Skip to main content
ဆီးရီးယားအရှေ့မြောက်ပိုင်းနယ်မြေအတွင်း တူရကီစစ်ရေးကျူးကျော်မှုအရှိန်မြှင့်လာစဉ် စစ်လမ်းကြောင်းပေါ်မှ အမေရိကန်တပ်များဆုတ်ခွာနေ
Ads Block

ဆီးရီးယားအရှေ့မြောက်ပိုင်းနယ်မြေအတွင်း တူရကီစစ်ရေးကျူးကျော်မှုအရှိန်မြှင့်လာစဉ် စစ်လမ်းကြောင်းပေါ်မှ အမေရိကန်တပ်များဆုတ်ခွာနေ

ဆီးရီးယားအရှေ့မြောက်ပိုင်းနယ်မြေအတွင်းပိုင်းသို့ တူရကီစစ်ရေးကျူးကျော်မှုအရှိန်မြှင့်လာစဉ် စစ်လမ်းကြောင်း ပေါ်၌ တပ်စွဲထားသည်ဟု သိရှိရသောနေရာမှ အမေရိကန်တပ်များ အလျှင်အမြန်ဆုတ်ခွာနေသည်ကို တွေ့ရှိရကြောင်း၊ ထိုစဉ် အရှေ့မြောက်ပိုင်းသို့ ၎င်းတို့၏ တပ်များ စေလွှတ်လျှက်ရှိကြောင်း ဆီးရီးယားအစိုးရက ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။

ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် အမေရိကန်တပ်များ စတင်ဆုတ်ခွာသည်ဟု လုံခြုံရေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များအား ကိုးကားလျှက် တူရကီအစိုးရပိုင် “ အနာဒိုလူသတင်းဌာန “ က ဖော်ပြသော်လည်း ပင်တာဂွန်၏ အတည်ပြုချက် မရရှိချေ။ အမေရိကန်ကြည်းတပ်များသည် အရ်အယ်လ်အာရပ် ခေါ် မဟာဗျူဟာမြောက်အရေးပါသည့် “ ခိုဘာနီ “ မြို့တွင် တပ်စွဲထားခြင်းဖြစ်ပြီး လွန်ခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ကာ တူရကီက အမြောက်ကြီးများဖြင့် စတင်ပစ်ခတ်ခြင်းခံရသည်။ တူရကီ၏ ပစ်ခတ်မှုမှာ တမင်ရည်ရွယ်ခြင်း ရှိ-မရှိနှင့် ထိခိုက် ပျက်စီးမှုသတင်းများ ရှင်းလင်းစွာ မသိရချေ။

ခိုဘာနီ တောင်ဖက် ခရီးတစ်နာရီခန့်အကွာတွင် အန်အက်ဆာမြို့တွင် "ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူး ဒေသဗဟို" အခြေစိုက်ထားပြီး အဆိုပါမြို့မှလည်း အမေရိကန်တပ်ဖွဲ့ဝင်အနည်းငယ် စတင်ဆုတ်ခွာလျှက်ရှိသည်ကို တွေ့ရှိရသည်။ တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန်တို့သည် ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် စိုးမိုးမှု ချဲ့ထွင်လာဟန်ရှိပြီး တူရကီပိုင်နက်ဘက်တွင်လည်း ဆီးရီးယားသူပုန်များ ပြန်လည်စုရုံးလာသည်ကို တွေ့မြင် ရကြောင်း Washington Post က ရေးသားသည်။ ဆီးရီးယားမြောက်ပိုင်းအရေးပါသော M4 အဝေးပြေး လမ်းမကြီး ကို တူရကီကျောထောက်နောက်ခံပြု သူပုန်တို့ ထိန်းချုပ်ရန် ချဉ်းကပ်လာစဉ်ကတည်းက အဆိုပါ နယ်မြေမှ အမေရိကန်တပ်များ ဆုတ်ခွာပြီးဖြစ်ကြောင်း သတင်းများထွက်ပေါ်သည်။

