Skip to main content
ဒီမိုကရေစီအောက်မှ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ရေးစနစ်ကို ရဲရဲဝံ့ဝံ့မြေလှန်ပစ်ရန် လိုအပ်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော
Ads Block

ဒီမိုကရေစီအောက်မှ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ရေးစနစ်ကို ရဲရဲဝံ့ဝံ့မြေလှန်ပစ်ရန် လိုအပ်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

ဒီမိုကရေစီအောက်မှ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ရေးစနစ်ကို ရဲရဲဝံ့ဝံ့မြေလှန်ပစ်ရန် လိုအပ်ကြောင်း PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သော တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး သုံးရက်မြောက်နေ့(အ စည်းအဝေး နောက်ဆုံးနေ့)တွင် ၎င်းက ယင်းကဲ့သို့ ပြောသည်။

“တိုင်းပြည်တိုးတက်ဖို့ဆိုရင် မိမိတို့တိုင်းပြည်နဲ့အပ်စပ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးရပါမယ်။ ဒီမို ကရေစီအောက်က အာဏာရှင်ဆန်ဆန် အုပ်ချုပ်ရေးစနစ်ကို ရဲရဲဝံ့ဝံ့မြေလှန်ပစ်ဖို့ လိုအပ်ပါတယ်။ မလေးရှားနဲ့ စင်္ကာပူတို့ဟာ မိမိတို့တိုင်းပြည်ထက် လွတ်လပ်ရေးရတာ နောက်ကျပေမယ့် နိုင်ငံရေးစနစ်အရွေးမှန်ခဲ့လို့ ယနေ့ ဆိုရင် ကမ္ဘာနဲ့ အစစအရာရာ ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံတွေဖြစ်နေကြပါတယ်” ဟု PPST ၏ ယာယီအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

တန်းတူညီမှု၊ တရားမျှတမှု၊ ယုံကြည်မှု၊ အပြန်အလှန်လေးစားအသိအမှတ်ပြုမှု၊ နိုင်ထက်စီးနင်းခြင်းမရှိမှု၊ အ သာစီးရယူလိုခြင်းကင်းမဲ့မှု၊ သမာသမတ်ကျမှု၊ စာနာထောက်ထားမှုတို့နှင့် လုပ်ဆောင်လျှင် ပန်းတိုင်သို့ စောစီး စွာ ရောက်ရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ပြန်မလှည့်ဖို့အတွက် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းထိန်းသိမ်းရပါမယ်။ အစိုး ရ၊ တပ်မတော်တို့က ထိုက်သင့်တဲ့ အလျှော့အတင်းတွေ ပြုလုပ်ဖို့ လိုအပ်သလို ကျွန်တော်တို့ EAO တွေလည်း နှစ်ဦးနှစ်ဖက်အတွက် မျှမျှတတဖြစ်စေရေးကို ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးပျက်သွားရင် တိုင်းပြည်လည်း ဆင်းရဲသထက် ဆင်းရဲပြီး ဆင်းရဲတွင်းနက်ထဲမှ ပြန်မထွက်နိုင်မှာကို စိုးရိမ်မိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါအစည်းအဝေးအပြီးတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၅ ရက်၌ ကျရောက်သော တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခဲ့သည့် (၄)နှစ်ပြည့်နှစ်ပတ်လည်နေ့ကို တိုင်းပြည်၏ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် အရေးကြီးသော သမိုင်းမှတ်တိုင် အဖြစ် လေးနက်စွာအသိအမှတ်ပြုကြိုဆိုပြီး နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် NCA ကို တစိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအပါအဝင် ၇ ချက်ပါ ထုတ်ပြန်ချက်တစ်ရပ်အား ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA/PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားဒီမို ရေစီအကျိုးပြုတပ်မတော်(DKBA )မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ဖြစ်သည်။

ဓာတ်ပုံ- NCA-S EAO

နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

Zawgyi Version

ဒီမိုကေရစီေအာက္မွ အာဏာရွင္ဆန္ဆန္ အုပ္ခ်ဳပ္ေရးစနစ္ကို ရဲရဲဝံ့ဝံ့ေျမလွန္ပစ္ရန္ လိုအပ္ဟု ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ေျပာ

ဒီမိုကေရစီေအာက္မွ အာဏာရွင္ဆန္ဆန္ အုပ္ခ်ဳပ္ေရးစနစ္ကို ရဲရဲဝံ့ဝံ့ေျမလွန္ပစ္ရန္ လိုအပ္ေၾကာင္း PPST ၏ ယာယီအဖြဲ႔ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာသည္။

ထုိင္းႏုိင္ငံ၊ ခ်င္းမိုင္ၿမိဳ႕တြင္ ေအာက္တိုဘာလ ၁၀ ရက္မွ ၁၂ ရက္အထိ က်င္းပခဲ့ေသာ တစ္ႏုိင္ငံလံုးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ လက္မွတ္ေရးထုိးထားေသာ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း မ်ား(NCA-S EAO)၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔(PPST) အစည္းအေဝး သံုးရက္ေျမာက္ေန႔(အ စည္းအေဝး ေနာက္ဆံုးေန႔)တြင္ ၎က ယင္းကဲ့သို႔ ေျပာသည္။

