Skip to main content
ဆီးရီယား နယ်စပ်မြို့တွေ တဝိုက်မှာ တူရကီတပ်တွေက ပဉ္စမမြောက်နေ့အဖြစ် အပြင်းအထန် ထိုးစစ်ဆင်နေ 
Ads Block

ဆီးရီယား နယ်စပ်မြို့တွေ တဝိုက်မှာ တူရကီတပ်တွေက ပဉ္စမမြောက်နေ့အဖြစ် အပြင်းအထန် ထိုးစစ်ဆင်နေ 

            နိုင်ငံတကာရဲ့ အပြင်းအထန် ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာ့ဒ်ပြည်သူ့စစ်တွေအပေါ် တူရကီရဲ့ ထိုးစစ် ပဉ္စမမြောက်နေ့ရောက်လာခဲ့ပြီဖြစ်ပြီး တနင်္ဂနွေနေ့(အောက်တိုဘာ ၁၃) မှာ အမြောက်ပစ်ခတ်မှုတွေနဲ့အတူ ဆီးရီးယားနယ်စပ်မြို့နှစ်မြို့ ဝန်းကျင်က ဧရိယာတွေကို တူရကီတပ်တွေ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း သိရပါတယ်။  

ဆီးရီယား နယ်စပ်မြို့တွေ တဝိုက်မှာ တူရကီတပ်တွေက ပဉ္စမမြောက်နေ့အဖြစ် အပြင်းအထန် ထိုးစစ်ဆင်နေ 

               ၎င်းတို့ရဲ့ ကျူးကျော် ထိုးစစ်ကို ပြန်ဖျက်သိမ်းခဲ့ရင်တောင်မှ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွား ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံရနိုင်တဲ့ ခြိမ်းခြောက်မှုကို တူရကီ ရင်ဆိုင်နေရသလို အာရပ်နိုင်ငံတွေကလည်း ယင်း စစ်ဆင်ရေးကို ရှုတ်ချခဲ့ကြပါတယ်။ နေတိုးမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဂျာမနီနဲ့ ပြင်သစ်တို့ကတော့ တူရကီကို လက်နက် တင်ပို့မှုတွေ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

          နယ်စပ်ဒေသက အမေရိကန် တပ်ဖွဲ့ဝင်အချို့ကို သမ္မတ ထရန့်က တပ်ဆုတ်စေခဲ့အပြီးမှာ ယင်း ဒေသရှိ ကာ့ဒ် YPG ပြည်သူ့စစ်တွေကို တူရကီအစိုးရက နယ်စပ်ဖြတ်ကျော် ထိုးစစ်စတင်လိုက်တာဖြစ်ပါတယ်။ တူရကီ နယ်မြေအတွင်းရှိ ကာ့ဒ်စစ်သွေးကြွတွေနဲ့ မဟာမိတ်လုပ်ထားတဲ့ YPG ကို အကြမ်းဖက်အုပ်စုတစ်ခုအဖြစ် တူရကီက သတ်မှတ်ထားပါတယ်။

             အဓိက တိုက်ပွဲနယ်မြေဖြစ်တဲ့ ဆီးရီးယား မြို့နှစ်မြို့ထဲက ရက်စ်အယ်အင်မြို့ဝန်းကျင်မှာ တနင်္ဂနွေနေ့က သေနတ်သံတွေ ပဲ့တင်ထပ်နေခဲ့ပြီး တူရကီ အမြောက်တပ်ကလည်း ယင်း ဧရိယာကို ဆက်လက် ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း နယ်စပ် တူရကီဘက်ခြမ်းမှာ ရောက်နေတဲ့ ရိုက်တာသတင်းထောက်က ပြောဆိုပါတယ်။ တူရကီ ကျောထောက်နောက်ခံပြု ဆီးရီးယား သူပုန်တွေကလည်း စနေနေ့က ရက်စ်အယ်အင်မြို့ဆီ ချီတက်သွားခဲ့ပါတယ်။ မြို့လယ်ကို ထိန်းချုပ်နိုင်ပြီလို့ တူရကီက ကြေညာခဲ့မှုကို ကာ့ဒ်တပ်တွေက ငြင်းဆိုခဲ့ပြီး သူတို့တွေ တန်ပြန်ခုခံနေဆဲဖြစ်ကြောင်း ပြောဆိုပါတယ်။  

