Skip to main content
ဆော်ဒီနိုင်ငံအတွင်း အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်တွေ ထပ်တိုးချထားဖို့ ဆော်ဒီဘုရင် ထောက်ခံ အတည်ပြု  
Ads Block

ဆော်ဒီနိုင်ငံအတွင်း အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်တွေ ထပ်တိုးချထားဖို့ ဆော်ဒီဘုရင် ထောက်ခံ အတည်ပြု  

            ပြီးခဲ့တဲ့လက ဘုရင့်နိုင်ငံရဲ့ ရေနံအဆောက်အအုံတွေ တိုက်ခိုက်ခံလိုက်ရပြီးနောက်ပိုင်းမှာ နိုင်ငံအတွင်း အမေရိကန်တပ်တွေနဲ့ စစ်လက်နက်ကိရိယာတွေ ထပ်တိုးချထားဖို့ ဆော်ဒီဘုရင်နဲ့ အိမ်ရှေ့မင်းသားတို့က ထောက်ခံချက်ပေးလိုက်ပြီလို့ နိုင်ငံပိုင် သတင်းဌာန SPA က စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဆော်ဒီနိုင်ငံအတွင်း အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်တွေ ထပ်တိုးချထားဖို့ ဆော်ဒီဘုရင် ထောက်ခံ အတည်ပြု  

               မဟာပြိုင်ဘက် အီရန်နဲ့ ဆော်ဒီတို့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဆော်ဒီနိုင်ငံသို့ တိုက်ခိုက်ရေး တပ်ဖွဲ့တွေ၊ လေကြောင်းတပ်စုတစ်ခု၊ လေကြောင်းကာကွယ်ရေး စစ်သည်တွေ အပါအဝင် တပ်ဖွဲ့ဝင် ၃၀၀၀ ခန့် တပ်ဖြန့်ချထားမှာဖြစ်ကြောင်း အမေရိကန်က ကြေညာခဲ့ပါတယ်။

                တပ်ဖွဲ့ဝင်တွေ ချထားပေးမှုအတွက် ငွေကြေးပေးဆောင်ဖို့ ဆော်ဒီဘက်က သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုပါတယ်။ SPA က ထုတ်ပြန်ရာမှာတော့ သမိုင်းဝင် ဆက်ဆံရေးနဲ့ လက်တွဲဖော်ကောင်းတွေဆိုတဲ့ အကြောင်းတရားကနေ ဆင်းသက်လာတဲ့ လုပ်ဆောင်ချက်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ကာကွယ်ရေးစနစ်တစ်ခုနဲ့ တိုက်လေယာဉ်တွေ အပါအဝင် တပ်တွေ အားဖြည့်ချထားဖို့ သူ အခွင့်အာဏာရခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက ပြောဆိုခဲ့ပါတယ်။ ဒါဟာ ဘုရင့်နိုင်ငံအပေါ် အီရန်ရဲ့ ရန်လိုမှုတွေကနေ အကာအကွယ်ပေးဖို့ ကြိုးပမ်းနေရချိန် ဒေသတွင်း ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုပါတယ်။

         စက်တင်ဘာလအတွင်းက ဆော်ဒီ ရေနံအဆောက်အအုံတွေ တိုက်ခိုက်ခံရမှုဖြစ်အပြီးမှာ အမေရိကန်က ဆော်ဒီမှာ တပ်တွေ ထပ်တိုးချလာခဲ့တာဖြစ်ပါတယ်။

                CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ မေလမှစကာ ဒေသတွင်း အမေရိကန်က တပ်ဖွဲ့ဝင် ၁၄၀၀၀ အထိ တိုးမြှင့်ချထားခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်တပ်တွေ ထပ်တိုးချထားပေးဖို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်မန်က တောင်းဆိုခဲ့တာဖြစ်ကြောင်း မစ္စတာ အက်စ်ပါက ပြောဆိုခဲ့ပါတယ်။ 

Reuters

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

ေဆာ္ဒီႏုိင္ငံအတြင္း အေမရိကန္ တပ္ဖြဲ႕၀င္ေတြနဲ႕ စစ္လက္နက္ေတြ ထပ္တုိးခ်ထားဖုိ ့ ေဆာ္ဒီဘုရင္ ေထာက္ခံ အတည္ျပဳ  

