Skip to main content
ပဲခူးတိုင်းဝန်ကြီးချုပ်အရေးကို ပါတီသို့တိုင်ကြားလာပါက ပါတီဝင်အဖြစ်မှထုတ်ပယ်သည်အထိ ဆောင်ရွက်နိုင်ဟု ဆို 
Ads Block

ပဲခူးတိုင်းဝန်ကြီးချုပ်အရေးကို ပါတီသို့တိုင်ကြားလာပါက ပါတီဝင်အဖြစ်မှထုတ်ပယ်သည်အထိ ဆောင်ရွက်နိုင်ဟု ဆို 

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်ပတ်သက်ပြီး ပါတီသို့တိုင်ကြားလာပါက ခေါ်ယူသတိပေးခြင်း၊ ပါတီဝင်အဖြစ်မှထုတ်ပယ်ခြင်းများဆောင်ရွက်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က အကုန်သိသတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဆရာမများအားပြောဆိုမှုနှင့်ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က မီဒီယာမှတစ်ဆင့် တောင်းပန်ထားသည်။

“ ကျွန်တော်တို့ကတော့ ပါတီကိုတိုင်တယ်ဆိုရင် စစ်ဆေးပြီးတော့ ခေါ်ယူသတိပေးတာမျိုး၊ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တာတွေလုပ်လို့ရပါတယ်။ အခုကတော့ အုပ်ချုပ်ရေးတာဝန်ယူတဲ့အချိန်မှာ ဖြစ်တာဆိုတော့ အုပ်ချုပ်ရေးအရေးယူတာကတော့ အုပ်ချုပ်ရေးအပိုင်းကသာအရေးယူရမှာဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

ဖြစ်စဉ်မှာ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာ၌ အောက်တိုဘာလ ၅ ရက်ကကျင်းပခဲ့သော လူထုတွေ့ဆုံပွဲတွင် ဒေသခံများက နယ်ဝေးမှလာရောက်တာဝန်ထမ်းဆောင်နေသော ပညာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ယာအခက်အခဲကိုတင်ပြခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့တင်ပြခဲ့ခြင်းအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ်ဦးဝင်းသိန်းက “ဆရာ၊ ဆရာမတွေ ရပ်ထဲ၊ ရွာထဲမှာနေကြတဲ့အခါ ဒီကရွာသူ၊ ရွာသားတွေနဲ့ အိမ်ထောင်ကျ၊ အဲဒါမှ ထွက်မသွားမှာလေ။  ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက်ရှိပြီ။ လူငယ်တွေကလည်းဆရာမတွေကိုရည်းစားစကားပြောကြ၊ လိုက်ပြောကြ။ ဒါမှရွာမှာမြဲမှာ”ဟု ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါပြောကြားခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြည်သူလူထုအကြားနှင့် ဆရာ၊ဆရာမ အသိုင်းအဝိုင်းအကြား ဝေဖန်မှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

“ မီဒီယာကနေအနူးအညွှတ်တောင်းပန်တယ်လို့ သိရတယ်။ သူကတော့ ပေါ့ပေါ့ပါးပါးနဲ့ပြောသွားတယ်ဆိုပေမဲ့ ဂုဏ်သိက္ခာနဲ့လုပ်နေတဲ့ဝန်ထမ်းတွေဖြစ်တဲ့အတွက် ဂုဏ်သိက္ခာပိုင်းထိခိုက်တယ်။ တရားဝင်စာနဲ့တောင်းပန်ရင် ကျွန်တော်တို့ဘက်ကခွင့်လွှတ်ကျေအေးပေးမယ်။ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဒီလိုမျိုးစကားမျိုးကို ပြောကိုမပြောသင့်တာ။ တစ်ကြိမ်၊နှစ်ကြိမ်မကတော့ဘူး။”  ဟု အခြေခံပညာရေးလုပ်သားများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမင်းမင်းထွဋ်က ပြောသည်။

မြန်မာနိုင်ငံတွင် ဆရာဆရာမအင်အားစုစုပေါင်း ၄ သိန်းကျော်ရှိပြီး အများစုမှာကျောင်းဆရာမများသာ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

Zawgyi Version

ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္အေရးကို ပါတီသို႔တုိင္ၾကားလာပါက ပါတီဝင္အျဖစ္မွထုတ္ပယ္သည္အထိ ေဆာင္ရြက္ႏုိင္ဟု ဆို

ပဲခူးတုိင္းဝန္ႀကီးခ်ဳပ္ဦးဝင္းသိန္းႏွင့္ပတ္သက္ၿပီး ပါတီသို႔တုိင္ၾကားလာပါက ေခၚယူသတိေပးျခင္း၊ ပါတီဝင္အျဖစ္မွထုတ္ပယ္ျခင္းမ်ားေဆာင္ရြက္ႏုိင္ေၾကာင္း အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညႊန္႔က အကုန္သိသတင္းဌာနသို႔ ေျပာသည္။

