Skip to main content
ဂျပန် ကင်းလှည့်သင်္ဘောနဲ့ တိုက်မိကာ နစ်မြုပ်သွားခဲ့တဲ့ ငါးဖမ်းရေယာဉ်အတွက် လျော်ကြေးပေးဖို့ ဂျပန်ကို မြောက်ကိုရီးယား တောင်းဆို 
Ads Block

ဂျပန် ကင်းလှည့်သင်္ဘောနဲ့ တိုက်မိကာ နစ်မြုပ်သွားခဲ့တဲ့ ငါးဖမ်းရေယာဉ်အတွက် လျော်ကြေးပေးဖို့ ဂျပန်ကို မြောက်ကိုရီးယား တောင်းဆို 

                  ယခု သီတင်းပတ်အစောပိုင်းက ဂျပန် ကင်းလှည့် သင်္ဘောတစ်စင်းနဲ့ တိုက်မိကာ နစ်မြုပ်သွားခဲ့တဲ့ မြောက်ကိုရီးယား ငါးဖမ်းရေယာဉ်အတွက် ဂျပန်က လျော်ကြေးပေးဖို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက စနေနေ့မှာ တောင်းဆိုလိုက်တယ်လို့မြောက်ကိုရီးယား နိုင်ငံပိုင် မိဒီယာက ထုတ်ပြန်ပါတယ်။

ဂျပန် ကင်းလှည့်သင်္ဘောနဲ့ တိုက်မိကာ နစ်မြုပ်သွားခဲ့တဲ့ ငါးဖမ်းရေယာဉ်အတွက် လျော်ကြေးပေးဖို့ ဂျပန်ကို မြောက်ကိုရီးယား တောင်းဆို 

         ပြီးခဲ့တဲ့ တနင်္လာနေ့က ယင်းဖြစ်ရပ်ဟာ ဂျပန်ဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ဂိုဏ်းစတားဆန်ဆန် လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း နောင်မှာ အခုလို ဖြစ်ရပ်မျိုး မပေါ်ပေါက်စေဖို့တိုကျိုအစိုးရက ဆောင်ရွက်သင့်ကြောင်း KCNA က ဖော်ပြခဲ့တဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။

           မိမိတို့ ရေယာဉ် နစ်မြုပ်ကာ ရုပ်ဝတ္ထု့ပစ္စည်းတွေ ပျက်ဆီးဆုံးရှုံးခဲ့ရမှုအတွက် ဂျပန်အစိုးရက လျော်ကြေးပေးဖို့ မိမိတို့ ပြင်းပြင်းထန်ထန် တောင်းဆိုကြောင်း အမည်ဖော်ပြခြင်းမရှိတဲ့ ယင်း ပြောေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ ဒါ့အပြင် နောင် ဒီလိုဖြစ်ရပ်မျိုး ထပ်ဖြစ်လာခဲ့ရင် ကြိုမမြင်နိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်နဲ့ ဂျပန်နိုင်ငံ ရင်ဆိုင်ရမှာဖြစ်ကြောင်းလည်း ၎င်းက သတိပေးခဲ့ပါတယ်။

             ပြီးခဲ့တဲ့ တနင်္လာနေ့က ဂျပန် ကင်းလှည့်သင်္ဘောဟာ မြောက်ကိုရီးယား ငါးဖမ်းရေယာဉ်ကို ဂျပန်ရေပြင်ကနေ လိုက်မောင်းထုတ်ခဲ့စဉ် တိုက်မိခဲ့ကာ ငါးဖမ်းရေယာဉ် နစ်မြုပ်သွားခဲ့တာဖြစ်ပြီး ယင်း ရေယာဉ်ပေါ်မှ မြောက်ကိုရီးယား ရေလုပ်သား ၆၀ ခန့်ကို ကယ်ဆယ်ပေးခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ပြောဆိုခဲ့ပါတယ်။ 

