Skip to main content
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပရန် မူအားဖြင့်သဘောတူညီ
Ads Block

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပရန် မူအားဖြင့်သဘောတူညီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကျင်းပရန် မူအားဖြင့်သဘောတူကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAO)၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးအပြီးတွင် ယင်းကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကျင်းပရန် မူအားဖြင့်သဘောတူပြီး PPST မှ ဖွဲ့စည်းပေးသည့် ညှိနှိုင်းရေး အဖွဲ့မှ JICM ကျင်းပရေးအတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပါရှိသည်။

ထိုဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်အပေါ်မူတည်ပြီး JICM ကျင်းပသွားရန် PPST မှ ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၅ ရက်၌ ကျရောက်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခဲ့သည့် (၄)နှစ်ပြည့်နှစ်ပတ်လည်နေ့ကို တိုင်းပြည်၏ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် အရေးကြီးသောသမိုင်းမှတ်တိုင်အဖြစ် လေးနက်စွာအသိ အမှတ်ပြုကြိုဆိုပြီး နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် NCA ကို တစိုက်မတ်မတ်အကောင်အထည်ဖော်ဆောင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

NCA (၄)နှစ်ပြည့်အခမ်းအနားကျင်းပရေးအတွက် NCA-S EAO ၏ အခမ်းအနားပူးတွဲကျင်းပရေး ကိုယ်စား လှယ်အဖွဲ့ကို PPST အစည်းအဝေးမှ ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကို အမြန်ဆုံးရပ်ဆိုင်း ပြီး ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းစေလိုကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို လည်း တိုက်တွန်းထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် NCA လက်မှတ်မထိုးရသေးသော ညီနောင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအားလုံး ပါဝင်လာရေးကိုလည်း မိမိတို့မှ ဦးတည်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဓာတ်ပုံ- NCA-S EAO

နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

Zawgyi Version

ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္အေကာင္အထည္ေဖာ္မႈဆိုင္ရာညွိႏႈိင္းအစည္းအေဝးက်င္းပရန္ မူအားျဖင့္သေဘာတူညီ

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညွိႏႈိင္းအစည္းအေဝး(JICM)က်င္းပရန္ မူအားျဖင့္သေဘာတူေၾကာင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔(PPST)က ထုတ္ျပန္ခဲ့သည္။

ထုိင္းႏုိင္ငံ၊ ခ်င္းမိုင္ၿမိဳ႕တြင္ ေအာက္တိုဘာလ ၁၀ ရက္မွ ၁၂ ရက္အထိ က်င္းပခဲ့ေသာ တစ္ႏုိင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ လက္မွတ္ေရးထုိးထားေသာ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား(NCA-S EAO)၏ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔(PPST) အစည္းအေဝးအၿပီးတြင္ ယင္းကဲ့သို႔ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အဆိုပါထုတ္ျပန္ခ်က္တြင္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညွိႏႈိင္းအစည္းအေဝး(JICM)က်င္းပရန္ မူအားျဖင့္သေဘာတူၿပီး PPST မွ ဖြဲ႔စည္းေပးသည့္ ညွိႏႈိင္းေရး အဖြဲ႔မွ JICM က်င္းပေရးအတြက္ အစိုးရကိုယ္စားလွယ္အဖြဲ႔ႏွင့္ ဆက္လက္ေဆြးေႏြးညွိႏႈိင္းသြားမည္ျဖစ္ေၾကာင္း ပါရွိသည္။

ထိုေဆြးေႏြးပြဲမွ ရရွိလာေသာ ရလဒ္အေပၚမူတည္ၿပီး JICM က်င္းပသြားရန္ PPST မွ ဆုံးျဖတ္ခ်က္ ခ်မွတ္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

ထို႔အျပင္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၁၅ ရက္၌ က်ေရာက္ေသာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA) လက္မွတ္ေရးထိုးခဲ့သည့္ (၄)ႏွစ္ျပည့္ႏွစ္ပတ္လည္ေန႔ကို တိုင္းျပည္၏ေရရွည္ တည္တံ့ခိုင္ျမဲေသာ ၿငိမ္းခ်မ္းေရးတည္ေဆာက္ရန္အတြက္ အေရးႀကီးေသာသမိုင္းမွတ္တိုင္အျဖစ္ ေလးနက္စြာအသိ အမွတ္ျပဳႀကိဳဆိုၿပီး ႏိုင္ငံေရးေဆြးေႏြးညွိႏႈိင္းမႈမ်ားမွတစ္ဆင့္ NCA ကို တစိုက္မတ္မတ္အေကာင္အထည္ေဖာ္ေဆာင္ရန္ ဆက္လက္ႀကိဳးပမ္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

NCA (၄)ႏွစ္ျပည့္အခမ္းအနားက်င္းပေရးအတြက္ NCA-S EAO ၏ အခမ္းအနားပူးတြဲက်င္းပေရး ကိုယ္စား လွယ္အဖြဲ႔ကို PPST အစည္းအေဝးမွ ဖြဲ႔စည္းတာဝန္ေပးခဲ့ေၾကာင္း ယင္းထုတ္ျပန္ခ်က္အရ သိရသည္။

ယင္းအျပင္ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ျဖစ္ပြားေနသည့္တိုက္ပြဲမ်ားကို အျမန္ဆုံးရပ္ဆိုင္း ၿပီး ၿငိမ္းခ်မ္းေသာနည္းျဖင့္ ေျဖရွင္းႏိုင္ရန္ ႀကိဳးပမ္းေစလိုေၾကာင္း သက္ဆိုင္ရာအဖြဲ႔အစည္းမ်ားအားလုံးကို လည္း တိုက္တြန္းထားသည္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားေဖာ္ေဆာင္ရာတြင္ NCA လက္မွတ္မထိုးရေသးေသာ ညီေနာင္တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႔အစည္းမ်ားအားလုံး ပါဝင္လာေရးကိုလည္း မိမိတို႔မွ ဦးတည္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

ဓာတ္ပုံ- NCA-S EAO

ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။