        ယင်းမြို့ရဲ့ အနောက်ဘက် ၇၅ မိုင်အကွာက စစ်ဆင်ရေးရဲ့ နောက်ထပ် အဓိက ပစ်မှတ်နယ်မြေဖြစ်တဲ့ တဲလ်အက်ဘ်ယတ်မြို့မှာတော့ အစွန်အဖျားခရိုင်တွေကို တူရကီက ဟောင်ဝစ်ဇာအမြောက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း နယ်စပ်တူရကီမြို့ အက်ကာကယ်မှ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

             တူရကီရဲ့ ယခု ထိုးစစ်ကြောင့် အရပ်သားတွေ အကြီးအကျယ် နေရပ်စွန့်ခွာထွက်ပြေးမှုနဲ့ ကာ့ဒ်ဒေသတွေမှာရှိတဲ့ အကျဉ်းထောင်တွေထဲကနေ အိုင်အက်စ် အကျဉ်းသားတွေ လွတ်မြောက်သွားနိုင်တဲ့အပေါ် နိုင်ငံတကာရဲ့ သတိပေးချက်တွေ မြင့်တက်နေပါတယ်။ တူရကီရဲ့ ထိုးစစ်အပေါ် နောက်ဆုံး ဝေဖန်လာသူကတော့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဖြစ်ပြီး လူသာချင်းစာနာမှု အခြေအနေတွေ အဆိုးဝါးဆုံးဖြစ်သွားနိုင်ကာ အိုင်အက်စ်အပေါ် အောင်မြင်ခဲ့မှုတွေ ပျက်သုန်းသွားနိုင်ကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။ 

Raeuters

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

ဆီးရီယား နယ္စပ္ၿမိဳ႕ေတြ တ၀ုိက္မွာ တူရကီတပ္ေတြက ပဥၥမေျမာက္ေန ့အျဖစ္ အျပင္းအထန္ ထုိးစစ္ဆင္ေန

            ႏုိင္ငံတကာရဲ႕ အျပင္းအထန္ ဆန္ ့က်င္မႈေတြနဲ႕ ရင္ဆုိင္ေနရတဲ့ ကာ့ဒ္ျပည္သူ႕စစ္ေတြအေပၚ တူရကီရဲ႕ ထုိးစစ္ ပဥၥမေျမာက္ေန ့ေရာက္လာခဲ့ၿပီျဖစ္ၿပီး တနဂၤေႏြေန ့(ေအာက္တုိဘာ ၁၃) မွာ အေျမာက္ပစ္ခတ္မႈေတြနဲ႕အတူ ဆီးရီးယားနယ္စပ္ၿမိဳ႕ႏွစ္ၿမိဳ႕ ၀န္းက်င္က ဧရိယာေတြကုိ တူရကီတပ္ေတြ ပစ္မွတ္ထားတုိက္ခုိက္ေနေၾကာင္း သိရပါတယ္။  

               ၄င္းတုိ ့ရဲ႕ က်ဴးေက်ာ္ ထုိးစစ္ကုိ ျပန္ဖ်က္သိမ္းခဲ့ရင္ေတာင္မွ အေမရိကန္ျပည္ေထာင္စုရဲ႕ စီးပြား ပိတ္ဆုိ ့ဒဏ္ခတ္မႈေတြ ခံရႏုိင္တဲ့ ၿခိမ္းေျခာက္မႈကုိ တူရကီ ရင္ဆုိင္ေနရသလုိ အာရပ္ႏုိင္ငံေတြကလည္း ယင္း စစ္ဆင္ေရးကုိ ရႈတ္ခ်ခဲ့ၾကပါတယ္။ ေနတုိးမဟာမိတ္ႏုိင္ငံေတြျဖစ္တဲ့ ဂ်ာမနီနဲ႕ ျပင္သစ္တုိ ့ကေတာ့ တူရကီကုိ လက္နက္ တင္ပုိ ့မႈေတြ ရပ္ဆုိင္းလုိက္ေၾကာင္း ေၾကညာခဲ့ပါတယ္။

