Skip to main content
ရခိုင်တွင် AA လက်နက်ကိုင်များက ဘတ်စ်ကားတစ်စီးကို ရပ်တန့်စေကာ မီးသတ်သမားများအပါအဝင် ခရီးသည် ၃၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားဟု ဆို 
Ads Block

ရခိုင်တွင် AA လက်နက်ကိုင်များက ဘတ်စ်ကားတစ်စီးကို ရပ်တန့်စေကာ မီးသတ်သမားများအပါအဝင် ခရီးသည် ၃၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားဟု ဆို 

              ရခိုင်ပြည်နယ် ကျေးလက်တစ်ခုမှာ အားကစားအဖွဲ့တစ်ဖွဲ့ အသွင်ယူထားတဲ့ AA လက်နက်ကိုင်တွေလို့ သံသယရှိသူတွေက  ဘတ်စ်ကားတစ်စီးကို ရပ်တန့်စေကာ တာဝန်ချိန်ပ မီးသတ် သမားနဲ့ ဆောက်လုပ်ရေး လုပ်သားအများစုပါဝင်တဲ့ ခရီးသည် ၃၁ ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ တာဝန်ရှိသူတွေက အောက်တိုဘာ ၁၃ ရက်နေ့မှာ ပြောဆိုခဲ့ကြောင်း Channel News Asia သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

               အဆိုပါ ဘတ်စ်ကားဟာ စစ်တွေမြို့ကို ထွက်ခွာလာတာဖြစ်ပြီး လမ်းမှာ အရပ်ဝတ် အမျိုးသား တစ်ဦးက ကားကိုတားခဲ့ကြောင်း အစိုးရ ကျောထောက်နောက်ခံပြု ဂလိုဘယ် နယူးလိုက်အော့ဖ်မြန်မာ သတင်းစာက ရေးသားပါတယ်။ ယင်းနောက် တောတွင်းကနေ အားကစားအင်္ကျီတွေ ဝတ်ထားကြတဲ့ သူပုန် ၁၈ ဦး ထွက်လာကာ ခရီးသည်တွေကို သေနတ်နဲ့ချိန်ပြီး အောက်ဆင်းခိုင်းခဲ့ကြောင်း သိရပါတယ်။

            ၎င်းတို့နောက်ကို လိုက်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက AFP သတင်းကို ပြောဆိုခဲ့ပြီး သောင်းကျန်းသူတွေဟာ မီးသတ်သမားတွေကို တပ်မတော်သားတွေလို့ ထင်မှတ်မှားခဲ့တာ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

           ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေး တိုက်ခိုက်မှုတွေ လုပ်နေတယ်ဆိုတဲ့ AA လက်နက်ကိုင်အဖွဲ့က ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လတ်တလော မှတ်ချက်ပြုပြောဆိုခြင်း မရှိသေးပါဘူး။ 

CNA

ကိုလင်း (အကုန်သိ သတင်းဌာန)

Zawgyi Version

ရခုိင္တြင္ AA လက္နက္ကုိင္မ်ားက ဘတ္စ္ကားတစ္စီးကုိ ရပ္တန္ ့ေစကာ မီးသတ္သမားမ်ားအပါအ၀င္ ခရီးသည္ ၃၁ ဦးကုိ ဖမ္းဆီးေခၚေဆာင္သြားဟု ဆုိ

              ရခုိင္ျပည္နယ္ ေက်းလက္တစ္ခုမွာ အားကစားအဖြဲ႕တစ္ဖြဲ႕ အသြင္ယူထားတဲ့ AA လက္နက္ကုိင္ေတြလုိ ့ သံသယရွိသူေတြက  ဘတ္စ္ကားတစ္စီးကုိ ရပ္တန္ ့ေစကာ တာ၀န္ခ်ိန္ပ မီးသတ္ သမားနဲ႕ ေဆာက္လုပ္ေရး လုပ္သားအမ်ားစုပါ၀င္တဲ့ ခရီးသည္ ၃၁ ဦးကုိ ဓါးစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္ သြားတယ္လုိ ့ တာ၀န္ရွိသူေတြက ေအာက္တုိဘာ ၁၃ ရက္ေန႔မွာ ေျပာဆုိခဲ့ေၾကာင္း Channel News Asia သတင္းတစ္ပုဒ္မွာ ေဖာ္ျပပါတယ္။

               အဆုိပါ ဘတ္စ္ကားဟာ စစ္ေတြၿမိဳ႕ကုိ ထြက္ခြာလာတာျဖစ္ၿပီး လမ္းမွာ အရပ္၀တ္ အမ်ဳိးသား တစ္ဦးက ကားကုိတားခဲ့ေၾကာင္း အစုိးရ ေက်ာေထာက္ေနာက္ခံျပဳ ဂလုိဘယ္ နယူးလုိက္ေအာ့ဖ္ျမန္မာ သတင္းစာက ေရးသားပါတယ္။ ယင္းေနာက္ ေတာတြင္းကေန အားကစားအကၤ်ီေတြ ၀တ္ထားၾကတဲ့ သူပုန္ ၁၈ ဦး ထြက္လာကာ ခရီးသည္ေတြကုိ ေသနတ္နဲ႕ခ်ိန္ၿပီး ေအာက္ဆင္းခုိင္းခဲ့ေၾကာင္း သိရပါတယ္။

            ၄င္းတုိ ့ေနာက္ကုိ လုိက္ေနဆဲျဖစ္ေၾကာင္း ဗုိလ္မွဴးႀကီး ၀င္းေဇာ္ဦးက AFP သတင္းကုိ ေျပာဆုိခဲ့ၿပီး ေသာင္းက်န္းသူေတြဟာ မီးသတ္သမားေတြကုိ တပ္မေတာ္သားေတြလုိ ့ ထင္မွတ္မွားခဲ့တာ ျဖစ္ႏုိင္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

           ရခုိင္ျပည္နယ္မွာ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ ပုိမုိရရွိေရး တုိက္ခုိက္မႈေတြ လုပ္ေနတယ္ဆုိတဲ့ AA လက္နက္ကုိင္အဖြဲ႕က ယခုျဖစ္စဥ္နဲ႕ ပတ္သက္ၿပီး လတ္တေလာ မွတ္ခ်က္ျပဳေျပာဆုိျခင္း မရွိ္ေသးပါဘူး။

CNA

ကုိလင္း (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။