဈေးတွင် လူငယ်ချင်းအုပ်စုဖွဲ့ ဓားထိုးမှုဖြစ်ပွားသဖြင့် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေတွင်ကျင်းပသောကျောက်တော်ကြီးဘုရားပွဲ၌ အောက်တိုဘာလ ၁၂ ရက်၊ ည ၁၁ နာရီခန့်က စန္ဒာမုနိဘုရားနှင့်ကုသိုလ်တော်ဘုရားကြားရှိဘောလုံးဖြင့် ပစ်ပေါက်ကစားသည့်ဆိုင်၌ အနောက်ဘက်တွင် လူငယ်အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားသဖြင့် လူငယ် ၂ ဦး ပြတ်ရှဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေး၍ ဒဏ်ရာရရှိသူ ၂ ဦးကို ဆေးရုံသို့တင်ပို့ပေးခဲ့ရကြောင်း အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“မနေ့ညကဘုရားပွဲဈေးမှာခိုက်ရန်ဖြစ်ပွားကြရင်းဓားထိုးမှုဖြစ်ပွားကြတာပေါ့။ ဒါပေမဲ့ သေဆုံးသူမရှိပါဘူး။ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိသူ ၂ ဦးကို ခုဆေးရုံမှာအတွင်းလူနာအဖြစ်ကုသပေးနေတယ်။ ပြစ်မှုကျူလွန်သူ ၁၃ ဦးကိုအခုဖမ်းဆီးနိုင်ပြီဖြစ်လို့ အမည်စာရင်းတွေကောက်ခံစစ်ဆေးနေဆဲပါ” ဟု အမှတ်(၁)နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ ၁၃ ဦးတို့ကို အောင်မြေသာစံမြို့နယ်အမှတ်(၁)နယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ- ၃၂၆/၃၄ (အပြင်းအထန် နာကျင်စေမူ) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဒါးဇ(အကုန်သိသတင်းဌာန)

Zawgyi Version

မႏၱေလးေက်ာက္ေတာ္ႀကီးဘုရားပြဲေစ်းတြင္ အုပ္စုဖြဲ႕ခုိက္ရန္ျဖစ္ပြားၾကရာမွ ဓားထိုးမႈျဖစ္ပြား

မႏၱေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေက်ာက္ေတာ္ႀကီးဘုရားပြဲေစ်းတြင္ လူငယ္ခ်င္းအုပ္စုဖြဲ႔ ဓားထိုးမႈျဖစ္ပြားသျဖင့္ ၂ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ျဖစ္စဥ္မွာ ေအာင္ေျမသာစံၿမိဳ႕နယ္ မႏၲေလးေတာင္ေျခတြင္က်င္းပေသာေက်ာက္ေတာ္ႀကီးဘုရားပြဲ၌ ေအာက္တိုဘာလ ၁၂ ရက္၊ ည ၁၁ နာရီခန္႔က စႏၵာမုနိဘုရားႏွင့္ကုသိုလ္ေတာ္ဘုရားၾကားရွိေဘာလုံးျဖင့္ ပစ္ေပါက္ကစားသည့္ဆိုင္၌ အေနာက္ဘက္တြင္ လူငယ္အုပ္စုဖြဲ႔ခိုက္ရန္ျဖစ္ပြားသျဖင့္ လူငယ္ ၂ ဦး ျပတ္ရွဒဏ္ရာမ်ားရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ တာ၀န္ရွိသူမ်ားကသြားေရာက္စစ္ေဆး၍ ဒဏ္ရာရရွိသူ ၂ ဦးကို ေဆးရံုသို႔တင္ပို႔ေပးခဲ့ရေၾကာင္း ေအာင္ေျမသာစံၿမိဳ႕နယ္ရဲတပ္ဖြဲ႔ထံမွ သိရသည္။

“မေန႔ညကဘုရားပြဲေစ်းမွာခိုက္ရန္ျဖစ္ပြားၾကရင္းဓားထိုးမႈျဖစ္ပြားၾကတာေပါ့။ ဒါေပမဲ့ ေသဆံုးသူမရွိပါဘူး။ ထိခိုက္ဒဏ္ရာျပင္းထန္စြာရရွိသူ ၂ ဦးကို ခုေဆးရံုမွာအတြင္းလူနာအျဖစ္ကုသေပးေနတယ္။ ျပစ္မႈက်ဴလြန္သူ ၁၃ ဦးကိုအခုဖမ္းဆီးႏုိင္ၿပီျဖစ္လို႔ အမည္စာရင္းေတြေကာက္ခံစစ္ေဆးေနဆဲပါ” ဟု အမွတ္(၁)နယ္ေျမရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ဖမ္းဆီးရမိသူ ၁၃ ဦးတို႔ကို ေအာင္ေျမသာစံၿမိဳ႕နယ္အမွတ္(၁)နယ္ေျမရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ- ၃၂၆/၃၄ (အျပင္းအထန္ နာက်င္ေစမူ) ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ဒါးဇ(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။