Skip to main content
လမ်းသွား၊ လမ်းလာများအား လေးခွဖြင့်ပစ်၊ဓားဖြင့်ခုတ်သည့်အမျိုးသားကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
Ads Block

လမ်းသွား၊ လမ်းလာများအား လေးခွဖြင့်ပစ်၊ဓားဖြင့်ခုတ်သည့်အမျိုးသားကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

လမ်းသွား၊ လမ်းလာများအား လေးခွဖြင့်ပစ်၊ ဓားဖြင့်ခုတ်သောအမျိုးသားကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအောင်သုခလမ်းဆုံ၌ အောက်တိုဘာလ ၁၃ ရက်၊ နံနက် ၇ နာရီခွဲခန့်က ဦးစံမြင့်(ခ)ရဲဘော်၊ (၆၂)နှစ်သည် အရက်သေစာသောက်စားမူးယစ်ပြီး လမ်းသွားလမ်းလာများအားလေးခွဖြင့်ပစ်၍ ဓားဖြင့်ခုတ်နေသောကြောင့် တာဝန်ရှိရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်ဖမ်းဆီးချိန်၌ ဦးစံမြင့်က နေအိမ်အတွင်းသို့ဝင်ရောက်သွားပြီး အရိုး/အသွား ၂ ပေခန့်ရှိ ဓားမ ၁ ချောင်းကိုင်ဆောင်ထားသည်ကိုတွေ့ရှိသဖြင့် အသာတကြည်အဖမ်းခံရန်ပြောဆိုသော်လည်း ရဲတပ်ဖွဲ့ဝင်များအားဓားဖြင့်ခုတ်ရန်ပြေးဝင်လာသဖြင့် ပြောင်းချောသေနတ်ဖြင့် ၁ ချက်သတိပေးပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့သတိပေးပစ်ခတ်ခဲ့ရာ ဦးစံမြင့်တွင် ဝမ်းဗိုက် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ဘားအံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ၎င်းမှ လေးခွဖြင့်ပစ်၊ ဓားဖြင့်ခုတ်ခဲ့မှုကြောင့် တစ်ရွာတည်းနေ ဦးသောင်းဖေ(ခ) သန်းအောင် (၅၉)နှစ်၊ ဦးမောင်ရွှေရီ(၄၃)နှစ်နှင့် ဒေါ်ဝင်းကြည် (၅၀)နှစ်တို့ ၃ ဦးတွင် နဖူး၊ လက်ဖျံ၊ ရင်ဘတ်၊ တင်ပါးဖူးရောင်ပြတ်ရှဒဏ်ရာ ၄ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဘားအံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးဦးစံမြင့်(ခ)ရဲဘော်(ဖမ်းမိ)အားထီလုံနယ်မြေရဲစခန်း၌ (ပ)၁၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆(ဘေးဖြစ်စေတတ်သောလက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု) ၊ (ပ)၁၉/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၅(ဆဲဆိုမှု၊ မိမိအလိုအလျောက်အပြင်းအထန်နာကျင်စေမှု) ၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃(တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအားဟန့်တားရန် လက်ရောက်မှု) စသည့်ပုဒ်မများဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန) 

Zawgyi Version

လမ္းသြား၊ လမ္းလာမ်ားအား ေလးခြျဖင့္ပစ္၊ဓားျဖင့္ခုတ္သည့္အမ်ိဳးသားကို ရဲတပ္ဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီး

လမ္းသြား၊ လမ္းလာမ်ားအား ေလးခြျဖင့္ပစ္၊ ဓားျဖင့္ခုတ္ေသာအမ်ိဳးသားကို ရဲတပ္ဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ကရင္ျပည္နယ္၊ လႈိင္းဘြဲၿမိဳ႕နယ္၊ ထီလုံေက်း႐ြာေအာင္သုခလမ္းဆုံ၌ ေအာက္တိုဘာလ ၁၃ ရက္၊ နံနက္ ၇ နာရီခြဲခန္႔က ဦးစံျမင့္(ခ)ရဲေဘာ္၊ (၆၂)ႏွစ္သည္ အရက္ေသစာေသာက္စားမူးယစ္ၿပီး လမ္းသြားလမ္းလာမ်ားအားေလးခြျဖင့္ပစ္၍ ဓားျဖင့္ခုတ္ေနေသာေၾကာင့္ တာ၀န္ရွိရဲတပ္ဖြဲ႔၀င္မ်ားမွ သြားေရာက္ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ထိုသို႔သြားေရာက္ဖမ္းဆီးခ်ိန္၌ ဦးစံျမင့္က ေနအိမ္အတြင္းသို႔ဝင္ေရာက္သြားၿပီး အ႐ိုး/အသြား ၂ ေပခန႔္ရွိ ဓားမ ၁ ေခ်ာင္းကိုင္ေဆာင္ထားသည္ကိုေတြ႕ရွိသျဖင့္ အသာတၾကည္အဖမ္းခံရန္ေျပာဆိုေသာ္လည္း ရဲတပ္ဖြဲ႕ဝင္မ်ားအားဓားျဖင့္ခုတ္ရန္ေျပးဝင္လာသျဖင့္ ေျပာင္းေခ်ာေသနတ္ျဖင့္ ၁ ခ်က္သတိေပးပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

ထုိသုိ႔သတိေပးပစ္ခတ္ခဲ့ရာ ဦးစံျမင့္တြင္ ဝမ္းဗိုက္ ဖူးေရာင္ေပါက္ၿပဲဒဏ္ရာမ်ား(မစိုးရိမ္ရ) ရရွိခဲ့ၿပီး ဘားအံၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ကာ ၄င္းမွ ေလးခြျဖင့္ပစ္၊ ဓားျဖင့္ခုတ္ခဲ့မႈေၾကာင့္ တစ္႐ြာတည္းေန ဦးေသာင္းေဖ(ခ) သန္းေအာင္ (၅၉)ႏွစ္၊ ဦးေမာင္ေ႐ႊရီ(၄၃)ႏွစ္ႏွင့္ ေဒၚဝင္းၾကည္ (၅၀)ႏွစ္တို႔ ၃ ဦးတြင္ နဖူး၊ လက္ဖ်ံ၊ ရင္ဘတ္၊ တင္ပါးဖူးေရာင္ျပတ္ရွဒဏ္ရာ ၄ ခ်က္(မစိုးရိမ္ရ)ရရွိခဲ့သျဖင့္ ဘားအံၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္းသိရသည္။

အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီးဦးစံျမင့္(ခ)ရဲေဘာ္(ဖမ္းမိ)အားထီလုံနယ္ေျမရဲစခန္း၌ (ပ)၁၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆(ေဘးျဖစ္ေစတတ္ေသာလက္နက္ျဖင့္ အျပင္းအထန္နာက်င္ေစမႈ) ၊ (ပ)၁၉/ ၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၉၄/၃၂၅(ဆဲဆိုမႈ၊ မိမိအလိုအေလ်ာက္အျပင္းအထန္နာက်င္ေစမႈ) ၊ ရာဇသတ္ႀကီးပုဒ္မ ၃၅၃(တာဝန္ထမ္းေဆာင္ေနေသာ ျပည္သူ႔ဝန္ထမ္းအားဟန႔္တားရန္ လက္ေရာက္မႈ) စသည့္ပုဒ္မမ်ားျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။