Skip to main content
ဂျပန်မုန်တိုင်းကြောင့် သေဆုံးသူ ၄၀ ထက်မနည်းရှိလာ၊ ခါးလယ်လောက်ရှိ ရေတွေနဲ့ ရွှံ့တောတွေကို ဖြတ်သန်းကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခက်ခဲခဲ လုပ်နေရ 
Ads Block

ဂျပန်မုန်တိုင်းကြောင့် သေဆုံးသူ ၄၀ ထက်မနည်းရှိလာ၊ ခါးလယ်လောက်ရှိ ရေတွေနဲ့ ရွှံ့တောတွေကို ဖြတ်သန်းကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခက်ခဲခဲ လုပ်နေရ 

               ပြီးခဲ့တဲ့ နှစ်အနည်းငယ်တွေအတွင်း ဂျပန်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ အားအပြင်းဆုံး မုန်တိုင်းတွေ ထဲက တစ်ခုအဖြစ် တိုင်ဖွန်း ဟာဂီဘစ္စ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက်မှာ တနင်္လာနေ့က ကယ်ဆယ်ရေး လုပ်သားတွေဟာ ခါးလယ်လောက်နစ်တဲ့ ရေပြင်တွေနဲ့ ရွှံ့တောတွေကို လမ်းလျှောက်ဖြတ်သန်းရင်း ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေကြပါတယ်။ တနင်္လာနေ့အနှောင်းပိုင်းမှာ မိုးရွာသွန်းမှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

             မုန်တိုင်းဝင်ရောက် မွှေနှောက်ခဲ့တဲ့ ဧရိယာ ကျယ်ပြန့်လွန်းကြောင်းနဲ့ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ နေရာတွေကို ထောက်ပံ့မှုတွေ အလျင်အမြန်လုပ်ကြဖို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တောင်းဆိုခဲ့ပါတယ်။ တိုင်ဖွန်း ဝင်ရောက်ခဲ့မှုကြောင့် သေဆုံးသူ ၄၀ ထက်မနည်းရှိလာကာ ဂျပန် အလယ်ပိုင်းနဲ့ အရှေ့ပိုင်းက မြို့ကြီးတွေရဲ့ နေရာအတော်များများ ရေတွေအောက် ရောက်သွားခဲ့ပြီး ပျောက်ဆုံးနေသူ ၁၆ ဦး ရှိနေ ဆဲဖြစ်ကာ ၁၈၉ ဦး ဒဏ်ရာရခဲ့ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

                မုန်တိုင်းဒဏ်သင့် ဧရိယာတွေမှာ ကယ်ဆယ်ရေးသမား သောင်းချီရောက်ရှိနေကာ ရဟတ်ယာဉ် အုပ်စုလည်း ခေါက်တုန့်ခေါက်ပြန် ကယ်ဆယ်မှုတွေလုပ်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသခံအတော်များများ ခုထိ ပျောက်နေဆဲဖြစ်ကြောင်း၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို နေ့ရော ညပါ မိမိတို့လူထု တစ်စိတ်တစ်ဝမ်းတည်း အတူဆောင်ရွက်နေကြကြောင်း အစိုးရဝန်ကြီးတွေနဲ့ အရေးပေါ် အစည်းအဝေးမှာ အာဘေးက ပြောဆိုခဲ့ပါတယ်။

            တိုင်ဖွန်း ဟာဂီဘစ္စဟာ ဂျပန်ရဲ့ အဓိက ကျွန်းတစ်ခုဖြစ်တဲ့ ဟွန်ရှူးကျွန်းပေါ်ကို စနေနေ့မှာ စတင်ဝင်ရောက်ခဲ့ပြီး တနင်္ဂနွေနေ့အစောပိုင်းမှာတော့ ပင်လယ်ပြင်ဆီ ဦးတည်ရွေ့လျားသွားခဲ့ပါတယ်။ ရေကာမျက်မှန်တွေ၊ ရေငုပ်အသက်ရှုကိရိယာတွေ တပ်ဆင်ထားတဲ့ ကယ်ဆယ်ရေးသမား အုပ်စုတွေဟာ ဂျပန်အလယ်ပိုင်းက ရေခါးလယ်လောက်မြုပ်နေတဲ့ နာဂါနို စီရင်စုမှာ ရှာဖွေကယ်ဆယ်မှုတွေ လုပ်နေကြပါတယ်။