လက္ရွိတြင္ ဆရာမမ်ားအားေျပာဆုိမႈႏွင့္ပတ္သက္ၿပီး ပဲခူးတုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က မီဒီယာမွတစ္ဆင့္ ေတာင္းပန္ထားသည္။

“ ကၽြန္ေတာ္တုိ႔ကေတာ့ ပါတီကုိတုိင္တယ္ဆုိရင္ စစ္ေဆးၿပီးေတာ့ ေခၚယူသတိေပးတာမ်ိဳး၊ ပါတီဝင္အျဖစ္ကေန ထုတ္ပယ္တာေတြလုပ္လုိ႔ရပါတယ္။ အခုကေတာ့ အုပ္ခ်ဳပ္ေရးတာဝန္ယူတဲ့အခ်ိန္မွာ ျဖစ္တာဆုိေတာ့ အုပ္ခ်ဳပ္ေရးအေရးယူတာကေတာ့ အုပ္ခ်ဳပ္ေရးအပုိင္းကသာအေရးယူရမွာျဖစ္ပါတယ္” ဟု အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီမွေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညႊန္႔က ေျပာသည္။

ျဖစ္စဥ္မွာ နတ္တလင္းၿမဳိ႕နယ္၊ ဒမငယ္ေက်းရြာ၌ ေအာက္တုိဘာလ ၅ ရက္ကက်င္းပခဲ့ေသာ လူထုေတြ႕ဆံုပြဲတြင္ ေဒသခံမ်ားက နယ္ေ၀းမွလာေရာက္တာ၀န္ထမ္းေဆာင္ေနေသာ ပညာေရး၀န္ထမ္းမ်ားအတြက္ ၀န္ထမ္းအိမ္ယာအခက္အခဲကုိတင္ျပခဲ့ျခင္းျဖစ္သည္။

ယင္းကဲ့သို႔တင္ျပခဲ့ျခင္းအေပၚ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ၀န္ႀကီးခ်ဳပ္ဦး၀င္းသိန္းက “ဆရာ၊ ဆရာမေတြ ရပ္ထဲ၊ ရြာထဲမွာေနၾကတဲ့အခါ ဒီကရြာသူ၊ ရြာသားေတြနဲ႔ အိမ္ေထာင္က်၊ အဲဒါမွ ထြက္မသြားမွာေလ။  ျပန္ေျပာင္းသြားရင္ ၀န္ထမ္းလုိအပ္ခ်က္ရွိၿပီ။ လူငယ္ေတြကလည္းဆရာမေတြကုိရည္းစားစကားေျပာၾက၊ လုိက္ေျပာၾက။ ဒါမွရြာမွာၿမဲမွာ”ဟု ျပန္လည္ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါေျပာၾကားခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ျပည္သူလူထုအၾကားႏွင့္ ဆရာ၊ဆရာမ အသိုင္းအ၀ိုင္းအၾကား ေ၀ဖန္မႈမ်ား ျမင့္တက္လာခဲ့ျခင္းျဖစ္သည္။

“ မီဒီယာကေနအႏူးအညႊတ္ေတာင္းပန္တယ္လုိ႔ သိရတယ္။ သူကေတာ့ ေပါ့ေပါ့ပါးပါးနဲ႔ေျပာသြားတယ္ဆုိေပမဲ့ ဂုဏ္သိကၡာနဲ႔လုပ္ေနတဲ့ဝန္ထမ္းေတြျဖစ္တဲ့အတြက္ ဂုဏ္သိကၡာပိုင္းထိခုိက္တယ္။ တရားဝင္စာနဲ႔ေတာင္းပန္ရင္ ကၽြန္ေတာ္တုိ႔ဘက္ကခြင့္လႊတ္ေက်ေအးေပးမယ္။ ဝန္ႀကီးခ်ဳပ္တစ္ေယာက္အေနနဲ႔ ဒီလုိမ်ိဳးစကားမ်ိဳးကို ေျပာကိုမေျပာသင့္တာ။ တစ္ႀကိမ္၊ႏွစ္ႀကိမ္မကေတာ့ဘူး။”  ဟု အေျခခံပညာေရးလုပ္သားမ်ားသမဂၢမွ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ဦးမင္းမင္းထြဋ္က ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ဆရာဆရာမအင္အားစုစုေပါင္း ၄ သိန္းေက်ာ္ရွိၿပီး အမ်ားစုမွာေက်ာင္းဆရာမမ်ားသာ ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ သိရသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။