Skip to main content
တိုက်ပွဲတွေဖြစ်နေတဲ့ ဆီးရီးယား အရှေ့မြောက်ပိုင်းမှ လူ ၁၃၀၀၀၀ ကျော် နေရပ်စွန့်ခွာ၊ အိုင်အက်စ်တို့နှင့် ပတ်သက်ဆက်နွယ်သူ ၁၀၀ ခန့်လည်း ထိန်းသိမ်းရေး စခန်းမှ လွတ်မြောက်သွား  
Ads Block

တိုက်ပွဲတွေဖြစ်နေတဲ့ ဆီးရီးယား အရှေ့မြောက်ပိုင်းမှ လူ ၁၃၀၀၀၀ ကျော် နေရပ်စွန့်ခွာ၊ အိုင်အက်စ်တို့နှင့် ပတ်သက်ဆက်နွယ်သူ ၁၀၀ ခန့်လည်း ထိန်းသိမ်းရေး စခန်းမှ လွတ်မြောက်သွား  

              တူရကီတပ်တွေနဲ့ ကာ့ဒ်ပြည်သူ့စစ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဆီးရီးယား အရှေ့မြောက်ပိုင်း နယ်စပ်မြို့တွေဖြစ်တဲ့ တဲလ် အက်ဘ်ယတ်နဲ့ ရက်စ်အယ်အင်မြို့ ဝန်းကျင်ဧရိယာတွေက ကျေးလက်တွေမှ လူဦးရေ ၁၃၀၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း ကုလသမဂ္ဂက အောက်တိုဘာ ၁၃ ရက်နေ့မှာ ပြောဆိုပါတယ်။ ဒါ့အပြင် ဆီးရီးယား မြောက်ပိုင်း ထိန်းသိမ်းရေးစခန်းတစ်ခုကနေ အိုင်အက်စစ်သွေးကြွတွေရဲ့ ဇနီးသည်တွေနဲ့ ကလေး စုစုပေါင်း ၁၀၀ ဝန်းကျင်လောက် လွတ်မြောက်သွားကြောင်းလည်း သိရပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ဆီးရီးယား အရှေ့မြောက်ပိုင်းမှ လူ ၁၃၀၀၀၀ ကျော် နေရပ်စွန့်ခွာ၊ အိုင်အက်စ်တို့နှင့် ပတ်သက်ဆက်နွယ်သူ ၁၀၀ ခန့်လည်း ထိန်းသိမ်းရေး စခန်းမှ လွတ်မြောက်သွား  

                     လာမယ့် ရက်တွေအတွင်း ဆီးရီးယား တိုက်ပွဲဇုန်ရှိ အရပ်သား ၄၀၀၀၀၀ လောက်အတွက် အစားအစာ ကူညီထောက်ပံ့မှုတွေနဲ့ အကာအကွယ်ပေးဖို့လိုအပ်နိုင်တယ်လို့ OCHA နဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ အခြား အေဂျင်စီတွေ ခန့်မှန်းကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး OCHA က ထုတ်ပြန်ခဲ့ပါတယ်။ “စုရပ်စင်တာတွေကို နေရပ်စွန့်ခွာသူတွေ ထပ်ထပ် ရောက်လာပါတယ်။ ဒုက္ခသည်စခန်းနှစ်ခုမှာ ရှိနေသူ ၈၂၀၀၀ အပါအဝင် လူ ၄ သိန်းကျော်လောက်ဟာ သောက်သုံးရေထောက်ပံ့မှု ပြတ်တောက်သွားတာကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်” လို့ OCHA က ပြောပါတယ်။

     တူရကီ စစ်ဆင်ရေးရဲ့ အဓိက ပစ်မှတ်နေရာတွေဖြစ်တဲ့ ရက်စ်အယ်အင်နဲ့ တဲလ်အက်ဘ်ယတ်မြို့တွေက အစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံတွေကို သောကြာနေ့ကတည်းက ပိတ်ထားရတယ်လို့လည်း သိရပါတယ်။

            တစ်ချိန်တည်းမှာပဲ တိုက်ပွဲတွေဖြစ်နေမှုအတွင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်လုံခြုံရေးတပ်တွေ အစောင့်ချထားတဲ့ ထိန်းသိမ်းရေး စခန်းတစ်ခုကနေ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ဇနီးသည်နဲ့ ကလေး ၁၀၀ ဝန်းကျင် လွတ်မြောက်သွားခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောဆိုခဲ့ပါတယ်။ ကာ့ဒ်ဦးဆောင်တဲ့ ဆီးရီးယား မြောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့ကလည်း တူရကီနဲ့ ဆီးရီးယား သူပုန်တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက် အိုင်အက်စ် မိသားစုဝင်အချို့ စခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ အစောပိုင်းမှာ ပြောဆိုထားခဲ့ပါတယ်။ 

Reuters

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

တုိက္ပြဲေတြျဖစ္ေနတဲ့ ဆီးရီးယား အေရွ႕ေျမာက္ပုိင္းမွ လူ ၁၃၀၀၀၀ ေက်ာ္ ေနရပ္စြန္ ့ခြာ၊ အုိင္အက္စ္တုိ ့ႏွင့္ ပတ္သက္ဆက္ႏြယ္သူ ၁၀၀ ခန္ ့လည္း ထိန္းသိမ္းေရး စခန္းမွ လြတ္ေျမာက္သြား  