        သူ့အိမ်ဝန်းကျင် အခြေအနေကတော့ ရေကန်တစ်ခုလို ဖြစ်နေကြောင်း သက်လတ်ပိုင်း နာဂါနိုမြို့ခံ တစ်ဦးက NHK ကို ပြောဆိုပါတယ်။ တနင်္လာနေ့မနက်ပိုင်းက နာဂါနိုမြို့က သူ့နေအိမ်ကို ပြန်လာခဲ့တဲ့ အသက် ၆၉ နှစ်အရွယ် ယိုရှီနိုဘူ ဆူချီယာဆိုသူကတော့ သူအိမ် ပထမထပ် ရေမြုပ်နေခဲ့တာတွေ့ခဲ့ရသလို သူ တယုတယ ပျိုးထောင်လာခဲ့တဲ့ ပန်းဥယျာဉ်ဟာလည်း ရွှံ့ပြင်ဖြစ်သွားခဲ့တာ တွေ့ခဲ့ရပါတယ်။ အဖြစ်အပျက်က ဆူနာမီတစ်ခု ကျလိုက်သလိုပဲ၊ မျှော်လင့်ချက်မဲ့ ဖြစ်ကုန်ကြောင်း သူ့ရဲ့ အိမ်နီးချင်းတစ်ဦးကလည်း ညည်းတွားခဲ့ပါတယ်။

                 တနင်္လာနေ့က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေမှာ ရဲ၊ မီးသတ်၊ စစ်သားနဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ဝင် ၁၁၀၀၀၀ ကျော်နဲ့အတူ ရဟတ်ယာဉ် ၁၀၀ ခန့် အသုံးပြုကာ ဆောင်ရွက်ခဲ့ကြောင်း ဂျပန်အစိုးရ အဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟီဒီ ဆူဂါ က ပြောဆိုခဲ့ပါတယ်။

Reuters

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

ဂ်ပန္မုန္တုိင္းေၾကာင့္ ေသဆုံးသူ ၄၀ ထက္မနည္းရွိလာ၊ ခါးလယ္ေလာက္ရွိ ေရေတြနဲ႕ ရႊံ႕ေတာေတြကုိ ျဖတ္သန္းကာ ကယ္ဆယ္ေရးလုပ္ငန္းေတြ ခက္ခက္ခဲခဲ လုပ္ေနရ

               ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ေတြအတြင္း ဂ်ပန္ႏုိင္ငံကုိ ၀င္ေရာက္ခဲ့တဲ့ အားအျပင္းဆုံး မုန္တုိင္းေတြ ထဲက တစ္ခုအျဖစ္ တုိင္ဖြန္း ဟာဂီဘစၥ ၀င္ေရာက္တုိက္ခတ္ခဲ့ၿပီးေနာက္မွာ တနလၤာေန ့က ကယ္ဆယ္ေရး လုပ္သားေတြဟာ ခါးလယ္ေလာက္နစ္တဲ့ ေရျပင္ေတြနဲ႕ ရႊံ႕ေတာေတြကုိ လမ္းေလွ်ာက္ျဖတ္သန္းရင္း ေပ်ာက္ဆုံးေနသူေတြကုိ လုိက္လံရွာေဖြေနၾကပါတယ္။ တနလၤာေန ့အေႏွာင္းပုိင္းမွာ မုိးရြာသြန္းမႈေတြ ထပ္ျဖစ္လာႏုိင္တယ္လုိ ့လည္း တာ၀န္ရွိသူေတြက သတိေပးထားပါတယ္။

             မုန္တုိင္း၀င္ေရာက္ ေမႊေႏွာက္ခဲ့တဲ့ ဧရိယာ က်ယ္ျပန္ ့လြန္းေၾကာင္းနဲ႕ မုန္တုိင္းဒဏ္သင့္ခဲ့တဲ့ ေနရာေတြကုိ ေထာက္ပံ့မႈေတြ အလ်င္အျမန္လုပ္ၾကဖုိ ့ ၀န္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘးက ေတာင္းဆုိခဲ့ပါတယ္။ တုိင္ဖြန္း ၀င္ေရာက္ခဲ့မႈေၾကာင့္ ေသဆုံးသူ ၄၀ ထက္မနည္းရွိလာကာ ဂ်ပန္ အလယ္ပုိင္းနဲ႕ အေရွ႕ပုိင္းက ၿမိဳ႕ႀကီးေတြရဲ႕ ေနရာအေတာ္မ်ားမ်ား ေရေတြေအာက္ ေရာက္သြားခဲ့ၿပီး ေပ်ာက္ဆုံးေနသူ ၁၆ ဦး ရွိေန ဆဲျဖစ္ကာ ၁၈၉ ဦး ဒဏ္ရာရခဲ့ေၾကာင္း NHK သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

