ရေဘေးလွတ်ရာသို့ ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်ပေးခဲ့တဲ့ အသက် ၇၇ နှစ်အရွယ် ဂျပန် အဖွားအို ရဟတ်ယာဉ်ပေါ်မှ ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
ဂျပန်နိုင်ငံမှာ တိုင်ဖွန်း ဟာဂီဘစ္စဝင်ရောက်ခဲ့တဲ့ ဒေသအတွင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့မှု တစ်ခုမှာ အသက် ၇၇ နှစ်အရွယ် အဖွားအိုတစ်ဦး ရဟတ်ယာဉ်ပေါ်ကနေ မတော်တဆ ပြုကျခဲ့လို့ သေဆုံးသွားခဲ့ပါတယ်။
ယင်း မတော်တဆ ဖြစ်ရပ်အတွက် တောင်းပန်ပါကြောင်း တိုကျို မီးသတ်ဌာနက ထုတ်ပြန်ခဲ့ကာ ကယ်ဆယ်ရေးသမားတွေဟာ အဖွားအိုရဲ့ အသက်ကယ်အင်္ကျီကို ချိတ်နဲ့တွဲဖို့ မေ့လျော့သွားခဲ့ တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ယခုဖြစ်ရပ်ဟာ ဖူကူရှီးမား စီရင်စုဒေသ အီဝါကီမြို့မှာ တနင်္ဂနွေနေ့ မနက် ၁၀ နာရီလောက်က ဖြစ်ခဲ့တာလို့ သိရပါတယ်။ အသက် ၇၇ နှစ်အရွယ် အဖွားအိုဟာ အမြင့် ၄၀ မီတာခန့်ရှိ ရဟတ်ယာဉ်ကနေ ပြုတ်ကျခဲ့တာဖြစ်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ကယ်ဆယ်ရေး သမားတစ်ဦးက သက်ကယ်အင်္ကျီမှာ ချိတ်တွယ်ပြီးပြီလို့ ထင်မှတ်ခဲ့သလို အခြား တစ်ဦးကလည်း အားလုံး စိတ်ချရတဲ့အနေအထားဖြစ်ပြီလို့ အတည်ပြုခဲ့ကြောင်း ဒါပေမဲ့လည်း ကယ်ဆယ်ရေး ဖြစ်စဉ်ဟာ လုပ်ထုံးလုပ်နည်းအတိုင်း မဟုတ်ခဲ့ကြောင်း မီးသတ်ဌာနက ပြောဆိုခဲ့ပါတယ်။
တိုင်ဖွန်း ဟာဂီဘစ္စတိုက်ခတ်ပြီးနောက်မှာ ရေလွှမ်းမိုးမှုတွေဖြစ်နေတဲ့ ဖူကူရှီးမားနဲ့ နာဂါနို စီရင်စု ဒေသတွေကို တိုကျို မီးသတ်ဌာနဟာ ရဟတ်ယာဉ်တွေနဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ကာ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေခဲ့ပါတယ်။
NHK
ကိုလင်း (အကုန်သိ သတင်းဌာန)
Zawgyi Version
ေရေဘးလြတ္ရာသုိ ့ ရဟတ္ယာဥ္ျဖင့္ ကယ္ထုတ္ေပးခဲ့တဲ့ အသက္ ၇၇ ႏွစ္အရြယ္ ဂ်ပန္ အဖြားအုိ ရဟတ္ယာဥ္ေပၚမွ ျပဳတ္က် ေသဆုံးမႈ ျဖစ္ပြား
ဂ်ပန္ႏုိင္ငံမွာ တုိင္ဖြန္း ဟာဂီဘစၥ၀င္ေရာက္ခဲ့တဲ့ ေဒသအတြင္း ကယ္ဆယ္ေရးလုပ္ေဆာင္ခဲ့မႈ တစ္ခုမွာ အသက္ ၇၇ ႏွစ္အရြယ္ အဖြားအုိတစ္ဦး ရဟတ္ယာဥ္ေပၚကေန မေတာ္တဆ ျပဳက်ခဲ့လုိ ့ ေသဆုံးသြားခဲ့ပါတယ္။
ယင္း မေတာ္တဆ ျဖစ္ရပ္အတြက္ ေတာင္းပန္ပါေၾကာင္း တုိက်ဳိ မီးသတ္ဌာနက ထုတ္ျပန္ခဲ့ကာ ကယ္ဆယ္ေရးသမားေတြဟာ အဖြားအုိရဲ႕ အသက္ကယ္အကၤ်ီကုိ ခ်ိတ္နဲ႕တြဲဖုိ ့ ေမ့ေလ်ာ့သြားခဲ့ တာျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။ ယခုျဖစ္ရပ္ဟာ ဖူကူရွီးမား စီရင္စုေဒသ အီ၀ါကီၿမိဳ႕မွာ တနဂၤေႏြေန ့ မနက္ ၁၀ နာရီေလာက္က ျဖစ္ခဲ့တာလုိ ့ သိရပါတယ္။ အသက္ ၇၇ ႏွစ္အရြယ္ အဖြားအုိဟာ အျမင့္ ၄၀ မီတာခန္႔ရွိ ရဟတ္ယာဥ္ကေန ျပဳတ္က်ခဲ့တာျဖစ္ၿပီး ေဆးရုံအေရာက္မွာ ေသဆုံးသြားခဲ့ေၾကာင္း အတည္ျပဳခဲ့ပါတယ္။
ကယ္ဆယ္ေရး သမားတစ္ဦးက သက္ကယ္အကၤ်ီမွာ ခ်ိတ္တြယ္ၿပီးၿပီလုိ ့ ထင္မွတ္ခဲ့သလုိ အျခား တစ္ဦးကလည္း အားလုံး စိတ္ခ်ရတဲ့အေနအထားျဖစ္ၿပီလုိ ့ အတည္ျပဳခဲ့ေၾကာင္း ဒါေပမဲ့လည္း ကယ္ဆယ္ေရး ျဖစ္စဥ္ဟာ လုပ္ထုံးလုပ္နည္းအတုိင္း မဟုတ္ခဲ့ေၾကာင္း မီးသတ္ဌာနက ေျပာဆုိခဲ့ပါတယ္။
တုိင္ဖြန္း ဟာဂီဘစၥတုိက္ခတ္ၿပီးေနာက္မွာ ေရလႊမ္းမုိးမႈေတြျဖစ္ေနတဲ့ ဖူကူရွီးမားနဲ႕ နာဂါႏုိ စီရင္စု ေဒသေတြကုိ တုိက်ဳိ မီးသတ္ဌာနဟာ ရဟတ္ယာဥ္ေတြနဲ႕ တပ္ဖြဲ႕၀င္ေတြ ေစလႊတ္ကာ ကယ္ဆယ္ေရးေတြ လုပ္ေဆာင္ေနခဲ့ပါတယ္။
NHK
ကုိလင္း (အကုန္သိ သတင္းဌာန)