              တူရကီတပ္ေတြနဲ႕ ကာ့ဒ္ျပည္သူ႕စစ္ေတြအၾကား တုိက္ပြဲေတြ ျဖစ္ပြားေနတာေၾကာင့္ ဆီးရီးယား အေရွ႕ေျမာက္ပုိင္း နယ္စပ္ၿမိဳ႕ေတြျဖစ္တဲ့ တဲလ္ အက္ဘ္ယတ္နဲ႕ ရက္စ္အယ္အင္ၿမိဳ႕ ၀န္းက်င္ဧရိယာေတြက ေက်းလက္ေတြမွ လူဦးေရ ၁၃၀၀၀၀ ေက်ာ္ ေနရပ္စြန္ ့ခြာထြက္ေျပးခဲ့ၾကေၾကာင္း ကုလသမဂၢက ေအာက္တုိဘာ ၁၃ ရက္ေန ့မွာ ေျပာဆုိပါတယ္။ ဒါ့အျပင္ ဆီးရီးယား ေျမာက္ပုိင္း ထိန္းသိမ္းေရးစခန္းတစ္ခုကေန အုိင္အက္စစ္ေသြးၾကြေတြရဲ႕ ဇနီးသည္ေတြနဲ႕ ကေလး စုစုေပါင္း ၁၀၀ ၀န္းက်င္ေလာက္ လြတ္ေျမာက္သြားေၾကာင္းလည္း သိရပါတယ္။

                     လာမယ့္ ရက္ေတြအတြင္း ဆီးရီးယား တုိက္ပြဲဇုန္ရွိ အရပ္သား ၄၀၀၀၀၀ ေလာက္အတြက္ အစားအစာ ကူညီေထာက္ပံ့မႈေတြနဲ႕ အကာအကြယ္ေပးဖုိ ့လုိအပ္ႏုိင္တယ္လုိ ့ OCHA နဲ႕ ျပန္လည္ထူေထာင္ေရးဆုိင္ရာ အျခား ေအဂ်င္စီေတြ ခန္ ့မွန္းေၾကာင္း ကုလသမဂၢ လူသားခ်င္းစာနာမႈဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရးရုံး OCHA က ထုတ္ျပန္ခဲ့ပါတယ္။ “စုရပ္စင္တာေတြကုိ ေနရပ္စြန္ ့ခြာသူေတြ ထပ္ထပ္ ေရာက္လာပါတယ္။ ဒုကၡသည္စခန္းႏွစ္ခုမွာ ရွိေနသူ ၈၂၀၀၀ အပါအ၀င္ လူ ၄ သိန္းေက်ာ္ေလာက္ဟာ ေသာက္သုံးေရေထာက္ပံ့မႈ ျပတ္ေတာက္သြားတာကုိ ရင္ဆုိင္ႀကဳံေတြ႕ေနရပါတယ္” လုိ ့ OCHA က ေျပာပါတယ္။

     တူရကီ စစ္ဆင္ေရးရဲ႕ အဓိက ပစ္မွတ္ေနရာေတြျဖစ္တဲ့ ရက္စ္အယ္အင္နဲ႕ တဲလ္အက္ဘ္ယတ္ၿမိဳ႕ေတြက အစုိးရနဲ႕ ပုဂၢလိက ေဆးရုံေတြကုိ ေသာၾကာေန ့ကတည္းက ပိတ္ထားရတယ္လုိ႕လည္း သိရပါတယ္။

            တစ္ခ်ိန္တည္းမွာပဲ တုိက္ပြဲေတြျဖစ္ေနမႈအတြင္း ဆီးရီးယားေျမာက္ပုိင္းရွိ ကာ့ဒ္လုံၿခဳံေရးတပ္ေတြ အေစာင့္ခ်ထားတဲ့ ထိန္းသိမ္းေရး စခန္းတစ္ခုကေန အုိင္အက္စ္ စစ္ေသြးၾကြေတြရဲ႕ ဇနီးသည္နဲ႕ ကေလး ၁၀၀ ၀န္းက်င္ လြတ္ေျမာက္သြားခဲ့ေၾကာင္း ဆီးရီးယား လူ႕အခြင့္အေရး ေစာင့္ၾကည့္အဖြဲ႕က ေျပာဆုိခဲ့ပါတယ္။ ကာ့ဒ္ဦးေဆာင္တဲ့ ဆီးရီးယား ေျမာက္ပုိင္း အုပ္ခ်ဳပ္ေရးအဖြဲ႕ကလည္း တူရကီနဲ႕ ဆီးရီးယား သူပုန္တပ္ေတြရဲ႕ လက္နက္ႀကီးပစ္ခတ္မႈေတြျဖစ္ခဲ့ၿပီးေနာက္ အုိင္အက္စ္ မိသားစု၀င္အခ်ဳိ႕ စခန္းကေန ထြက္ေျပးလြတ္ေျမာက္သြားခဲ့တယ္လုိ ့ အေစာပုိင္းမွာ ေျပာဆုိထားခဲ့ပါတယ္။

Reuters

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။