Skip to main content
ဖမ်းမိ မူးယစ်ဆေးဝါးတွေကို ပြန်ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဖိလစ်ပိုင် ရဲချုပ် ရာထူးမှ နုတ်ထွက်ခဲ့ရ 
Ads Block

ဖမ်းမိ မူးယစ်ဆေးဝါးတွေကို ပြန်ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဖိလစ်ပိုင် ရဲချုပ် ရာထူးမှ နုတ်ထွက်ခဲ့ရ 

              သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ပြန်လည်ရောင်းချ အမြတ်ထုတ်နေတဲ့ အရှုပ်တော်ပုံမှာ ၎င်း ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အငြိမ်းစားယူဖို့ တစ်လေအကျော်လောက်အလို တနင်္လာနေ့မှာ ဖိလစ်ပိုင်ရဲချုပ်ဖြစ်သူ ရာထူးက နုတ်ထွက်လိုက်ရပါတယ်။ ယင်း စွပ်စွဲချက်ကြောင့် အစိုးရရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲကို ပျက်ဆီးပြိုလဲ သွားစေနိုင်ပါတယ်။

              မဲဆန္ဒရှင်အများစုက ထောက်ခံခဲ့သလို ရွေးကောက်ပွဲ မဲဆွယ်ကတိဖြစ်တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို သမ္မတ ဒူတာတေးက အကောင်အထည်ဖော်ခဲ့ပေမယ့် သံသယရှိ မူးယစ်ဆေးဝါး ရောင်းသူတွေ ရဲတပ်ဖွဲ့နဲ့ လက်မရွံအဖွဲ့တွေရဲ့ တရားလက်လွတ်သတ်ဖြတ်မှုခံခဲ့ရတဲ့ အသေအပျောက်များ စစ်ဆင်ရေးအပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဒူတာတေးကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားခဲ့ပါတယ်။

                  သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတွေကို မှောင်ခိုဈေးမှာ ပြန်ရောင်းချနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရဲချုပ် အော်စကာ အယ်ဘေယာဒီ က အကာအကွယ်ပေးခဲ့ကြောင်း ဆီးနိတ်မှာ စစ်ဆေးကြားနာမှုတွေအတွင်း မျက်မြင်သက်သေတွေက ထွက်ဆိုခဲ့တာကြောင့် အစိုးရရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲအပေါ် မေးခွန်းထုတ် မှုတွေ ရှိလာခဲ့ပါတယ်။ အယ်ဘေယာဒီ ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး ရာထူးနုတ်ထွက်ပေးစရာ မရှိ ကြောင်း ပြောဆိုခဲ့ပါတယ်။

             တနင်္လာနေ့မှာတော့ အရှုပ်တော်ပုံမှာ သူ ပတ်သက်ဆက်နွယ်နေတယ်ဆိုတဲ့ အကြောင်းအချက်နဲ့ စစ်ဆေးကြားနားမှုတွေအရ ရဲချုပ်သစ် ခန့်အပ်နိုင်ဖို့အတွက် သူ နုတ်ထွက်ပေးကြောင်း ဆိုခဲ့ပါတယ်။ အသေအချာ စဉ်းစားဆင်ခြင်ပြီးနောက်မှာ မိမိရဲ့ ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ရာထူးကို စွန့်လွှတ် မယ်လို့ ဆုံးဖြတ်လိုက်ရပါကြောင်း ရဲတပ်ဖွဲ့ဝင်တွေကို မိန့်ခွန်းပြောရာမှာ အယ်ဘေယာဒီ က ပြောဆို ခဲ့ပါတယ်။

          ဒူတာတေးလက်အောက်က အင်အား ၁၉၁၀၀၀ ရှိတဲ့ တပ်ဖွဲ့ရဲ့ ဒုတိယဦးစီးချုပ်ဖြစ်ကာ ပမ်ပါငပြည်နယ် ရဲချုပ်ဖြစ်ခဲ့တဲ့ အယ်ဘေယာဒီရဲ့ လက်အောက်ငယ်သား ၁၃ ဦးဟာ ၂၀၁၃ ခုနှစ်က စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေထဲက ၁၆၀ ကီလိုဂရမ်လောက်ကို ခိုးယူထားခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။ အယ်ဘေယာဒီဟာ ယင်း တပ်ဖွဲ့ဝင် ၁၃ ဦး ရာထူးကနေ ဖြုတ်ချခံရမယ့်အရေးကို ကာကွယ် ပေးဖို့လုပ်ခဲ့ကြောင်း သက်သေတွေက ထွက်ဆိုခဲ့ပါတယ်။ 

Reuters

ကိုလင်း (အကုန်သိ သတင်းဌာန) -

Zawgyi Version

ဖမ္းမိ မူးယစ္ေဆး၀ါးေတြကုိ ျပန္ေရာင္းခ်ေနတယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြေၾကာင့္ ဖိလစ္ပုိင္ ရဲခ်ဳပ္ ရာထူးမွ ႏုတ္ထြက္ခဲ့ရ

