Skip to main content
တာချီလိတ်မြို့ရှိ ထမင်းဆိုင် ၁ ဆိုင်ကို ရိုက်ချိုးဖျက်ဆီးပြီးမီးရှို့သွားသူများကို အမှုဖွင့်စုံစမ်းနေ
Ads Block

တာချီလိတ်မြို့ရှိ ထမင်းဆိုင် ၁ ဆိုင်ကို ရိုက်ချိုးဖျက်ဆီးပြီးမီးရှို့သွားသူများကို အမှုဖွင့်စုံစမ်းနေ

တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်ရှိ “လာဂါ” ထမင်းဆိုင်ကို ယနေ့(အောက်တိုဘာလ ၁၃ ရက်)၊ နံနက်ပိုင်းက အမည်မသိလူ ၁၅ ဦးခန့်က ရိုက်ချိုးဖျက်ဆီးပြီးမီးရှို့သွားသဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ ခေတ္တာလမ်းတွင် ဖွင့်လှစ်ထားသော “လာဂါ” ထမင်း ဆိုင်ကို အောက်တိုဘာလ ၁၃ ရက်၊ နံနက်အစောပိုင်းက အမည်မသိလူ ၁၅ ဦးခန့်မှ ဝင်ရောက်လာ၍ ထိုင်ခုံ၊ စားပွဲနှင့် မှန်တံခါးများကိုရိုက်ချိုးဖျက်ဆီးပြီးမီးရှို့ထွက်သွားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အမှုလာတိုင်လို့ အမှုဖွင့်ပေးထားပါတယ်။ တိုင်တာကလည်း နေ့လယ်မှလာတိုင်လို့ပါ။ ဒါကတော့ သူတို့အချင်းချင်းကလည်း ဘာရှိမှန်းမသိဘူးလေ။ အခုလက်ရှိကတော့ တာဝန်ခံက တိုင်ထားတာဆိုတော့လေ။ လောင်းကစားရုံဟုတ်/မဟုတ် အခုကျွန်တော်သွားအတည်ပြုနေတယ်။ အဲဒီလိုတွေ ပြောနေကြလို့ သွားပြီးတော့ အဖွဲ့စုံနဲ့ရှာဖွေရေးလုပ်နေတယ်” ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးသန်းထွဋ်အောင်က အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါ “လာဂါ” ထမင်းဆိုင်သည် လောင်းကစားရုံဖြစ်ပြီး ဖဲဝေမှားရာမှ ထိုးသားနှင့် ဖဲဝေဝန်ထမ်းများ ပြဿနာ ဖြစ်ကာ ထိုးသားများက ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ထွက်ပေါ်နေသည့်နယ်မြေသတင်းများအရ သိရသည်။

လက်ရှိတွင် အမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်း၌ (ပ)၅၇၉/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၄၂၇/၄၃၆/၄၅၇/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

Zawgyi Version

တာခ်ီလိတ္ၿမိဳ႕ရွိ ထမင္းဆိုင္ ၁ ဆိုင္ကို ရိုက္ခ်ဳိးဖ်က္ဆီးၿပီးမီးရႈိ႕သြားသူမ်ားကို အမႈဖြင့္စုံစမ္းေန

တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝိန္းေက်ာက္ရပ္ကြက္ရွိ “လာဂါ” ထမင္းဆိုင္ကို ယေန႔(ေအာက္တိုဘာလ ၁၃ ရက္)၊ နံနက္ပိုင္းက အမည္မသိလူ ၁၅ ဦးခန္႔က ရိုက္ခ်ဳိးဖ်က္ဆီးၿပီးမီးရႈိ႕သြားသျဖင့္ အမႈဖြင့္စံုစမ္းေနေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝိန္းေက်ာက္ရပ္ကြက္၊ ေခတၱာလမ္းတြင္ ဖြင့္လွစ္ထားေသာ “လာဂါ” ထမင္း ဆိုင္ကို ေအာက္တိုဘာလ ၁၃ ရက္၊ နံနက္အေစာပိုင္းက အမည္မသိလူ ၁၅ ဦးခန္႔မွ ဝင္ေရာက္လာ၍ ထိုင္ခုံ၊ စားပြဲႏွင့္ မွန္တံခါးမ်ားကိုရိုက္ခ်ဳိးဖ်က္ဆီးၿပီးမီးရႈိ႕ထြက္သြားေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

“အမႈလာတိုင္လို႔ အမႈဖြင့္ေပးထားပါတယ္။ တိုင္တာကလည္း ေန႔လယ္မွလာတိုင္လို႔ပါ။ ဒါကေတာ့ သူတို႔အခ်င္းခ်င္းကလည္း ဘာရွိမွန္းမသိဘူးေလ။ အခုလက္ရွိကေတာ့ တာဝန္ခံက တိုင္ထားတာဆိုေတာ့ေလ။ ေလာင္းကစားရုံဟုတ္/မဟုတ္ အခုကြ်န္ေတာ္သြားအတည္ျပဳေနတယ္။ အဲဒီလိုေတြ ေျပာေနၾကလို႔ သြားၿပီးေတာ့ အဖြဲ႔စုံနဲ႔ရွာေဖြေရးလုပ္ေနတယ္” ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴးဒုရဲမွဴးသန္းထြဋ္ေအာင္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။

အဆိုပါ “လာဂါ” ထမင္းဆိုင္သည္ ေလာင္းကစားရံုျဖစ္ၿပီး ဖဲေဝမွားရာမွ ထိုးသားႏွင့္ ဖဲေဝဝန္ထမ္းမ်ား ျပႆနာ ျဖစ္ကာ ထိုးသားမ်ားက ဖ်က္ဆီးမီးရႈိ႕ခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ေပၚေနသည့္နယ္ေျမသတင္းမ်ားအရ သိရသည္။

လက္ရွိတြင္ အမႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ (ပ)၅၇၉/ ၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၄၂၇/၄၃၆/၄၅၇/၁၁၄ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။