            ၿပီးခဲ့တဲ့လက ဘုရင့္ႏုိင္ငံရဲ႕ ေရနံအေဆာက္အအုံေတြ တုိက္ခုိက္ခံလုိက္ရၿပီးေနာက္ပုိင္းမွာ ႏုိင္ငံအတြင္း အေမရိကန္တပ္ေတြနဲ႕ စစ္လက္နက္ကိရိယာေတြ ထပ္တုိးခ်ထားဖုိ ့ ေဆာ္ဒီဘုရင္နဲ႕ အိမ္ေရွ႕မင္းသားတုိ ့က ေထာက္ခံခ်က္ေပးလုိက္ၿပီလုိ ့ ႏုိင္ငံပုိင္ သတင္းဌာန SPA က စေနေန ့မွာ ထုတ္ျပန္ခဲ့ပါတယ္။

               မဟာၿပိဳင္ဘက္ အီရန္နဲ႕ ေဆာ္ဒီတုိ ့ တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာ ေဆာ္ဒီႏုိင္ငံသုိ ့ တုိက္ခုိက္ေရး တပ္ဖြဲ႕ေတြ၊ ေလေၾကာင္းတပ္စုတစ္ခု၊ ေလေၾကာင္းကာကြယ္ေရး စစ္သည္ေတြ အပါအ၀င္ တပ္ဖြဲ႕၀င္ ၃၀၀၀ ခန္ ့ တပ္ျဖန္ ့ခ်ထားမွာျဖစ္ေၾကာင္း အေမရိကန္က ေၾကညာခဲ့ပါတယ္။

                တပ္ဖြဲ႕၀င္ေတြ ခ်ထားေပးမႈအတြက္ ေငြေၾကးေပးေဆာင္ဖုိ ့ ေဆာ္ဒီဘက္က သေဘာတူခဲ့ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရန္ ့က ေျပာဆုိပါတယ္။ SPA က ထုတ္ျပန္ရာမွာေတာ့ သမုိင္း၀င္ ဆက္ဆံေရးနဲ႕ လက္တြဲေဖာ္ေကာင္းေတြဆုိတဲ့ အေၾကာင္းတရားကေန ဆင္းသက္လာတဲ့ လုပ္ေဆာင္ခ်က္ျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။ ကာကြယ္ေရးစနစ္တစ္ခုနဲ႕ တုိက္ေလယာဥ္ေတြ အပါအ၀င္ တပ္ေတြ အားျဖည့္ခ်ထားဖုိ ့ သူ အခြင့္အာဏာရခဲ့ေၾကာင္း အေမရိကန္ ကာကြယ္ေရး၀န္ႀကီး မာ့ခ္အက္စ္ပါက ေျပာဆုိခဲ့ပါတယ္။ ဒါဟာ ဘုရင့္ႏုိင္ငံအေပၚ အီရန္ရဲ႕ ရန္လုိမႈေတြကေန အကာအကြယ္ေပးဖုိ ့ ႀကိဳးပမ္းေနရခ်ိန္ ေဒသတြင္း ၿခိမ္းေျခာက္မႈေတြကုိ တုန္ ့ျပန္ျခင္းျဖစ္ေၾကာင္း ၄င္းက ေျပာဆုိပါတယ္။

         စက္တင္ဘာလအတြင္းက ေဆာ္ဒီ ေရနံအေဆာက္အအုံေတြ တုိက္ခုိက္ခံရမႈျဖစ္အၿပီးမွာ အေမရိကန္က ေဆာ္ဒီမွာ တပ္ေတြ ထပ္တုိးခ်လာခဲ့တာျဖစ္ပါတယ္။

                CNN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ေမလမွစကာ ေဒသတြင္း အေမရိကန္က တပ္ဖြဲ႕၀င္ ၁၄၀၀၀ အထိ တုိးျမွင့္ခ်ထားခဲ့ၿပီးျဖစ္ေၾကာင္း သိရပါတယ္။ အေမရိကန္တပ္ေတြ ထပ္တုိးခ်ထားေပးဖို ့ ေဆာ္ဒီအိမ္ေရွ႕မင္းသား မုိဟာမက္ ဘင္ဆယ္မန္က ေတာင္းဆုိခဲ့တာျဖစ္ေၾကာင္း မစၥတာ အက္စ္ပါက ေျပာဆုိခဲ့ပါတယ္။

Reuters

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။