Skip to main content
ဒီပါဝလီနေ့ နီးလာမှသာ ရွှေဈေးပြန်လည်မြင့်တက်လာနိုင်ဟု ဆို 
Ads Block

ဒီပါဝလီနေ့ နီးလာမှသာ ရွှေဈေးပြန်လည်မြင့်တက်လာနိုင်ဟု ဆို 

ပြည်တွင်းရွှေဈေးဆက်တိုက်ကျဆင်းနေပြီး ဒီပါဝလီနေ့နီးလာမှသာ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

လက်ရှိ ပြည်တွင်းရွှေဈေးကွက်အခြေအနေနှင့်ပတ်သက်ပြီး အကုန်သိသတင်းဌာန၏ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။

“ရွှေဈေးတွေကတောက်လျှောက်ကျနေတယ်။ ကမ္ဘာရွှေဈေးတွေလည်းကျတယ်။ သီတင်းကျွတ် ပြီးရင်လည်း မတက်နိုင်သေးဘူး။ ဒီပါဝလီပွဲတော်ရက်နည်းလာရင်တော့ပြန်တက်မယ်ထင်တယ်။ တရုတ်ကလည်း ကမ္ဘာရွှေကိုအဝယ်ရပ်ထားတယ်။ ပြည်တွင်းဝယ်ယူမှုကလည်းအေးနေတယ်။ အရင်နှစ် ဒီလိုပွဲတော်ရက်တွေဆို အဝယ်လိုက်တယ်” ဟု ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်တွင် ပြည်တွင်းရွှေဈေးမှာတစ်ကျပ်သားလျှင် ၁၂၂၃၂၀၀ ကျပ် ဖြင့် ဈေးပိတ်ပြီးကမ္ဘာ့ရွှေဈေးမှာတစ်အောင်စလျှင် ၁၄၈၈ ဒေါ်လာပေါက်ဈေးရှိခဲ့ကာ ယနေ့(အောက်တိုဘာလ ၁၃ ရက်)တွင် ရွှေဈေးပိတ်ကြောင်း သိရသည်။

ရွှေဈေးမှာ သြဂုတ်လအတွင်း မြန်မာနိုင်ငံ၌ တစ်ရိပ်ရိပ်မြင့်တက်ခဲ့ကာ စက်တင်ဘာလတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ယင်းလ ၅ ရက်တွင် ၁၃၀၇၀၀၀ ကျပ်အထိမြင့်တက်ခဲ့ပြီးနောက်မှစတင်ကာ ရွှေဈေးများပြန်လည်ကျဆင်းလာကြောင်း သိရသည်။

ရဲကျော်ထက်(အကုန်သိသတင်းဌာန)

Zawgyi Version

ဒီပါ၀လီေန႔ နီးလာမွသာ ေရႊေစ်းျပန္လည္ျမင့္တက္လာႏိုင္ဟု ဆို

ျပည္တြင္းေရႊေစ်းဆက္တိုက္က်ဆင္းေနၿပီး ဒီပါ၀လီေန႔နီးလာမွသာ ျပန္လည္ျမင့္တက္လာႏိုင္ေၾကာင္း ရန္ကုန္ေရႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ဳိးျမင့္က ေျပာသည္။

လက္ရွိ ျပည္တြင္းေရႊေစ်းကြက္အေျခအေနႏွင့္ပတ္သက္ၿပီး အကုန္သိသတင္းဌာန၏ ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္းျဖစ္သည္။

“ေရႊေစ်းေတြကေတာက္ေလွ်ာက္က်ေနတယ္။ ကမၻာေရႊေစ်းေတြလည္းက်တယ္။ သီတင္းကြ်တ္ ၿပီးရင္လည္း မတက္ႏုိင္ေသးဘူး။ ဒီပါ၀လီပြဲေတာ္ရက္နည္းလာရင္ေတာ့ျပန္တက္မယ္ထင္တယ္။ တရုတ္ကလည္း ကမၻာေရႊကုိအ၀ယ္ရပ္ထားတယ္။ ျပည္တြင္း၀ယ္ယူမႈကလည္းေအးေနတယ္။ အရင္ႏွစ္ ဒီလုိပြဲေတာ္ရက္ေတြဆုိ အ၀ယ္လုိက္တယ္” ဟု ရန္ကုန္ေရႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ဳိးျမင့္က ေျပာသည္။

ၿပီးခဲ့သည့္ ေအာက္တုိဘာလ ၁၂ ရက္တြင္ ျပည္တြင္းေရႊေစ်းမွာတစ္က်ပ္သားလွ်င္ ၁၂၂၃၂၀၀ က်ပ္ ျဖင့္ ေစ်းပိတ္ၿပီးကမၻာ့ေရႊေစ်းမွာတစ္ေအာင္စလွ်င္ ၁၄၈၈ ေဒၚလာေပါက္ေစ်းရွိခဲ့ကာ ယေန႔(ေအာက္တုိဘာလ ၁၃ ရက္)တြင္ ေရႊေစ်းပိတ္ေၾကာင္း သိရသည္။

ေရႊေစ်းမွာ ၾသဂုတ္လအတြင္း ျမန္မာႏုိင္ငံ၌ တစ္ရိပ္ရိပ္ျမင့္တက္ခဲ့ကာ စက္တင္ဘာလတြင္ အျမင့္ဆုံးျဖစ္ခဲ့ၿပီး ယင္းလ ၅ ရက္တြင္ ၁၃၀၇၀၀၀ က်ပ္အထိျမင့္တက္ခဲ့ၿပီးေနာက္မွစတင္ကာ ေရႊေစ်းမ်ားျပန္လည္က်ဆင္းလာေၾကာင္း သိရသည္။

ရဲေက်ာ္ထက္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။