“တိုင္းျပည္တိုးတက္ဖို႔ဆိုရင္ မိမိတို႔တိုင္းျပည္နဲ႔အပ္စပ္တဲ့ ဖက္ဒရယ္ဒီမိုကေရစီစနစ္ကို က်င့္သုံးရပါမယ္။ ဒီမို ကေရစီေအာက္က အာဏာရွင္ဆန္ဆန္ အုပ္ခ်ဳပ္ေရးစနစ္ကို ရဲရဲဝ့ံဝံ့ေျမလွန္ပစ္ဖို႔ လိုအပ္ပါတယ္။ မေလးရွားနဲ႔ စကၤာပူတို႔ဟာ မိမိတို႔တိုင္းျပည္ထက္ လြတ္လပ္ေရးရတာ ေနာက္က်ေပမယ့္ ႏိုင္ငံေရးစနစ္အေရြးမွန္ခဲ့လို႔ ယေန႔ ဆိုရင္ ကမၻာနဲ႔ အစစအရာရာ ရင္ေပါင္တန္းႏိုင္တဲ့ ႏိုင္ငံေတြျဖစ္ေနၾကပါတယ္” ဟု PPST ၏ ယာယီအဖြဲ႔ေခါင္း ေဆာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာသည္။

တန္းတူညီမႈ၊ တရားမွ်တမႈ၊ ယုံၾကည္မႈ၊ အျပန္အလွန္ေလးစားအသိအမွတ္ျပဳမႈ၊ ႏိုင္ထက္စီးနင္းျခင္းမရွိမႈ၊ အ သာစီးရယူလိုျခင္းကင္းမဲ့မႈ၊ သမာသမတ္က်မႈ၊ စာနာေထာက္ထားမႈတို႔ႏွင့္ လုပ္ေဆာင္လွ်င္ ပန္းတိုင္သို႔ ေစာစီး စြာ ေရာက္ရွိမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာသည္။

“ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေနာက္ျပန္မလွည့္ဖို႔အတြက္ ကြ်န္ေတာ္တို႔အားလုံး ဝိုင္းဝန္းထိန္းသိမ္းရပါမယ္။ အစိုး ရ၊ တပ္မေတာ္တို႔က ထိုက္သင့္တဲ့ အေလွ်ာ့အတင္းေတြ ျပဳလုပ္ဖို႔ လိုအပ္သလို ကြ်န္ေတာ္တို႔ EAO ေတြလည္း ႏွစ္ဦးႏွစ္ဖက္အတြက္ မွ်မွ်တတျဖစ္ေစေရးကို ႀကိဳးပမ္းေဆာင္ရြက္ရမွာျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးပ်က္သြားရင္ တိုင္းျပည္လည္း ဆင္းရဲသထက္ ဆင္းရဲၿပီး ဆင္းရဲတြင္းနက္ထဲမွ ျပန္မထြက္ႏိုင္မွာကို စိုးရိမ္မိပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါအစည္းအေဝးအၿပီးတြင္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၁၅ ရက္၌ က်ေရာက္ေသာ တစ္ႏိုင္ငံလုံးပစ္ ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) လက္မွတ္ေရးထိုးခဲ့သည့္ (၄)ႏွစ္ျပည့္ႏွစ္ပတ္လည္ေန႔ကို တိုင္းျပည္၏ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးတည္ေဆာက္ရန္အတြက္ အေရးႀကီးေသာ သမိုင္းမွတ္တိုင္ အျဖစ္ ေလးနက္စြာအသိအမွတ္ျပဳႀကိဳဆိုၿပီး ႏိုင္ငံေရးေဆြးေႏြးညွိႏႈိင္းမႈမ်ားမွတစ္ဆင့္ NCA ကို တစိုက္မတ္မတ္ အေကာင္အထည္ေဖာ္ေဆာင္ရန္ ဆက္လက္ႀကိဳးပမ္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းအပါအဝင္ ၇ ခ်က္ပါ ထုတ္ျပန္ခ်က္တစ္ရပ္အား ထုတ္ျပန္ခဲ့သည္။

လက္ရွိတြင္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ားမွာ ကရင္အမ်ဳိး သားအစည္းအရံုုး(KNU)၊ ခ်င္းအမ်ဳိးသားတပ္ဦး(CNF)၊ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ားဒီမိုကရက္တစ္ တပ္ဦး(ABSDF)၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ(KNLA/PC)၊ ပအို၀္းအမ်ဳိးသားလြတ္ေျမာက္ေရးအဖြဲ႔ခ်ဴပ္(PNLO)၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ(ALP)၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)၊ ကရင္အမ်ဳိးသားဒီမို ေရစီအက်ိဳးျပဳတပ္မေတာ္(DKBA )မြန္ျပည္သစ္ပါတီ(NMSP)ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအရံုး(LDU)တို႔ ျဖစ္သည္။

ဓာတ္ပုံ- NCA-S EAO

ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။