                မုန္တုိင္းဒဏ္သင့္ ဧရိယာေတြမွာ ကယ္ဆယ္ေရးသမား ေသာင္းခ်ီေရာက္ရွိေနကာ ရဟတ္ယာဥ္ အုပ္စုလည္း ေခါက္တုန္ ့ေခါက္ျပန္ ကယ္ဆယ္မႈေတြလုပ္ေနေၾကာင္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ ေဒသခံအေတာ္မ်ားမ်ား ခုထိ ေပ်ာက္ေနဆဲျဖစ္ေၾကာင္း၊ ရွာေဖြ ကယ္ဆယ္ေရးလုပ္ငန္းစဥ္ေတြကုိ ေန႕ေရာ ညပါ မိမိတုိ ့လူထု တစ္စိတ္တစ္၀မ္းတည္း အတူေဆာင္ရြက္ေနၾကေၾကာင္း အစုိးရ၀န္ႀကီးေတြနဲ႕ အေရးေပၚ အစည္းအေ၀းမွာ အာေဘးက ေျပာဆုိခဲ့ပါတယ္။

            တုိင္ဖြန္း ဟာဂီဘစၥဟာ ဂ်ပန္ရဲ႕ အဓိက ကၽြန္းတစ္ခုျဖစ္တဲ့ ဟြန္ရွဴးကၽြန္းေပၚကုိ စေနေန ့မွာ စတင္၀င္ေရာက္ခဲ့ၿပီး တနဂၤေႏြေန ့အေစာပုိင္းမွာေတာ့ ပင္လယ္ျပင္ဆီ ဦးတည္ေရြ႕လ်ားသြားခဲ့ပါတယ္။ ေရကာမ်က္မွန္ေတြ၊ ေရငုပ္အသက္ရႈကိရိယာေတြ တပ္ဆင္ထားတဲ့ ကယ္ဆယ္ေရးသမား အုပ္စုေတြဟာ ဂ်ပန္အလယ္ပုိင္းက ေရခါးလယ္ေလာက္ျမဳပ္ေနတဲ့ နာဂါႏုိ စီရင္စုမွာ ရွာေဖြကယ္ဆယ္မႈေတြ လုပ္ေနၾကပါတယ္။

        သူ႕အိမ္၀န္းက်င္ အေျခအေနကေတာ့ ေရကန္တစ္ခုလုိ ျဖစ္ေနေၾကာင္း သက္လတ္ပုိင္း နာဂါႏုိၿမိဳ႕ခံ တစ္ဦးက NHK ကုိ ေျပာဆုိပါတယ္။ တနလၤာေန ့မနက္ပုိင္းက နာဂါႏုိၿမိဳ႕က သူ႕ေနအိမ္ကုိ ျပန္လာခဲ့တဲ့ အသက္ ၆၉ ႏွစ္အရြယ္ ယုိရွီႏုိဘူ ဆူခ်ီယာဆုိသူကေတာ့ သူအိမ္ ပထမထပ္ ေရျမဳပ္ေနခဲ့တာေတြ႕ခဲ့ရသလုိ သူ တယုတယ ပ်ဳိးေထာင္လာခဲ့တဲ့ ပန္းဥယ်ာဥ္ဟာလည္း ရႊံ႕ျပင္ျဖစ္သြားခဲ့တာ ေတြ႕ခဲ့ရပါတယ္။ အျဖစ္အပ်က္က ဆူနာမီတစ္ခု က်လုိက္သလုိပဲ၊ ေမွ်ာ္လင့္ခ်က္မဲ့ ျဖစ္ကုန္ေၾကာင္း သူ႕ရဲ႕ အိမ္နီးခ်င္းတစ္ဦးကလည္း ညည္းတြားခဲ့ပါတယ္။                 

တနလၤာေန ့က ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းစဥ္ေတြမွာ ရဲ၊ မီးသတ္၊ စစ္သားနဲ႕ ကမ္းေျခေစာင့္ တပ္ဖြဲ႕၀င္ ၁၁၀၀၀၀ ေက်ာ္နဲ႕အတူ ရဟတ္ယာဥ္ ၁၀၀ ခန္ ့ အသုံးျပဳကာ ေဆာင္ရြက္ခဲ့ေၾကာင္း ဂ်ပန္အစုိးရ အဖြဲ႕ အတြင္းေရးမွဴးခ်ဳပ္ ယုိရွီဟီဒီ ဆူဂါ က ေျပာဆုိခဲ့ပါတယ္။

Reuters

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။