Skip to main content
ဂျပန်နိုင်ငံတွင် မုန်တိုင်းကြောင့်နစ်မြုပ်သွားသောသဘောၤပေါ်၌ မြန်မာနိုင်ငံသားများ ပါဝင်ခြင်းရှိ/မရှိ စိစစ်နေ
Ads Block

ဂျပန်နိုင်ငံတွင် မုန်တိုင်းကြောင့်နစ်မြုပ်သွားသောသဘောၤပေါ်၌ မြန်မာနိုင်ငံသားများ ပါဝင်ခြင်းရှိ/မရှိ စိစစ်နေ

ဂျပန်နိုင်ငံတွင်တိုက်ခတ်နေသည့်မုန်တိုင်းကြောင့် နစ်မြုပ်သွားသည့်သင်္ဘော၌ မြန်မာနိုင်ငံသားများ ပါဝင်ခြင်းရှိ/မရှိကို စိစစ်နေဆဲဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးအောင်ရဲထွန်းကအကုန်သိသတင်းဌာနသို့ ပြောသည်။

ဂျပန်နိုင်ငံတွင် မုန်တိုင်းအတွင်းမိပြီးမှောက်သွားသည့်သင်္ဘောသည် ပနားမားအလံလွှင့်ထူထားသည့် ကုန်တင်သင်္ဘောဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်က ဂျပန်နိုင်ငံ၊ ကာဝါဆာကီမြို့နယ်တွင် တိမ်းမှောက် သွားခြင်းဖြစ်ကြောင်း ဂျပန်သတင်းဌာနများ၏သတင်းကိုဘီဘီစီကကိုးကားဖော်ပြထားသည်။

“ အခုကတော့ စိစစ်တုန်းပါပဲ။ ကျွန်တော်တို့ဆီကိုသတင်းပေးပို့ထားတာမရှိသေးပါဘူး။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကလည်းစိစစ်နေတုန်းပါပဲ။ အတိအကျပြောလို့မရသေးပါဘူး” ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးအောင်ရဲထွန်းက ပြောသည်။

ဂျပန်သတင်းဌာနများ၌သတင်းဖော်ပြမှုကို ဘီဘီစီက ပြန်လည်ကိုးကားသည့်သတင်းတွင် ကပ္ပတိန်အပါအဝင် မြန်မာနိုင်ငံသား ၄ ဦးကို အသက်ရှင်လျက်ပြန်လည်ကယ်ဆယ်ရရှိထားပြီး ပျောက်ဆုံးသူများလည်း ရှိနေကြောင်း ဖော်ပြထားသည်။

ဂျပန်နိုင်ငံမှာဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ပြီဖြစ်ကာ ၁၆ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး တိုကျိုမြို့တော်၏ နေ့စဉ်လှုပ်ရှားသွားလာမှုများ ရပ်ဆိုင်းသွားခဲ့သည်အထိဖြစ်ခဲ့ကြကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

Zawgyi Version

ဂ်ပန္ႏုိင္ငံတြင္ မုန္တိုင္းေၾကာင့္နစ္ျမဳပ္သြားေသာသေဘာၤေပၚ၌ ျမန္မာႏုိင္ငံသားမ်ား ပါ၀င္ျခင္းရွိ/မရွိ စိစစ္ေန

ဂ်ပန္ႏုိင္ငံတြင္တုိက္ခတ္ေနသည့္မုန္တုိင္းေၾကာင့္ နစ္ျမဳပ္သြားသည့္သေဘၤာ၌ ျမန္မာႏုိင္ငံသားမ်ား ပါ၀င္ျခင္းရွိ/မရွိကို စိစစ္ေနဆဲျဖစ္ေၾကာင္း ပုိ႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွ လက္ေထာက္အတြင္းဝန္ ဦးေအာင္ရဲထြန္းကအကုန္သိသတင္းဌာနသို႔ ေျပာသည္။

ဂ်ပန္ႏုိင္ငံတြင္ မုန္တုိင္းအတြင္းမိၿပီးေမွာက္သြားသည့္သေဘၤာသည္ ပနားမားအလံလႊင့္ထူထားသည့္ ကုန္တင္သေဘၤာျဖစ္ၿပီး ေအာက္တုိဘာလ ၁၂ ရက္က ဂ်ပန္ႏုိင္ငံ၊ ကာဝါဆာကီၿမိဳ႕နယ္တြင္ တိမ္းေမွာက္ သြားျခင္းျဖစ္ေၾကာင္း ဂ်ပန္သတင္းဌာနမ်ား၏သတင္းကိုဘီဘီစီကကိုးကားေဖာ္ျပထားသည္။

“ အခုကေတာ့ စိစစ္တုန္းပါပဲ။ ကၽြန္ေတာ္တုိ႔ဆီကိုသတင္းေပးပို႔ထားတာမရွိေသးပါဘူး။ ေရေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနကလည္းစိစစ္ေနတုန္းပါပဲ။ အတိအက်ေျပာလုိ႔မရေသးပါဘူး” ဟု ပုိ႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွ လက္ေထာက္အတြင္းဝန္ ဦးေအာင္ရဲထြန္းက ေျပာသည္။

ဂ်ပန္သတင္းဌာနမ်ား၌သတင္းေဖာ္ျပမႈကို ဘီဘီစီက ျပန္လည္ကိုးကားသည့္သတင္းတြင္ ကပၸတိန္အပါအဝင္ ျမန္မာႏုိင္ငံသား ၄ ဦးကို အသက္ရွင္လ်က္ျပန္လည္ကယ္ဆယ္ရရွိထားၿပီး ေပ်ာက္ဆံုးသူမ်ားလည္း ရွိေနေၾကာင္း ေဖာ္ျပထားသည္။

ဂ်ပန္ႏုိင္ငံမွာဆယ္စုႏွစ္မ်ားစြာအတြင္း အျပင္းထန္ဆုံးျဖစ္ခဲ့သည့္ တုိင္ဖြန္းမုန္တုိင္းတုိက္ခတ္မႈေၾကာင့္ လူ ၂၃ ဦး ေသဆုံးခဲ့ၿပီျဖစ္ကာ ၁၆ ဦးေပ်ာက္ဆုံးေနဆဲျဖစ္ၿပီး တုိက်ဳိၿမိဳ႕ေတာ္၏ ေန႕စဥ္လႈပ္ရွားသြားလာမႈမ်ား ရပ္ဆုိင္းသြားခဲ့သည္အထိျဖစ္ခဲ့ၾကေၾကာင္း ႏုိင္ငံတကာသတင္းမ်ားတြင္ ေဖာ္ျပထားသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။