အမေရိကန်တပ်များသည် ဆန့်ကျင်ဘက်စစ်တပ် ၂ ခု၏ကြားတွင် ပိတ်မိနေပြီး ပြန်လည်ခုခံရန် အလွန်ခက်ခဲသည့် အခြေအနေတွင် ရောက်ရှိနေကြောင်း၊ ဆီးရီးယားမြောက်ပိုင်းမှ အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀ ခန့်ကို လွတ်ကင်းရာ သို့ ရွှေ့ပြောင်းရန် စီစဉ်လျှက်ရှိကြောင်း တစ်ဟုန်ထိုးချီတက်လာနေသည့် တူရကီတပ်ဖွဲ့ဝင် ၁၅,ဝဝဝ တို့ကို တားဆီး နိုင်မည့် နည်းလမ်းမတွေ့ရသေးကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး မတ်ခ်အက်စ်ပါက ပြောဆိုသည်။

၎င်းတို့၏ တပ်များသည် ကာ့ဒ်တို့ထိန်းချုပ်ရာနယ်မြေအတွင်း ၁၉-၂ဝ မိုင်ခန့် ထိုးဖောက်နိုင်ခဲ့ကြောင်းနှင့် ထိုမှ မိုင်-၂ဝ ရှည်လျှားသော “ Safe Zone “ တည်ဆောက်လျှက်ရှိကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်။

ထိုစဉ်အတောအတွင်း တူရကီတို့ရှိရာ ဆီးရီးယားမြောက်ပိုင်းတွင် တပ်ဖွဲ့ဝင်များဖြန့်ချရန် အာဆတ်အစိုးရနှင့် သဘောတူညီချက်ရရှိပြီဖြစ်ကြောင်း ကာ့ဒ်အထူးဒေသ ခေါင်းဆောင်များက ပြောဆိုသည်။ ဆီးရီးယားမြောက်ပိုင်း အလက်ပိုခရိုင် မန်ဘစ်မြို့သို့ ဆီးရီးယားအစိုးရတပ်များ ဝင်ရောက်လာသည်ကို တွေ့မြင်ရကြောင်း လက်ဘနွန် အခြေစိုက် Al Mayadeen က သတင်းပေးပို့သည်။ အဆိုပါမြို့သည် တူရကီကျောထောက်နောက်ခံပြု ဆီးရီးယား သူပုန်တို့ရှိရာ ခိုဘာနီမြို့နှင့် မိုင် ၄ဝ ခန့်ကွာတွင်တည်ရှိပြီး ဆီးရီးယားတပ်မတော်အနေဖြင့် ၄၈ နာရီအတွင်း အရောက်ချီတက်နိုင်ဖွယ်ရှိသည်။ လက်ဘနွန်သတင်းစာ၏ ရေးသားချက်မှာ မြေပြင်သတင်းရင်း မြစ်များ၏ ပြောပြချက်နှင့် ကိုက်ညီကြောင်း Russia Toady က အတည်ပြုသည်။

သဘာဝဓါတ်ငွေ့နှင့် ရေနံတွင်းများတည်ရှိရာ အဆိုပါနယ်မြေသို့ ဆီးရီးယားတပ်မတော်ဝင်ရောက်သွားခြင်းမှာ တူရကီတို့အတွက် အလွန်ပြင်းထန်သော ဖိအားတစ်ရပ်ဖြစ်ကြောင်း စစ်ရေးအကဲခတ်သူများက ပြောဆိုသည်။ လက်ရှိအခြေအနေမှာ ဆီးရီးယားနှင့် တူရကီအိမ်နီးချင်း နှစ်နိုင်ငံအကြား စစ်မက်ဖြစ်ပွားရန် သေချာလာပြီး သံတမန်နည်းလမ်းကို အသုံးပြူရန်မှလွဲ၍ အခြားမရှိကြောင်း ဝေဖန်လျှက်ရှိသည်။

Htay Oung (အကုန်သိ သတင်းဌာန)

Zawgyi Version

ဆီးရီးယားအေရွ႕ေျမာက္ပိုင္းနယ္ေျမအတြင္း တူရကီစစ္ေရးက်ဴးေက်ာ္မွဳအရွိန္ျမွင့္လာစဥ္ စစ္လမ္းေၾကာင္းေပၚမွ အေမရိကန္တပ္မ်ားဆုတ္ခြာေန

 

 

