Skip to main content
အင်အားပြင်း တိုင်ဖွန်းကြောင့် ဂျပန်မှာ လူ ၁၀ ဦးသေဆုံးကာ ၁၆ ဦး ပျောက်ဆုံးနေ 
Ads Block

အင်အားပြင်း တိုင်ဖွန်းကြောင့် ဂျပန်မှာ လူ ၁၀ ဦးသေဆုံးကာ ၁၆ ဦး ပျောက်ဆုံးနေ 

                 ဂျပန်နိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့ပြီး တိုကျိုမြို့တော်ရဲ့ နေ့စဉ် လှုပ်ရှားသွားလာမှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ မြစ်တွေ ရေလျှံတက်ခဲ့ကာ အိမ်ခြေ သန်းဝက်လောက် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုကြုံခဲ့ရကြောင်း NHK သတင်းက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။

အင်အားပြင်း တိုင်ဖွန်းကြောင့် ဂျပန်မှာ လူ ၁၀ ဦးသေဆုံးကာ ၁၆ ဦး ပျောက်ဆုံးနေ 

              လုပ်ငန်းဆောင်တာတွေ တိတ်ဆိတ်သွားခဲ့တဲ့ တိုကျိုမြို့တော် ဝန်းကျင်ဒေသတစ်ခုဖြစ်တဲ့ ကန်တိုဒေသမှာ မိုးရွာသွန်းမှု၊ ရေကြီးမှု သတိပေးချက်တွေကို အာဏာပိုင်တွေက ပြန်ရုပ်သိမ်းခဲ့ကာ ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်တွက်ချက်ဖို  လုပ်ဆောင်နေကြပါတယ်။ မြို့တော်ရဲ့ မြောက်ပိုင်းဧရိယာတွေအတွက် ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို တနင်္ဂနွေနေ့မနက်ပိုင်းမှာ စတင်ရုပ်သိမ်းနေပါတယ်။

           တိုင်ဖွန်း ဟာဂီဘစ္စဟာ မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းကို ဝင်ရောက်မွှေနှောက်အပြီး တနင်္ဂနွေ ညနေပိုင်းမှာတော့ ပင်လယ်ပြင်သို့ ဦးတည်ရွေ့လျားသွားမယ်လို့ ခန့်မှန်းထားပါတယ်။

              ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ သက်ဆိုင်ရာ ဝန်ကြီးတွေကို ဆင့်ခေါ်ကာ အရေးပေါ် အစည်းအဝေးတစ်ခု လုပ်ခဲ့ပြီး မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ ဒေသတွေမှာ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုတွေလုပ်ဆောင်ဖို့ ဝန်ကြီးတွေကို စေလွှတ်ခဲ့ပါတယ်။ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း ဝန်ကြီးချုပ်က ဆိုခဲ့ကာ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံရေး လုပ်ဆောင်ခဲ့ပါကြောင်း ပြောဆိုပါတယ်။

          တိုကျိုမြို့ဝန်းကျင်က စီရင်စုဒေသတွေဖြစ်တဲ့ ချီဘာ၊ ဂန်မာ၊ ကန်နာဂါဝါနဲ့ ဖူကူရှီးမားတို့ အပါအဝင် ဒေသတွေမှာ သေဆုံးသူ ၁၀ ဦး ရှိခဲ့တယ်လို့ NHK က ဖော်ပြပါတယ်။ ယင်းတို့ထဲက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကိုဆိုရင် ကာဝါဆာကီမြို့က ရေမြုပ်နေတဲ့ တိုက်ခန်းတစ်ခုမှာ သေဆုံးလျက် တွေ့ခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့အထိ လူ ၁၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ဧရိယာအတော်များများက အခုထိ ရေတွေအောက်ရောက်နေဆဲဖြစ်လို့ ရေကျသွားတဲ့ နေရာတွေလောက်မှာသာ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး စတင်တွက်ချက်လို့ ရသေးကြောင်း NHK က ဆိုပါတယ်။

               နေအိမ် ၄၂၅၀၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်နေကြောင်း အစိုးရက ပြောဆိုခဲ့ကာ ပြီးခဲ့တဲ့လက တိုကျိုအရှေ့ပိုင်းကို တိုက်ခတ်ခဲ့တဲ့ အခြား တိုင်ဖွန်းတစ်ခုကြောင့် သီတင်းပတ်ချီ ဓါတ်အားပြတ်တောက်ခဲ့ပုံမျိုး နောက်တစ်ခါ ကြုံရမယ့်အရေး စိုးရိမ် ပူပန်မှုတွေဖြစ်နေပါတယ်။ 

CNA

ကိုလင်း(အကုန်သိ သတင်းဌာန)

Zawgyi Version

အင္အားျပင္း တုိင္ဖြန္းေၾကာင့္ ဂ်ပန္မွာ လူ ၁၀ ဦးေသဆုံးကာ ၁၆ ဦး ေပ်ာက္ဆုံးေန

                 ဂ်ပန္ႏုိင္ငံမွာ ဆယ္စုႏွစ္မ်ားစြာအတြင္း အျပင္းထန္ဆုံးျဖစ္ခဲ့တဲ့ တုိင္ဖြန္းမုန္တုိင္း ၀င္ေရာက္ခဲ့တာေၾကာင့္ လူ ၁၀ ဦး ေသဆုံးကာ ၁၆ ဦး ဒဏ္ရာရခဲ့ၿပီး တုိက်ဳိၿမိဳ႕ေတာ္ရဲ႕ ေန႕စဥ္ လႈပ္ရွားသြားလာမႈေတြ ရပ္ဆုိင္းသြားခဲ့ပါတယ္။ ျမစ္ေတြ ေရလွ်ံတက္ခဲ့ကာ အိမ္ေျခ သန္း၀က္ေလာက္ လွ်ပ္စစ္ဓါတ္အား ျပတ္ေတာက္မႈႀကဳံခဲ့ရေၾကာင္း NHK သတင္းက တနဂၤေႏြေန ့မွာ ေဖာ္ျပခဲ့ပါတယ္။