CNA

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

ဂ်ပန္ ကင္းလွည့္သေဘၤာနဲ႕ တုိက္မိကာ နစ္ျမဳပ္သြားခဲ့တဲ့ ငါးဖမ္းေရယာဥ္အတြက္ ေလ်ာ္ေၾကးေပးဖုိ ့ ဂ်ပန္ကုိ ေျမာက္ကုိရီးယား ေတာင္းဆုိ

                  ယခု သီတင္းပတ္အေစာပုိင္းက ဂ်ပန္ ကင္းလွည့္ သေဘၤာတစ္စင္းနဲ႕ တုိက္မိကာ နစ္ျမဳပ္သြားခဲ့တဲ့ ေျမာက္ကုိရီးယား ငါးဖမ္းေရယာဥ္အတြက္ ဂ်ပန္က ေလ်ာ္ေၾကးေပးဖုိ ့ ေျမာက္ကုိရီးယား ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက စေနေန ့မွာ ေတာင္းဆုိလုိက္တယ္လုိ ့ေျမာက္ကုိရီးယား ႏုိင္ငံပုိင္ မိဒီယာက ထုတ္ျပန္ပါတယ္။

         ၿပီးခဲ့တဲ့ တနလၤာေန ့က ယင္းျဖစ္ရပ္ဟာ ဂ်ပန္ဘက္က ရည္ရြယ္ခ်က္ရွိရွိနဲ႕ ဂုိဏ္းစတားဆန္ဆန္ လုပ္ေဆာင္ခဲ့တာျဖစ္ေၾကာင္း ေနာင္မွာ အခုလုိ ျဖစ္ရပ္မ်ဳိး မေပၚေပါက္ေစဖုိ ့တုိက်ဳိအစုိးရက ေဆာင္ရြက္သင့္ေၾကာင္း KCNA က ေဖာ္ျပခဲ့တဲ့ ထုတ္ျပန္ခ်က္မွာ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူက ေျပာဆုိခဲ့ပါတယ္။

           မိမိတုိ ့ ေရယာဥ္ နစ္ျမဳပ္ကာ ရုပ္၀တၳဳ႕ပစၥည္းေတြ ပ်က္ဆီးဆုံးရႈံးခဲ့ရမႈအတြက္ ဂ်ပန္အစုိးရက ေလ်ာ္ေၾကးေပးဖုိ ့ မိမိတုိ ့ ျပင္းျပင္းထန္ထန္ ေတာင္းဆုိေၾကာင္း အမည္ေဖာ္ျပျခင္းမရွိတဲ့ ယင္း ေျပာေးဆုိခြင့္ရွိသူက ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ေနာင္ ဒီလုိျဖစ္ရပ္မ်ဳိး ထပ္ျဖစ္လာခဲ့ရင္ ႀကိဳမျမင္ႏုိင္တဲ့ ေနာက္ဆက္တြဲ အက်ဳိးဆက္နဲ႕ ဂ်ပန္ႏုိင္ငံ ရင္ဆုိင္ရမွာျဖစ္ေၾကာင္းလည္း ၄င္းက သတိေပးခဲ့ပါတယ္။

             ၿပီးခဲ့တဲ့ တနလၤာေန ့က ဂ်ပန္ ကင္းလွည့္သေဘၤာဟာ ေျမာက္ကုိရီးယား ငါးဖမ္းေရယာဥ္ကုိ ဂ်ပန္ေရျပင္ကေန လုိက္ေမာင္းထုတ္ခဲ့စဥ္ တုိက္မိခဲ့ကာ ငါးဖမ္းေရယာဥ္ နစ္ျမဳပ္သြားခဲ့တာျဖစ္ၿပီး ယင္း ေရယာဥ္ေပၚမွ ေျမာက္ကုိရီးယား ေရလုပ္သား ၆၀ ခန္႕ကုိ ကယ္ဆယ္ေပးခဲ့ေၾကာင္း ဂ်ပန္ကမ္းေျခေစာင့္တပ္က ေျပာဆုိခဲ့ပါတယ္။

CNA

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။