ဆီးရီးယားအေရွ႔ေျမာက္ပိုင္းနယ္ေျမအတြင္းပိုင္းသို႔ တူရကီစစ္ေရးက်ဴးေက်ာ္မွဳအရွိန္ျမွင့္လာစဥ္ စစ္လမ္းေၾကာင္း ေပၚ၌ တပ္စြဲထားသည္ဟု သိရွိရေသာေနရာမွ အေမရိကန္တပ္မ်ား အလွ်င္အျမန္ဆုတ္ခြာေနသည္ကို ေတြ႔ရွိရေၾကာင္း၊ ထိုစဥ္ အေရွ႔ေျမာက္ပိုင္းသို႔ ၄င္းတို႔၏ တပ္မ်ား ေစလႊတ္လွ်က္ရွိေၾကာင္း ဆီးရီးယားအစိုးရက ေျပာဆိုသည္ဟု Russia Today က ယေန႔ေရးသားသည္။

ေဒသစံေတာ္ခ်ိန္ မြန္းလြဲ ၃ နာရီတြင္ အေမရိကန္တပ္မ်ား စတင္ဆုတ္ခြာသည္ဟု လံုျခံဳေရးဘက္ဆိုင္ရာ သတင္းရင္းျမစ္မ်ားအား ကိုးကားလွ်က္ တူရကီအစိုးရပိုင္ “ အနာဒိုလူသတင္းဌာန “ က ေဖာ္ျပေသာ္လည္း ပင္တာဂြန္၏ အတည္ျပဳခ်က္ မရရွိေခ်။ အေမရိကန္ၾကည္းတပ္မ်ားသည္ အရ္အယ္လ္အာရပ္ ေခၚ မဟာဗ်ဴဟာေျမာက္အေရးပါသည့္ “ ခိုဘာနီ “ ျမိဳ႔တြင္ တပ္စြဲထားျခင္းျဖစ္ျပီး လြန္ခဲ့သည့္ တနဂၤေႏြေန႔မွ စတင္ကာ တူရကီက အေျမာက္ၾကီးမ်ားျဖင့္ စတင္ပစ္ခတ္ျခင္းခံရသည္။ တူရကီ၏ ပစ္ခတ္မွဳမွာ တမင္ရည္ရြယ္ျခင္း ရွိ-မရွိႏွင့္ ထိခိုက္ ပ်က္စီးမွဳသတင္းမ်ား ရွင္းလင္းစြာ မသိရေခ်။

ခိုဘာနီ ေတာင္ဖက္ ခရီးတစ္နာရီခန္႔အကြာတြင္ အန္အက္ဆာျမိဳ႔တြင္ "ကာ့ဒ္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အထူး ေဒသဗဟို" အေျခစိုက္ထားျပီး အဆိုပါျမိဳ႔မွလည္း အေမရိကန္တပ္ဖြဲ႔၀င္အနည္းငယ္ စတင္ဆုတ္ခြာလွ်က္ရွိသည္ကို ေတြ႔ရွိရသည္။ တူရကီေက်ာေထာက္ေနာက္ခံျပဳ ဆီးရီးယားသူပုန္တို႔သည္ ဆီးရီးယားအေရွ႔ေျမာက္ပိုင္းတြင္ စိုးမိုးမွဳ ခ်ဲ႔ထြင္လာဟန္ရွိျပီး တူရကီပိုင္နက္ဘက္တြင္လည္း ဆီးရီးယားသူပုန္မ်ား ျပန္လည္စုရံုးလာသည္ကို ေတြ႔ျမင္ ရေၾကာင္း Washington Post က ေရးသားသည္။ ဆီးရီးယားေျမာက္ပိုင္းအေရးပါေသာ M4 အေ၀းေျပး လမ္းမၾကီး ကို တူရကီေက်ာေထာက္ေနာက္ခံျပဳ သူပုန္တို႔ ထိန္းခ်ဳပ္ရန္ ခ်ဥ္းကပ္လာစဥ္ကတည္းက အဆိုပါ နယ္ေျမမွ အေမရိကန္တပ္မ်ား ဆုတ္ခြာျပီးျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚသည္။