          နယ္စပ္ေဒသက အေမရိကန္ တပ္ဖြဲ႕၀င္အခ်ဳိ ့ကုိ သမၼတ ထရန္ ့က တပ္ဆုတ္ေစခဲ့အၿပီးမွာ ယင္း ေဒသရွိ ကာ့ဒ္ YPG ျပည္သူ႕စစ္ေတြကုိ တူရကီအစုိးရက နယ္စပ္ျဖတ္ေက်ာ္ ထုိးစစ္စတင္လုိက္တာျဖစ္ပါတယ္။ တူရကီ နယ္ေျမအတြင္းရွိ ကာ့ဒ္စစ္ေသြးၾကြေတြနဲ႕ မဟာမိတ္လုပ္ထားတဲ့ YPG ကုိ အၾကမ္းဖက္အုပ္စုတစ္ခုအျဖစ္ တူရကီက သတ္မွတ္ထားပါတယ္။

             အဓိက တုိက္ပြဲနယ္ေျမျဖစ္တဲ့ ဆီးရီးယား ၿမိဳ႕ႏွစ္ၿမိဳ႕ထဲက ရက္စ္အယ္အင္ၿမိဳ႕၀န္းက်င္မွာ တနဂၤေႏြေန ့က ေသနတ္သံေတြ ပဲ့တင္ထပ္ေနခဲ့ၿပီး တူရကီ အေျမာက္တပ္ကလည္း ယင္း ဧရိယာကုိ ဆက္လက္ ပစ္မွတ္ထား တုိက္ခုိက္ေနေၾကာင္း နယ္စပ္ တူရကီဘက္ျခမ္းမွာ ေရာက္ေနတဲ့ ရုိက္တာသတင္းေထာက္က ေျပာဆုိပါတယ္။ တူရကီ ေက်ာေထာက္ေနာက္ခံျပဳ ဆီးရီးယား သူပုန္ေတြကလည္း စေနေန ့က ရက္စ္အယ္အင္ၿမိဳ႕ဆီ ခ်ီတက္သြားခဲ့ပါတယ္။ ၿမိဳ႕လယ္ကုိ ထိန္းခ်ဳပ္ႏုိင္ၿပီလုိ ့ တူရကီက ေၾကညာခဲ့မႈကုိ ကာ့ဒ္တပ္ေတြက ျငင္းဆုိခဲ့ၿပီး သူတုိ႕ေတြ တန္ျပန္ခုခံေနဆဲျဖစ္ေၾကာင္း ေျပာဆုိပါတယ္။  

        ယင္းၿမိဳ႕ရဲ႕ အေနာက္ဘက္ ၇၅ မုိင္အကြာက စစ္ဆင္ေရးရဲ႕ ေနာက္ထပ္ အဓိက ပစ္မွတ္နယ္ေျမျဖစ္တဲ့ တဲလ္အက္ဘ္ယတ္ၿမိဳ႕မွာေတာ့ အစြန္အဖ်ားခရုိင္ေတြကုိ တူရကီက ေဟာင္၀စ္ဇာအေျမာက္ႀကီးေတြနဲ႕ ပစ္ခတ္ေနေၾကာင္း နယ္စပ္တူရကီၿမိဳ႕ အက္ကာကယ္မွ မ်က္ျမင္ေတြ႕ရွိသူတစ္ဦးက ေျပာပါတယ္။

             တူရကီရဲ႕ ယခု ထုိးစစ္ေၾကာင့္ အရပ္သားေတြ အႀကီးအက်ယ္ ေနရပ္စြန္ ့ခြာထြက္ေျပးမႈနဲ႕ ကာ့ဒ္ေဒသေတြမွာရွိတဲ့ အက်ဥ္းေထာင္ေတြထဲကေန အုိင္အက္စ္ အက်ဥ္းသားေတြ လြတ္ေျမာက္သြားႏုိင္တဲ့အေပၚ ႏုိင္ငံတကာရဲ႕ သတိေပးခ်က္ေတြ ျမင့္တက္ေနပါတယ္။ တူရကီရဲ႕ ထုိးစစ္အေပၚ ေနာက္ဆုံး ေ၀ဖန္လာသူကေတာ့ ၿဗိတိန္ ၀န္ႀကီးခ်ဳပ္ ေဘာရစ္ ဂၽြန္ဆင္ျဖစ္ၿပီး လူသာခ်င္းစာနာမႈ အေျခအေနေတြ အဆုိး၀ါးဆုံးျဖစ္သြားႏုိင္ကာ အုိင္အက္စ္အေပၚ ေအာင္ျမင္ခဲ့မႈေတြ ပ်က္သုန္းသြားႏုိင္ေၾကာင္း ၄င္းက ေျပာဆုိခဲ့ပါတယ္။

Raeuters

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။