              လုပ္ငန္းေဆာင္တာေတြ တိတ္ဆိတ္သြားခဲ့တဲ့ တုိက်ဳိၿမိဳ႕ေတာ္ ၀န္းက်င္ေဒသတစ္ခုျဖစ္တဲ့ ကန္တုိေဒသမွာ မုိးရြာသြန္းမႈ၊ ေရႀကီးမႈ သတိေပးခ်က္ေတြကုိ အာဏာပုိင္ေတြက ျပန္ရုပ္သိမ္းခဲ့ကာ ပ်က္စီးဆုံးရႈံးမႈေတြကုိ အကဲျဖတ္တြက္ခ်က္ဖုိ  လုပ္ေဆာင္ေနၾကပါတယ္။ ၿမိဳ႕ေတာ္ရဲ႕ ေျမာက္ပုိင္းဧရိယာေတြအတြက္ ထုတ္ျပန္ထားတဲ့ သတိေပးခ်က္ေတြကုိ တနဂၤေႏြေန ့မနက္ပုိင္းမွာ စတင္ရုပ္သိမ္းေနပါတယ္။

           တုိင္ဖြန္း ဟာဂီဘစၥဟာ ေျမာက္ပုိင္း ေဟာ့ကုိင္းဒုိးကၽြန္းကုိ ၀င္ေရာက္ေမႊေႏွာက္အၿပီး တနဂၤေႏြ ညေနပုိင္းမွာေတာ့ ပင္လယ္ျပင္သုိ ့ ဦးတည္ေရြ႕လ်ားသြားမယ္လုိ ့ ခန္ ့မွန္းထားပါတယ္။

              ၀န္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘးဟာ သက္ဆုိင္ရာ ၀န္ႀကီးေတြကုိ ဆင့္ေခၚကာ အေရးေပၚ အစည္းအေ၀းတစ္ခု လုပ္ခဲ့ၿပီး မုန္တုိင္းဒဏ္ အဆုိး၀ါးဆုံးခံခဲ့ရတဲ့ ေဒသေတြမွာ သဘာ၀ေဘးဆုိင္ရာ စီမံခန္ ့ခြဲမႈေတြလုပ္ေဆာင္ဖုိ ့ ၀န္ႀကီးေတြကုိ ေစလႊတ္ခဲ့ပါတယ္။ ေသဆုံးခဲ့သူေတြရဲ႕ မိသားစု၀င္ေတြနဲ႕ ထပ္တူ၀မ္းနည္းေၾကကြဲရပါေၾကာင္း ၀န္ႀကီးခ်ဳပ္က ဆုိခဲ့ကာ အစုိးရအေနနဲ႕ ျပည္သူေတြရဲ႕ အသက္အုိးအိမ္စည္းစိမ္ေတြ လုံၿခဳံေရး လုပ္ေဆာင္ခဲ့ပါေၾကာင္း ေျပာဆုိပါတယ္။

          တုိက်ဳိၿမိဳ႕၀န္းက်င္က စီရင္စုေဒသေတြျဖစ္တဲ့ ခ်ီဘာ၊ ဂန္မာ၊ ကန္နာဂါ၀ါနဲ႕ ဖူကူရွီးမားတုိ ့ အပါအ၀င္ ေဒသေတြမွာ ေသဆုံးသူ ၁၀ ဦး ရွိခဲ့တယ္လုိ ့ NHK က ေဖာ္ျပပါတယ္။ ယင္းတုိ႕ထဲက အသက္ ၆၀ အရြယ္ အမ်ဳိးသားတစ္ဦးကုိဆုိရင္ ကာ၀ါဆာကီၿမိဳ႕က ေရျမဳပ္ေနတဲ့ တုိက္ခန္းတစ္ခုမွာ ေသဆုံးလ်က္ ေတြ႕ခဲ့တာျဖစ္ပါတယ္။ တနဂၤေႏြေန ့အထိ လူ ၁၆ ဦး ေပ်ာက္ဆုံးေနဆဲျဖစ္ၿပီး ဧရိယာအေတာ္မ်ားမ်ားက အခုထိ ေရေတြေအာက္ေရာက္ေနဆဲျဖစ္လုိ ့ ေရက်သြားတဲ့ ေနရာေတြေလာက္မွာသာ ပ်က္ဆီးဆုံးရႈံးမႈတန္ဖုိး စတင္တြက္ခ်က္လုိ ့ ရေသးေၾကာင္း NHK က ဆုိပါတယ္။

               ေနအိမ္ ၄၂၅၀၀၀ ခန္ ့ လွ်ပ္စစ္မီးျပတ္ေတာက္ေနေၾကာင္း အစုိးရက ေျပာဆုိခဲ့ကာ ၿပီးခဲ့တဲ့လက တုိက်ဳိအေရွ႕ပုိင္းကုိ တုိက္ခတ္ခဲ့တဲ့ အျခား တုိင္ဖြန္းတစ္ခုေၾကာင့္ သီတင္းပတ္ခ်ီ ဓါတ္အားျပတ္ေတာက္ခဲ့ပုံမ်ဳိး ေနာက္တစ္ခါ ႀကဳံရမယ့္အေရး စုိးရိမ္ ပူပန္မႈေတြျဖစ္ေနပါတယ္။

CNA

ကုိလင္း(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။