Skip to main content
ပါတီပုံရိပ်ထိခိုက်နိုင်သည့် အပြုအမူ၊ အပြောအဆိုများရှောင်ရှားကြရန် NLD ပါတီမှဒေါက်တာမျိုးညွှန့်ပြော
Ads Block

ပါတီပုံရိပ်ထိခိုက်နိုင်သည့် အပြုအမူ၊ အပြောအဆိုများရှောင်ရှားကြရန် NLD ပါတီမှဒေါက်တာမျိုးညွှန့်ပြော

ပါတီပုံရိပ်ထိခိုင်နိုင်သည့် အပြုအမှု၊ အပြောအဆိုများရှောင်ရှားကြရန် ပါတီဝင်များအားညွှန်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွှန့်က အကုန်သိသတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းပြောဆိုချက်နှင့်ပတ်သက်ပြီး ပြည်သူများအကြား ဝေဖန်မှုများရှိနေခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

“ ဒါကတော့ ဘယ်ကိစ္စကိုဘယ်လိုပြောဆိုဆောင်ရွက်ရမယ်ဆိုတာကိုတော့ သီးခြားညွှန်ကြားထားတာ မရှိပါဘူး။ ဒါပေမယ့် ပါတီပုံရိပ်ထိခိုက်နိုင်တဲ့ အပြောအဆို၊ အပြုအမှုတွေမလုပ်ဖို့ကိုတော့ ညွှန်ကြားထားပါတယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

လက်ရှိကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့အား လူမှုကွန်ယက်တွင် မဟုတ်မမှန်ပြောဆိုမှုများရှိသည်ဟုဆိုကာ ပြည်သူအချို့ကိုဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုမှုများလည်းရှိနေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကိုအဓိကလုပ်ဆောင်ရန်တို့ကို ပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲတွင် ပြောကြားထားသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

Zawgyi Version

ပါတီပံုရိပ္ထိခုိက္ႏုိင္သည့္ အျပဳအမူ၊ အေျပာအဆုိမ်ားေရွာင္ရွားၾကရန္ NLD ပါတီမွေဒါက္တာမ်ိဳးညႊန္႔ေျပာ

ပါတီပုံရိပ္ထိခုိင္ႏုိင္သည့္ အျပဳအမႈ၊ အေျပာအဆုိမ်ားေရွာင္ရွားၾကရန္ ပါတီဝင္မ်ားအားညႊန္ၾကားထားေၾကာင္း အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီမွေျပာေရးဆိုခြင့္ရွိသူေဒါက္တာမ်ိဳးညႊန္႔က အကုန္သိသတင္းဌာနသို႔ ေျပာသည္။

လက္ရွိတြင္ ပဲခူးတုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းေျပာဆုိခ်က္ႏွင့္ပတ္သက္ၿပီး ျပည္သူမ်ားအၾကား ေ၀ဖန္မႈမ်ားရွိေနျခင္းႏွင့္ပတ္သက္ၿပီး ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။

“ ဒါကေတာ့ ဘယ္ကိစၥကိုဘယ္လိုေျပာဆုိေဆာင္ရြက္ရမယ္ဆုိတာကိုေတာ့ သီးျခားညႊန္ၾကားထားတာ မရွိပါဘူး။ ဒါေပမယ့္ ပါတီပံုရိပ္ထိခုိက္ႏုိင္တဲ့ အေျပာအဆုိ၊ အျပဳအမႈေတြမလုပ္ဖုိ႔ကိုေတာ့ ညႊန္ၾကားထားပါတယ္။” ဟု အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညႊန္႔က ေျပာသည္။

လက္ရွိကာလတြင္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီဝင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ၎တုိ႔အား လူမႈကြန္ယက္တြင္ မဟုတ္မမွန္ေျပာဆုိမႈမ်ားရွိသည္ဟုဆုိကာ ျပည္သူအခ်ိဳ႕ကိုဆက္သြယ္ေရးပုဒ္မ ၆၆(ဃ)ျဖင့္ တရားစြဲဆုိမႈမ်ားလည္းရွိေနသည္။

အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီအေနျဖင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ တရားဥပေဒစုိးမိုးေရး၊ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးတုိ႔ကိုအဓိကလုပ္ေဆာင္ရန္တို႔ကို ၿပီးခဲ့ေသာ ၂၀၁၅ ေရြးေကာက္ပြဲတြင္ ေျပာၾကားထားသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။