Skip to main content
ကာဖျူး ထုတ်ထားပေမယ့် အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမည်ဟု အီကွေဒေါ တိုင်းရင်းသားမျိုးနွယ်စုက ပြောဆို 
Ads Block
ကာဖျူး ထုတ်ထားပေမယ့် အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမည်ဟု အီကွေဒေါ တိုင်းရင်းသားမျိုးနွယ်စုက ပြောဆို 
              အီကွေဒေါ မြို့တော် ကွီတိုမှာ သမ္မတ လီနင် မုရီနိုက စစ်ဘက်ဆိုင်ရာ ကာဖျူးထုတ်ပြန်လိုက်ပြီးနောက်မှာ အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ထပ်လုပ်သွားမှာဖြစ်ကြောင်း အီကွေဒေါ တိုင်းရင်းသားလူမျိုးစု Conaie က စနေနေ့ညပိုင်းမှာ ပြောဆိုလိုက်ပါတယ်။ စစ်တပ်ကလည်း ၎င်းတို့အနေနဲ့ နိုင်ငံတဝန်း သွားလာလှုပ်ရှားမှုတွေ ကန့်သတ်သွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ကာဖျူး ထုတ်ထားပေမယ့် အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမည်ဟု အီကွေဒေါ တိုင်းရင်းသားမျိုးနွယ်စုက ပြောဆို 
               လောင်စာဆီ ထောက်ပံ့မှု ဖြတ်တောက်တဲ့ အမိန့်ဒီဂရီနဲ့ ပတ်သက်ပြီး မိုရီနိုနဲ့ တိုက်ရိုက်ဆွေးနွေးမှုလုပ်ဖို့ ယခုရက်မတိုင်ခင်က ၎င်းတို့ဆုံးဖြတ်ခဲ့ပေမယ့် ဒီကိစ္စဟာ စစ်တပ်ရဲ့ နှိမ်နင်းမှု ကြုံရနိုင်တယ်လို့ တိုင်းရင်းသားအုပ်စုက တွက်ဆခဲ့ပါတယ်။ ဥပဒေကို ဆန့်ကျင် ဆန္ဒပြမှုတွေကို Conaie အုပ်စုက ဦးဆောင်ခဲ့တယ်ဆိုပေမယ့် စနေနေ့က ကွီတိုမြို့တော်တဝန်းမှာ လက်သရမ်းဖျက်ဆီးမှုတွေ လုပ်ခဲ့တယ်ဆိုတာကိုတော့ ၎င်းတို့က ငြင်းဆိုပါတယ်။
      “တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ လုံခြုံဘေးကင်းရေးကို အာမခံချက် မပေးဘဲနဲ့တော့ စစ်မှန်တဲ့ ပြောဆိုဆွေးနွေးမှုဖြစ်လာမှာ မဟုတ်ဘူး” လို့ Conaie အဖွဲ့က တွစ်တာမှာ ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတရဲ့ အမိန့်ဒီဂရီကို ပြန်ရုပ်သိမ်းသွားစေရေး မိမိတို့ ချဉ်းကပ်လုပ်ဆောင်နေကြောင်း၊ သို့ပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ မိမိတို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ အစိုးရအနေနဲ့ လိုအပ်တဲ့ အာမခံချက်တွေ ဆောင်ရွက်ပေးဖို့ တိုက်တွန်းပါကြောင်း ၎င်းတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
              ဆန္ဒပြပွဲတွေကို ဘယ်အချိန် လုပ်ဆောင်သွားမယ် သို့မဟုတ် ကာဖျူး ထုတ်ထားတာကို အာခံဖီဆန်ပြီး လုပ်သွားမှာလားဆိုတာကိုတော့ တိတိကျကျ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ သမ္မတ မိုရီနိုကလည်း ကွီတိုမြို့မှာ ထုတ်ပြန်ထားတဲ့ ကာဖျူးရဲ့ အဆုံးသတ်ရက်ကို ပြောဆိုထားခြင်း မရှိပါဘူး။ 
Reuters
ကိုလင်း(အကုန်သိ သတင်းဌာန)
Zawgyi Version
               လောင်စာဆီ ထောက်ပံ့မှု ဖြတ်တောက်တဲ့ အမိန့် ဒီဂရီနဲ့ ပတ်သက်ပြီး မိုရီနိုနဲ့ တိုက်ရိုက်ဆွေးနွေးမှုလုပ်ဖို့  ယခုရက်မတိုင်ခင်က ၄င်းတို့ ဆုံးဖြတ်ခဲ့ပေမယ့် ဒီကိစ္စဟာ စစ်တပ်ရဲ့ နှိမ်နင်းမှု ကြုံရနိုင်တယ်လို့  တိုင်းရင်းသားအုပ်စုက တွက်ဆခဲ့ပါတယ်။ ဥပဒေကို ဆန့် ကျင် ဆန္ဒပြမှုတွေကို Conaie အုပ်စုက ဦးဆောင်ခဲ့တယ်ဆိုပေမယ့် စနေနေ့ က ကွီတိုမြို့တော်တ၀န်းမှာ လက်သရမ်းဖျက်ဆီးမှုတွေ လုပ်ခဲ့တယ်ဆိုတာကိုတော့ ၄င်းတို့ က ငြင်းဆိုပါတယ်။
Reuters
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။