Skip to main content
အမျိုးသမီး ၁ ဦး YBS ယာဉ်ကြိတ်ခံရပြီး ပွဲချင်းပြီးသေဆုံး 
Ads Block

အမျိုးသမီး ၁ ဦး YBS ယာဉ်ကြိတ်ခံရပြီး ပွဲချင်းပြီးသေဆုံး 

အမျိုးသမီး ၁ ဦးသည် YBS- 15 ခရီးသည်တင်ယာဉ်၏နောက်ဘီးဖြင့်အကြိတ်ခံရပြီး ပွဲချင်းပြီးသေဆုံးမှု ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၆ ရပ်ကွက်၊ ၄၆ လမ်းဆုံအနီး၌ အောက်တိုဘာလ ၁၃ ရက်၊ ည ၉ နာရီခွဲခန့်က အသက် ၃၀ အရွယ်ခန့်အမျိုးသမီးသည် YBS ၁၅ ခရီးသည်တင်ယာဉ်ကားပေါ်မှဆင်းပြီးနောက် အကြိတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“သေဆုံးသူအမျိုးသမီးကအဲဒီယာဉ်ပေါ်ကဆင်းတယ်။ ပြီးတော့တစ်ဖက်လမ်းကိုကူးသွားတယ်။ အဲဒီယာဉ်ကလည်း ကွေ့ဖို့မီးနီနေလို့စောင့်နေတဲ့အချိန်မှာအမျိုးသမီးကဘာဖြစ်လို့ ပြန်လှည့်လာလဲတော့ မသိဘူး။ ပြန်လှည့်လာတဲ့အချိန်မှာ ဟိုကမီးစိမ်းလို့ကွေ့လည်းကွေ့ရောတိုက်မိပြီး ယာဉ်ရဲ့နောက်ဘီးနဲ့ ကြိတ်မိတာပါ။ ”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

ထိုသို့ကြိတ်မိသောကြောင့် အဆိုပါအမျိုးသမီး၏ ဦးခေါင်းနှင့်ရင်ဘတ်တို့ကြေမွကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

အမ်ိဳးသမီး ၁ ဦး YBS ယာဥ္ႀကိတ္ခံရၿပီး ပြဲခ်င္းၿပီးေသဆံုး

အမ်ဳိးသမီး ၁ ဦးသည္ YBS- 15 ခရီးသည္တင္ယာဥ္၏ေနာက္ဘီးျဖင့္အႀကိတ္ခံရၿပီး ပြဲခ်င္းၿပီးေသဆံုးမႈ ရန္ကုန္တုိင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ေျမာက္ပုိင္းၿမဳိ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဒဂုံၿမဳိ႕သစ္ေျမာက္ပုိင္းၿမဳိ႕နယ္၊ ၄၆ ရပ္ကြက္၊ ၄၆ လမ္းဆုံအနီး၌ ေအာက္တုိဘာလ ၁၃ ရက္၊ ည ၉ နာရီခြဲခန္႔က အသက္ ၃၀ အရြယ္ခန္႔အမ်ဳိးသမီးသည္ YBS ၁၅ ခရီးသည္တင္ယာဥ္ကားေပၚမွင္းၿပီးေနာက္ အႀကိတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“ေသဆုံးသူအမ်ုိးသမီးကအဲဒီယာဥ္ေပၚကဆင္းတယ္။ ၿပီးေတာ့တစ္ဖက္လမ္းကုိကူးသြားတယ္။ အဲဒီယာဥ္ကလည္း ေကြ႔ဖုိ႔မီးနီေနလုိ႔ေစာင့္ေနတဲ့အခ်ိန္မွာအမ်ဳိးသမီးကဘာျဖစ္လုိ႔ ျပန္လွည့္လာလဲေတာ့ မသိဘူး။ ျပန္လွည့္လာတဲ့အခ်ိန္မွာ ဟုိကမီးစိမ္းလုိ႔ေကြ႔လည္းေကြ႔ေရာတုိက္မိၿပီး ယာဥ္ရဲ႕ေနာက္ဘီးနဲ႔ ႀကိတ္မိတာပါ။ ”ဟု ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးကေျပာသည္။

ထုိသုိ႔ႀကိတ္မိေသာေၾကာင့္ အဆိုပါအမ်ဳိးသမီး၏ ဦးေခါင္းနွင့္ရင္ဘတ္တုိ႔ေၾကမြကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္းသိရသည္။

အဆုိပါအမႈႏွင့္ပတ္သက္ၿပီး ဒဂုံၿမိဳ႕သစ္(ေျမာက္ပုိင္း)ၿမဳိ႕မရဲစခန္း၌ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄- က ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။