Skip to main content
ထော်လာဂျီတစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရရှိ
Ads Block

ထော်လာဂျီတစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ထိပ်ဝလေးကျေးရွာအနီးတွင် ထော်လာဂျီယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးမြောင်းသို့ထိုးကျတိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ညောင်တုန်းမြို့နယ်၊ ထိပ်ဝလေးကျေးရွာအနီးရန်ကုန်- ပုသိမ်ကားလမ်းမိုင်တိုင်(၄၀/၂-၃)ကြား၌ အောက်တိုဘာလ ၁၃ ရက်၊ နံနက် ၆ နာရီခန့်က ရန်ကုန်မှပုသိမ်သို့ ကျော်ထက်အောင်၊ (၃၉)နှစ်မောင်းနှင်ပြီး ဒေါ်သန်းသန်းဆင့် (၃၉)နှစ်ပါ ၆ ဦး (ကျား ၄၊ မ ၂)တို့လိုက်ပါလာသည့် ထော်လာဂျီယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်းရှိမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသိရသည်။

ထိုသို့ယာဉ်တိမ်းမှောက်မှုကြောင့် ဒေါ်သန်းသန်းဆင့်တွင် နှာခေါင်းသွေးထွက်၊ ဝဲရင်ညွန့်ရိုးကျိုးဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ကျော်ထက်အောင်ပါ ကျား ၂ ဦးတွင် ဝဲချိုစောင်းပေါက်ပြဲ၊ ရင်ဘတ်အောင့်၊ ယာလက်မောင်းရိုးကျိုးဒဏ်ရာများ(စိုးရိမ်ရ)နှင့် ဒေါ်ခင်မာချို (၄၉)နှစ်ပါ ၄ ဦး(ကျား ၃၊ မ ၁)တို့တွင် ချိုစောင်း၊ နဖူးပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီးသေဆုံး/ ဒဏ်ရာရရှိသူများအားညောင်တုန်းမြို့ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ခဲ့ကာ ယာဉ်မောင်းကျော်ထက်အောင်အား ချောင်းကြီးနယ်မြေရဲစခန်း၌ယာဉ်(ပ)၂၄/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်/သာမန်နာကျင်စေမှု) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

ေထာ္လာဂ်ီတစ္စီးအရွိန္လြန္တိမ္းေမွာက္မႈေၾကာင့္ ၁ ဦးေသဆုံး၊ ၆ ဦးဒဏ္ရာရရွိ

ဧရာ၀တီတုိင္းေဒသႀကီး၊ ေညာင္တုန္းၿမိဳ႕နယ္၊ ထိပ္ဝေလးေက်း႐ြာအနီးတြင္ ေထာ္လာဂ်ီယာဥ္တစ္စီး အရွိန္လြန္ကာ လမ္းေဘးေျမာင္းသို႔ထိုးက်တိမ္းေမွာက္မႈေၾကာင့္ ၁ ဦးေသဆုံးကာ ၆ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔မွ သိရသည္။

ျဖစ္စဥ္မွာ ေညာင္တုန္းၿမိဳ႕နယ္၊ ထိပ္ဝေလးေက်း႐ြာအနီးရန္ကုန္- ပုသိမ္ကားလမ္းမိုင္တိုင္(၄၀/၂-၃)ၾကား၌ ေအာက္တိုဘာလ ၁၃ ရက္၊ နံနက္ ၆ နာရီခန္႔က ရန္ကုန္မွပုသိမ္သို႔ ေက်ာ္ထက္ေအာင္၊ (၃၉)ႏွစ္ေမာင္းႏွင္ၿပီး ေဒၚသန္းသန္းဆင့္ (၃၉)ႏွစ္ပါ ၆ ဦး (က်ား ၄၊ မ ၂)တို႔လိုက္ပါလာသည့္ ေထာ္လာဂ်ီယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ လမ္းယာဘက္ျခမ္းရွိေျမာင္းအတြင္းသို႔ ထိုးက်တိမ္းေမွာက္ခဲ့ေၾကာင္းသိရသည္။

ထုိသုိ႔ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေဒၚသန္းသန္းဆင့္တြင္ ႏွာေခါင္းေသြးထြက္၊ ဝဲရင္ၫြန႔္႐ိုးက်ိဳးဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ၌ေသဆုံးသြားခဲ့ၿပီး ေက်ာ္ထက္ေအာင္ပါ က်ား ၂ ဦးတြင္ ဝဲခ်ိဳေစာင္းေပါက္ၿပဲ၊ ရင္ဘတ္ေအာင့္၊ ယာလက္ေမာင္း႐ိုးက်ိဳးဒဏ္ရာမ်ား(စိုးရိမ္ရ)ႏွင့္ ေဒၚခင္မာခ်ိဳ (၄၉)ႏွစ္ပါ ၄ ဦး(က်ား ၃၊ မ ၁)တို႔တြင္ ခ်ိဳေစာင္း၊ နဖူးေပါက္ၿပဲဒဏ္ရာမ်ား (မစိုးရိမ္ရ) ရရွိခဲ့ေၾကာင္းသိရသည္။

အဆုိပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီးေသဆုံး/ ဒဏ္ရာရရွိသူမ်ားအားေညာင္တုန္းၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ပို႔ ေဆာင္ခဲ့ကာ ယာဥ္ေမာင္းေက်ာ္ထက္ေအာင္အား ေခ်ာင္းႀကီးနယ္ေျမရဲစခန္း၌ယာဥ္(ပ)၂၄/ ၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၃၃၇(ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ၊ ျပင္းထန္/သာမန္နာက်င္ေစမႈ) ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။