အေမရိကန္တပ္မ်ားသည္ ဆန္႔က်င္ဘက္စစ္တပ္ ၂ ခု၏ၾကားတြင္ ပိတ္မိေနျပီး ျပန္လည္ခုခံရန္ အလြန္ခက္ခဲသည့္ အေျခအေနတြင္ ေရာက္ရွိေနေၾကာင္း၊ ဆီးရီးယားေျမာက္ပိုင္းမွ အေမရိကန္တပ္ဖြဲ႔၀င္ ၁,၀၀၀ ခန္႔ကို လြတ္ကင္းရာ သို႔ ေရႊ႔ေျပာင္းရန္ စီစဥ္လွ်က္ရွိေၾကာင္း တစ္ဟုန္ထိုးခ်ီတက္လာေနသည့္ တူရကီတပ္ဖြဲ႔၀င္ ၁၅,ဝဝဝ တို႔ကို တားဆီး ႏိုင္မည့္ နည္းလမ္းမေတြ႔ရေသးေၾကာင္း အေမရိကန္ကာကြယ္ေရး၀န္ၾကီး မတ္ခ္အက္စ္ပါက ေျပာဆိုသည္။

၄င္းတို႔၏ တပ္မ်ားသည္ ကာ့ဒ္တို႔ထိန္းခ်ဳပ္ရာနယ္ေျမအတြင္း ၁၉-၂ဝ မိုင္ခန္႔ ထိုးေဖာက္ႏိုင္ခဲ့ေၾကာင္းႏွင့္ ထိုမွ မိုင္-၂ဝ ရွည္လွ်ားေသာ “ Safe Zone “ တည္ေဆာက္လွ်က္ရွိေၾကာင္း တူရကီကာကြယ္ေရး၀န္ၾကီး႒ာနက သတင္းထုတ္ျပန္သည္။

ထိုစဥ္အေတာအတြင္း တူရကီတို႔ရွိရာ ဆီးရီးယားေျမာက္ပိုင္းတြင္ တပ္ဖြဲ႔ဝင္မ်ားျဖန္႔ခ်ရန္ အာဆတ္အစိုးရႏွင့္ သေဘာတူညီခ်က္ရရွိျပီျဖစ္ေၾကာင္း ကာ့ဒ္အထူးေဒသ ေခါင္းေဆာင္မ်ားက ေျပာဆိုသည္။ ဆီးရီးယားေျမာက္ပိုင္း အလက္ပိုခရိုင္ မန္ဘစ္ျမိဳ႔သို႔ ဆီးရီးယားအစိုးရတပ္မ်ား ၀င္ေရာက္လာသည္ကို ေတြ႔ျမင္ရေၾကာင္း လက္ဘႏြန္ အေျခစိုက္ Al Mayadeen က သတင္းေပးပို႔သည္။ အဆိုပါျမိဳ႔သည္ တူရကီေက်ာေထာက္ေနာက္ခံျပဳ ဆီးရီးယား သူပုန္တို႔ရွိရာ ခိုဘာနီျမိဳ႔ႏွင့္ မိုင္ ၄ဝ ခန္႔ကြာတြင္တည္ရွိျပီး ဆီးရီးယားတပ္မေတာ္အေနျဖင့္ ၄၈ နာရီအတြင္း အေရာက္ခ်ီတက္ႏိုင္ဖြယ္ရွိသည္။ လက္ဘႏြန္သတင္းစာ၏ ေရးသားခ်က္မွာ ေျမျပင္သတင္းရင္း ျမစ္မ်ား၏ ေျပာျပခ်က္ႏွင့္ ကိုက္ညီေၾကာင္း Russia Toady က အတည္ျပဳသည္။

သဘာ၀ဓါတ္ေငြ႔ႏွင့္ ေရနံတြင္းမ်ားတည္ရွိရာ အဆိုပါနယ္ေျမသို႔ ဆီးရီးယားတပ္မေတာ္ဝင္ေရာက္သြားျခင္းမွာ တူရကီတို႔အတြက္ အလြန္ျပင္းထန္ေသာ ဖိအားတစ္ရပ္ျဖစ္ေၾကာင္း စစ္ေရးအကဲခတ္သူမ်ားက ေျပာဆိုသည္။ လက္ရွိအေျခအေနမွာ ဆီးရီးယားႏွင့္ တူရကီအိမ္နီးခ်င္း ႏွစ္ႏိုင္ငံအၾကား စစ္မက္ျဖစ္ပြားရန္ ေသခ်ာလာျပီး သံတမန္နည္းလမ္းကို အသံုးျပဴရန္မွလြဲ၍ အျခားမရွိေၾကာင္း ေ၀ဖန္လွ်က္ရွိသည္။

Htay Oung (အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။