              သိမ္းဆည္းရမိခဲ့တဲ့ မူးယစ္ေဆး၀ါးေတြကုိ ျပန္လည္ေရာင္းခ် အျမတ္ထုတ္ေနတဲ့ အရႈပ္ေတာ္ပုံမွာ ၄င္း ပါ၀င္ပတ္သက္ေနတယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြေၾကာင့္ အၿငိမ္းစားယူဖုိ ့ တစ္ေလအေက်ာ္ေလာက္အလုိ တနလၤာေန ့မွာ ဖိလစ္ပုိင္ရဲခ်ဳပ္ျဖစ္သူ ရာထူးက ႏုတ္ထြက္လုိက္ရပါတယ္။ ယင္း စြပ္စြဲခ်က္ေၾကာင့္ အစုိးရရဲ႕ မူးယစ္ေဆး၀ါးႏွိမ္နင္းေရးစစ္ပြဲကုိ ပ်က္ဆီးၿပိဳလဲ သြားေစႏုိင္ပါတယ္။

              မဲဆႏၵရွင္အမ်ားစုက ေထာက္ခံခဲ့သလုိ ေရြးေကာက္ပြဲ မဲဆြယ္ကတိျဖစ္တဲ့ မူးယစ္ေဆး၀ါး ႏွိမ္နင္းေရးစစ္ပြဲကုိ သမၼတ ဒူတာေတးက အေကာင္အထည္ေဖာ္ခဲ့ေပမယ့္ သံသယရွိ မူးယစ္ေဆး၀ါး ေရာင္းသူေတြ ရဲတပ္ဖြဲ႕နဲ႕ လက္မရြံအဖြဲ႕ေတြရဲ႕ တရားလက္လြတ္သတ္ျဖတ္မႈခံခဲ့ရတဲ့ အေသအေပ်ာက္မ်ား စစ္ဆင္ေရးအေပၚ ႏုိင္ငံတကာက ျပင္းျပင္းထန္ထန္ ေ၀ဖန္ခဲ့ပါတယ္။ ဒူတာေတးကေတာ့ စြပ္စြဲခ်က္ေတြကုိ ျငင္းဆုိထားခဲ့ပါတယ္။

                  သိမ္းဆည္းရမိ မူးယစ္ေဆး၀ါးေတြကုိ ေမွာင္ခုိေစ်းမွာ ျပန္ေရာင္းခ်ေနတဲ့ ရဲတပ္ဖြဲ႕၀င္ေတြကုိ ရဲခ်ဳပ္ ေအာ္စကာ အယ္ေဘယာဒီ က အကာအကြယ္ေပးခဲ့ေၾကာင္း ဆီးနိတ္မွာ စစ္ေဆးၾကားနာမႈေတြအတြင္း မ်က္ျမင္သက္ေသေတြက ထြက္ဆုိခဲ့တာေၾကာင့္ အစုိးရရဲ႕ မူးယစ္ေဆး၀ါးႏွိမ္နင္းေရး စစ္ပြဲအေပၚ ေမးခြန္းထုတ္ မႈေတြ ရွိလာခဲ့ပါတယ္။ အယ္ေဘယာဒီ ကေတာ့ စြပ္စြဲခ်က္ေတြကုိ ျငင္းဆန္ခဲ့ၿပီး ရာထူးႏုတ္ထြက္ေပးစရာ မရွိ ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

             တနလၤာေန ့မွာေတာ့ အရႈပ္ေတာ္ပုံမွာ သူ ပတ္သက္ဆက္ႏြယ္ေနတယ္ဆုိတဲ့ အေၾကာင္းအခ်က္နဲ႕ စစ္ေဆးၾကားနားမႈေတြအရ ရဲခ်ဳပ္သစ္ ခန္ ့အပ္ႏုိင္ဖုိ ့အတြက္ သူ ႏုတ္ထြက္ေပးေၾကာင္း ဆုိခဲ့ပါတယ္။ အေသအခ်ာ စဥ္းစားဆင္ျခင္ၿပီးေနာက္မွာ မိမိရဲ႕ ဖိလစ္ပုိင္ အမ်ဳိးသားရဲတပ္ဖြဲ႕ ရဲခ်ဳပ္ရာထူးကုိ စြန္ ့လႊတ္ မယ္လုိ ့ ဆုံးျဖတ္လုိက္ရပါေၾကာင္း ရဲတပ္ဖြဲ႕၀င္ေတြကုိ မိန္ ့ခြန္းေျပာရာမွာ အယ္ေဘယာဒီ က ေျပာဆုိ ခဲ့ပါတယ္။

          ဒူတာေတးလက္ေအာက္က အင္အား ၁၉၁၀၀၀ ရွိတဲ့ တပ္ဖြဲ႕ရဲ႕ ဒုတိယဦးစီးခ်ဳပ္ျဖစ္ကာ ပမ္ပါငျပည္နယ္ ရဲခ်ဳပ္ျဖစ္ခဲ့တဲ့ အယ္ေဘယာဒီရဲ႕ လက္ေအာက္ငယ္သား ၁၃ ဦးဟာ ၂၀၁၃ ခုႏွစ္က စစ္ဆင္ေရးအတြင္း ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆး၀ါးေတြထဲက ၁၆၀ ကီလုိဂရမ္ေလာက္ကုိ ခုိးယူထားခဲ့ေၾကာင္း စြပ္စြဲခံခဲ့ရပါတယ္။ အယ္ေဘယာဒီဟာ ယင္း တပ္ဖြဲ႕၀င္ ၁၃ ဦး ရာထူးကေန ျဖဳတ္ခ်ခံရမယ့္အေရးကုိ ကာကြယ္ ေပးဖုိ ့လုပ္ခဲ့ေၾကာင္း သက္ေသေတြက ထြက္ဆုိခဲ့ပါတယ္။

Reuters

ကုိလင္း (အကုန္သိ သတင္းဌာန) -

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။